Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဗေဒင်ကိစ္စ ငြင်းခုံရာမှ ဗေဒင်ဆရာဓားထိုးခံရ

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရွာသာကြီး သားသတ်ရုံ စည်ပင်လိုင်းခန်း ရှေ့တွင် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က ဗေဒင်ကိစ္စ ငြင်းခုံရာမှ အသက် ၄၄ နှစ်အရွယ် ဗေဒင်ဆရာ ဦးအောင်လွင်ကို အသားထုတ်ဌာနခွဲ (ဝက်) နေ့စား စည်ပင်ဝန်ထမ်းနှင့် အခြားအမျိုးသား တစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ဗေဒင်ကိစ္စ ငြင်းခုံစဉ် စည်ပင် အသားထုတ်ဌာနခွဲ (ဝက်) နေ့စား စည်ပင်ဝန်ထမ်း အသက် ၃၀ အရွယ် ကိုအရှည်ကြီးက ယူလာသော အရှည်တစ်ပေခန့်ရှိ ဝါးရိုးတပ်ဓားဖြင့် ဗေဒင်ဆရာ ကိုထိုးခဲ့ပြီး သီဟဆိုသူက ကိုအရှည်ကြီးထံမှ ဓားကိုလုကာ ဗေဒင်ဆရာကို ထပ်မံထိုးခဲ့သဖြင့် ဘယ်လက်ချောင်း များတွင် ပြတ်ရှဒဏ်ရာများနှင့် လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဗေဒင်ဆရာ၏ တူဖြစ်သူ တိုင်တန်းချက်အရ သိရှိရသည်။
အဆိုပါ ဗေဒင်ဆရာမှာ မန္တလေးမြို့ အမရပူရမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး တူဖြစ်သူ စည်ပင်ဝန်ထမ်း နေအိမ်သို့ အလည်ရောက်ရှိနေစဉ် ဓားထိုးခံရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဗေဒင်ဆရာမှာ ရရှိခဲ့သော ဒဏ်ရာများကြောင့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသနေရပြီး ဒဏ်ရာအခြေအနေမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း၊ ယင်းကဲ့သို့ ဗေဒင်ဆရာကို ဓားဖြင့်ထိုးသူဟု တိုင်ကြားခံရသူနှစ်ဦးကို (ပ) ၇၈/၁၄၊ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
  By The Voice Weekly

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB