Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ရုရှက စစ်ကြေညာနေတာလို့ ယူကရိန်း အစိုးရသစ်ပြော

ရုရှနိုင်ငံဟာ ယူကရိန်းနိုင်ငံကို စစ်ကြေညာနေတယ်လို့ ယူကရိန်း ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် Arseniy Yatsenyuk အာဆန်နီ ယာဆန်ယုက စွပ်စွဲပြောကြားခဲ့ပြီး ရုရှစစ်တပ်ကို ပြန်ရုတ်ဖို့ သမ္မတပူတင်ကို သူက တိုက်တွန်းလိုက်ပါတယ်။
ရုရှနဲ့ ယူကရိန်းကြား သဘောတူ လက်မှတ်ထိုးထားတဲ့ အပြန်အလှန် သဘောတူညီချက်တွေနဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ရုရှားစစ်တပ်ရုတ်သိမ်းဖို့ တိုက်တွန်ကြောင်း ယူကရိန်းကြားဖြတ် အစိုးရ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
ယူကရိန်တပ်ဖွဲ့တွေကတော့ စတိုက်မှာ မဟုတ်ပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေကို အပြည့်အဝတိုက်ပွဲဝင်ဖို့ အသင့်အနေအထား တပ်လှန့်ထားပြီး အရံတပ်ဖွဲ့ဝင်တွေကို ခေါ်ယူထားတယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။
ခရိုင်မီးယား ဒေသမှာ အဝိုင်းခံနေရတဲ့ ယူကရိန်းတပ်ဖွဲ့ ၃ ခုကို ထွက်ပေါက်ပေးဖို့ ယူကရိန်းအာဏာပိုင်တွေ က တောင်းဆိုနေပါတယ်။
ခရိုင်မီးယားက Feodosia ဒေသမှာရှိတဲ့ ကမ်းတက်တပ်ဖွဲ့အခြေစိုက်စခန်းကို ရုရှလိုလားတဲ့ ခရိုင်းမီးယားဒေ သခံ လူအုပ်စုတခုက ဝိုင်းထားပြီး ခရိုင်မီးယားဒေသ အစိုးရ အဖွဲ့သစ်ကို သစ္စာခံဖို့ တောင်းဆိုနေကြပါတယ်။
ခရိုင်မီးယားကျွန်ဆွယ်မှာ ရုရှစစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ပိုရှိနေပြီး ကမ်းလွန်ပင်လယ်ပြင်မှာ စစ်သင်္ဘ࿿ောတွေကို လည်း တွေ့နေရတယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံနယ်စပ်အနီး ရုရှဘက်ခြမ်းမှာ ရုရှစစ်သားတွေ ကတုတ်ကျင်းတွေ တူးနေတာကို ဘီဘီစီ သတင်းထောက် က မြင်တွေ့ခဲ့ရပါတယ်။
နေတိုးအဖွဲ့ကတော့ ခရိုင်မီးယာမှာ ရုရှားတို့ရဲ့ စစ်ရေးလှုပ်ရှားမှုဟာ ဥရောပ လုံခြုံရေးနဲ့ ငြိမ်းချမ်းမှုကို ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ရုရှားတို့ဟာ G 8 စက်မှု ထိပ်သီး၈ နိုင်ငံ အဖွဲ့ဝင် နိုင်ငံအဖြစ်ကို ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB