မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
နန်းမြတ်ဖြိုးသင်းနဲ့ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု
နန်းမြတ်ဖြိုးသင်းလို့ဆိုလိုက်တာနဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတအနုပညာဘက်မှာပါ အနုပညာခြေလှမ်းသွက်သွက်နဲ့ လျှောက်လှမ်းလာသူလေးမှန်း အားလုံးသိပြီးဖြစ်မှာပါ။ သူမဟာ ခုဆိုရင် ဗီဒီယိုဇာတ်ကားတွေ၊ ကြော်ငြာနဲ့ ဗီစီဒီတွေမှာ ပါဝင်သရုပ်ဆောင်လာသူဖြစ်ပြီး ဂီတလောကမှာလည်း နေရာတစ်နေရာ ရအောင်ကြိုးစားနေသူပါ။ သူမနဲ့တွေ့ဆုံဖြစ်ခိုက် လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း မေးကြည့်တဲ့အခါ သူမက ‘ခု နန်းမြတ် ကိုဖြိုးငွေစိုးနဲ့ ၀ိဥာဉ်ကယ်တင်ကြသူများဆိုတဲ့ ကားလေးရိုက်ပါမယ။် အဲ့ဒီကားထဲမှာ ကိုဖြိုးနဲ့နန်းမြတ်နဲ့ ကချစ်သူတွေပေါ့။ အရမ်းချစ်ကြတယ်။ နန်းမြတ်က သေသွားပြီးတော့ ကိုဖြိုးနားမှာ စောင့်ရှောက်တဲ့ ၀ိဥာဉ်ဆန်ဆန် ဇာတ်ကားလေးပေါ့။ ဂီတလှုပ်ရှားမှုအနေနဲ့ကတော့ နန်းမြတ် မကွေးတိုင်း စောမှာ သီချင်းသွားဆိုပါမယ်’တဲ့။
ခင်ဆွေသက်/By Trend Myanmar
မြိတ်တွင် ပြင်လက်စ ကားပိမိ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ
ကလွင်ကျေးရွာအုပ်စု၊ ယာယီ အဝေးပြေးကားဝင်းအနောက် မြိတ်လေ တပ်စခန်းဌာနချုပ်အနီး မြို့ပတ်(၂)လမ်း ရှိ သန့်ဇင်ကုန်စည်ပို့ဆောင်ရေးကားဂိတ် ရှေ့တွင် အဆိုပါယာဉ်လိုင်း ဆယ်ဘီးတပ် ကုန်တင်ယာဉ်၏အရှေ့ပိုင်းအလေးကို ပြန် တင်စဉ် တုံးပြုတ်ထွက်သွားပြီး ယင်းသို့ပိမိ ခြင်းဖြစ်ကြောင်း ယင်းကုန်စည်ပို့ဆောင်ရေး မှ တာဝန်ခံ ဦးသန့်ဇင်ဦးက ပြောသည်။
(၇) တန်းကျောင်းသူနှစ်ယောက် အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ် ပြုကျင့်ခံရ
ဂန့်ဂေါ၊ မဇ္ဈိမ။ ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊
ခေါက်ခူကျေးရွာတွင် အသက်(၇၀)ကျော် အမျိုးသားကြီးတစ်ဦးက (၇)တန်းကျောင်းသူ
နှစ်ယောက်ကို အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ် ပြုကျင့်ခဲ့သည့်အတွက်
ဂန့်ဂေါမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက
ပြောသည်။
ထိုသို့ အမှုဖွင့်အရေးယူခဲ့ခြင်းမှာ ဖေဖော်ဝါရီ ၆ ရက် ည ၈ နာရီအချိန်က သားမယားအဖြစ် ပြုကျင့်ခံခဲ့ရခြင်းဖြစ်ပြီး ကျောင်းသူမလေး၏ မိခင်ဖြစ်သူမှ ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
ခေါက်ခူကျေးရွာ အောင်မင်္ဂလာဘုန်းကြီးကျောင်း၏ ကျောင်းမုခ်ဦးအား ဆေးသုတ်ရန် ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသူ ထီးလင်မြို့ အမှတ်(၂) စည်ပင်သာယာရပ်ကွက်က အသက်(၇၀)ကျော်ရှိ ဦးကျော်ခင်ဆိုသူမှ သက်(၁၃)နှစ်အရွယ်သာရှိသေးသည့် သတ္တမတန်းကျောင်းသူနှစ်ဦးကို အပင်းချပေးရန်ဟုဆိုကာ ဘုန်းကြီးကျောင်းသို့လာရန် ချိန်းဆိုခေါ်ခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းတွင် မိခင်ဖြစ်သူက ထွက်ဆိုထားသည်။
ယာဉ်ထိန်းရဲတစ်ဦးကို မိသားစုလိုက် ၀ိုင်းရိုက်သည်ဟုဆိုကာ အမှုဖွင့်ထား
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မီးပွိုင့်တစ်ခုတွင်
တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတစ်ဦးကို ယခင်ပြဿနာဖြစ်ပွားခဲ့သည့်
ယာဉ်မောင်းက ဖေဖော်ဝါရီ ၁၀ ရက်တွင် မိသားစုနှင့်အတူ ရောက်ရှိလာပြီး
ဝိုင်းဝန်းရိုက်နှက်သဖြင့် တစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၆ ရက်က
အမှုဖွင့်တိုင်ကြားထားသည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါအမှုကို မင်္ဂလာတောင်ညွန့်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၂၈)မှ
ရဲတပ်ကြပ်ကြီး သောင်းဒန်က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်ဟု
တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။
၎င်းင်းသည် သိမ်ဖြူလမ်းနှင့် ကန်ပတ်လမ်းထောင့်ရှိ မီးပွိုင့်တွင် တာဝန်ထမ်းဆောင်စဉ် ဖေဖော်ဝါရီ ၉ ရက် တွင် ၉ဃ /----တိုယိုတာ Wave အနက်ရောင် အမျိုးအစားကားမှာ သိမ်ဖြူလမ်းဘက်သို့ ကွေ့ရမည့် ညာ ဘက်အစွန်ဆုံး ဖရီးလမ်းကြောမှ၍ ညာဘက်သို့မကွေ့ဘဲ ရှေ့တည့်တည့် သို့ မောင်းနှင်ခဲ့သည်ဟုလည်း တရားလိုက လူမှုကွန်ရက်မီဒီယာတစ်ခုတွင် ဖော်ပြ ထားသည်။

၁၂ နှစ်နှင့် ၁၆ နှစ် အမျိုးသမီးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်းဖြစ်ပွား
အသက် ၁၂ နှစ်နှင့် ၁၆ နှစ်ရှိ အမျိုးသမီးငယ်နှစ်ဦး
အဓမ္မပြုကျင့်ခံရမှု ဖေဖော်ဝါရီ ၁၅ ရက် တစ်ရက်တည်း ဖြစ်ပွားခဲ့သည်ဟု
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
ပထမတစ်မှုမှာ ဒလမြို့နယ်တွင် ၁၂ နှစ်အရွယ် ကလေးငယ်အား ပထွေးတော်စပ်သူက
အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ပြီး ဓမ္မတာမဟုတ်သော နည်းလမ်းများဖြင့်ပါ အဓမ္မပြု
ကျင့်ခံထားရသည်ဟု ကလေးငယ်၏ အဒေါ်ဖြစ်သူက ရဲစခန်းတွင်
ထွက်ဆိုတိုင်တန်းထားသည်။
ဖြစ်စဉ်တွင် မိခင်ဖြစ်သူ ကလေးမီးဖွားရန် ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ သွား ရောက်နေစဉ် မွန်းလွဲ ၂ နာရီတွင် နေအိမ်တွင် အိပ်နေသည့် ၁၂ အမျိုးသမီးငယ်ကို ပထွေးဖြစ်သူ အောင်လင်းထွန်း(ခ)အိစွပ် (၃၃)နှစ်က ပုံမှန်အပြင် ဓမ္မတာမဟုတ်သော နည်းလမ်းဖြင့်ပါ သားမယားအဖြစ် ဆက်ဆံခဲ့သည်ဟု ဆိုထားသည်။
ထို့ပြင် လွန်ခဲ့သည့် တစ်လခန့်ကလည်း ယင်းကဲ့သို့ပင် ပုံမှန်အပြင် ဓမ္မတာမဟုတ်သော နည်းလမ်းဖြင့် သားမယားပြုကျင့်ခဲ့သည့်အပြင် မည်သူ့ကိုမျှ မပြောရန်နှင့် ပြောပါက တုတ်နှင့်ရိုက်၊ လက်သီးဖြင့် ထိုးမည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟုလည်း ရဲအား ထွက်ဆိုတိုင်တန်းထားသည်။

Subscribe to:
Posts (Atom)
| No | Title | Singer | Listen/Download | Size |
|---|---|---|---|---|
| 1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
| 2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
| 3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
| 4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
| 5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
| 6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
| 7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
| 8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
| 9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
| 10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
| 11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
| 12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |