မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
Mar292014
မူးယစ်ဆေးဝါး၊ လက်ပစ်ဗုံးနှင့် ကျည်ဆံများ ဖမ်းဆီးရမိ
၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာအုပ်စု၊ အေးချမ်းသာယာရပ်ကွက်၊ တမံဦး မုခ်ဝတွင် ရွာပြင်ပတ်လမ်းအတိုင်းမောင်းနှင်လာသည့် ၂၉ယ/xxxxxWave-110 အစိမ်းရောင်ဆိုင်ကယ်အား စစ်ဆေးရာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီး စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ရွှေတောင်ရပ်ကွက်နေ ဖေအေး(ခ)ထွန်းပါ(၄၂)နှစ်ဖြစ်ကြောင်း သိရှိရပြီး ၎င်း၏ခါးတွင်ပတ်ထားသည့် ဂျင်းအိတ်အတွင်းမှ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၂၉၇)ပြား၊ တန်ဘိုးငွေကျပ်(၁၀.၃၉၅)သိန်း၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်ဆံ ၄ တောင့်၊ ဓါး ၁ ချောင်းနှင့် ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်စစ်ဆေးချက်အရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မင်းလမရပ်ကွက်၊ အေကရင်ကျောင်းလမ်းနေ စောစံမြင့်(ခ)ဖိုးတူ(၅၈)နှစ်ထံမှ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရ၍ စုံစမ်းဖမ်းဆီးရာ စောစံမြင့်(ခ)ဖိုးတူအား ကော့ကရိတ်မြို့အ၀င် ဆီဆိုင်ရှေ့တွင် ဖမ်းဆီးရမိခဲ့ သောကြောင့် ဖေအေး(ခ)ထွန်းပါနှင့် စောစံမြင့်(ခ)ဖိုးတူတို့ ၂ ဦးအား အိန္ဒုမြို့မရဲစခန်း မယ(ပ)၅/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။
ရဲဇာနည်
Subscribe to:
Post Comments (Atom)
No | Title | Singer | Listen/Download | Size |
---|---|---|---|---|
1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |
No comments:
Post a Comment