Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ငမိုးရိပ်ချောင်းစပ်က အမျိုးသမီးအလောင်း သွေးရိုးသားရိုးသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနေ

နေအိမ်တွင် မိခင်ဖြစ်သူနှင့် အတူအိပ်စက်နေသည့် အမျိုးသမီးတစ်ဦး ရုတ်တရက်ပျောက်ဆုံးသွားပြီး ငမိုးရိပ်ချောင်းအတွင်း သေဆုံးလျက် ပြန်လည်တွေ့ရှိမှုကို ဒဂုံတောင်ရဲစခန်းက ဓမ္မတာတိုင်းသေဆုံးခဲ့ရ ခြင်း ဟုတ်မဟုတ် ဖေဖော်ဝါရီ ၂၄ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။
ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီခွဲခန့်က ဒဂုံတောင်မြို့နယ် (၂၃) ရပ်ကွက်၊ မင်းနန္ဒာလမ်းနှင့် ကျိုင်းတုံ လမ်းထိပ်၊ ငမိုးရိပ်ချောင်းကမ်းစပ်တွင် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းအရ မြို့ နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးနေသူသည် ဒဂုံတောင်မြို့နယ် (၂၃)ရပ်ကွက်၊ နှင်းဆီလမ်း၊ အမှတ် (၂၅၁)နေ (၂၁)နှစ်ရှိ မနုနုမာ ဖြစ်ပြီး ရွှံ့နွံများပေါ်တွင် ပက်လက်အနေအထားဖြင့် ပြင်ပဒဏ်ရာမရှိဘဲ ပုပ်ပွသေဆုံးလျက်တွေ့ရှိခြင်းဖြစ် သည်ဟု ရဲတပ်ဖွဲ့ကအတည်ပြုထားသည်။

သေဆုံးသူသည် ခင်ပွန်းဖြစ်သူ ကိုဝဏ္ဏကျော် ဆေးရုံတက်နေခိုက် မိခင်ဖြစ်သူနှင့်အတူ အိပ်စက်နေစဉ် ဖေဖော်ဝါရီ ၂၁ ရက် ည ၁၂ နာရီအချိန်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦး စုံစမ်း သိရှိမှုကို ထုတ်ပြန်ထားသည်။
ယင်းနောက် မိသားစုများလိုက်လံရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က သေဆုံးသူ၏ ခင်ပွန်းကိုဝဏ္ဍကျော်သည် ငမိုးရိပ်ချောင်းကမ်းဘေး တံတားတစ်ခုပေါ်တွင် မနုနုမာ၏ဖိနပ် တစ်ဖက်တွေ့ ရာမှတစ်ဆင့် တံတားနှင့် ကိုက် (၁၀၀)ခန့်အကွာ ချောင်းကမ်းစပ် ရွှံ့နွံပေါ်တွင် သေဆုံးသူကို ပြန်လည် တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါ အလောင်းကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်စစ်ဆေးလျက်ရှိပြီး ဓမ္မတာတိုင်း သေဆုံးခဲ့ရခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးဖော်ထုတ်ပေးရန် ဒု-ရဲအုပ်သောင်းရှုက တရားလိုပြုလုပ် တိုင်တန်းထားပြီး ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၄ဖြင့် အမှုဖွင့်ပြီး စခန်းမှူးဖြစ်သည့် ဒု-ရဲမှူး အောင်ဆန်းဦးက စစ်ဆေးဆောင်ရွက်နေသည်။

ဇော်ဇော်ထွေး  /mizzimaburmese

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB