Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ပဋိပက္ခဖြေရှင်းနိုင်အောင် ဥပဒေပြဌာန်းရတာ လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဥပဒေပြဌာန်းတယ်ဆိုတာ လူတွေအချင်းချင်းကြားထဲ ပဋိပက္ခတွေ နည်းနိုင်သမျှနည်းအောင်နဲ့ ရှိတဲ့ပဋိပက္ခတွေကိုလည်း အေးအေးချမ်းချမ်း နဲ့ ဖြေရှင်းနိုင်အောင် ပြဌာန်းတာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ဥပဒေ ကျောင်းသူကျောင်းသားတွေ နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

ဒီနေ့ ပြည်ထောင်စု လွှတ်တော်ကို လေ့လာခဲ့ကြတဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုန်တက္ကသိုလ် ဥပဒေဌာနက ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေ နဲ့တွေ့ဆုံစဉ်မှာ  ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။


"ဥပဒေဆိုတာ ဘာဖြစ်လို့ ပြဌာန်းရသလဲဆိုရင် အချင်းချင်းကြားမှာ ပဋိပက္ခနည်းနိုင်သလောက် နည်းအောင် ရှိတဲ့ပဋိပက္ခကို အေးအေး ချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ခြုံငုံပြောရမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းတစ်ခုကို အေးချမ်း သာယာအောင် ထိန်းသိမ်းတာ"

ဒါ့အပြင် ဥပဒေတွေဆိုတာ အစိုးရအတွက်ပဲဆိုပြီး မြန်မာနိုင်ငံမှာ အရိုးစွဲသလို လက်ခံထားကြကြောင်းနဲ့ တကယ်တော့ ဥပဒေဟာ လူမှုအသိုင်းအ၀ိုင်းတစ်ခုလုံးနဲ့ သက်ဆိုင်တာဖြစ်ကြောင်းအပြင် ဥပဒေဆိုတာ အပြစ်ပေးဖို့မဟုတ်ဘဲ ပညာပေးဖို့အတွက်သာ ဖြစ်ကြောင်းလည်း ဥပဒေ ကျောင်းသူ ကျောင်းသားတွေ ကို ပြောခဲ့ပါတယ်။

ဒဂုံတက္ကသိုလ် ဥပဒေပညာဌာနက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ စုစုပေါင်း ၁၅၀ လောက် ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို လာရောက်လေ့လာစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB