အိမ်မှာ စတူဒီယို အသေးစားလေး လုပ်ပြီး
သီချင်း တစ်ပုဒ်လုံးကို ကိုယ်တိုင် Arrangement လုပ်လေ့ရှိတဲ့ ဟစ်ဟော့ပ်
အဆိုတော် ကျော်ထွဋ်ဆွေက စတူဒီယို အကြီး စား လုပ်ဖို့ အစီအစဉ် ရှိကြောင်း
ပြောပါတယ်။ သူ လုပ်ဖြစ်မယ့် စတူဒီယိုနဲ့ ပတ်သက်ပြီး ကျော်ထွဋ်ဆွေက
“ကျွန်တော်စတူဒီ ယို လုပ်ချင်တာ။ နောက်နှစ်လောက် လုပ်ဖြစ်မှာပါ။ စတူဒီယို
ကနေလုပ်ပြီး ထပ်မံ တိုးချဲ့ရင်းကနေ Entertainment ပိုင်း အထိ လုပ်ဖို့
ရည်ရွယ်ထားပါ တယ်။ နာမည် ကိုလည်း RUN YGN နာမည်နဲ့ပဲ လုပ်သွားမှာပါ” လို့
ပြောပါတယ်။ “ရပ်ကွက်ထဲက အရူး” အမ်တီဗီ ကိုလည်း မတ်လဆန်းလောက် ထွက်နိုင်တော့
မှာဖြစ်ကြောင်းလည်း ကျော်ထွဋ်ဆွေ က ပြောပါ တယ်။ Hello Music Thingyan
အခွေထဲမှာ ကျော်ထွဋ်ဆွေ က စန္ဒီမြင့်လွင် နဲ့အတူ “လေထဲက မဏ္ဍပ်” သီချင်းကို
ပါဝင် သီဆိုထားပါတယ်။ အဲဒီသီချင်းနဲ့ ပတ်သက် ပြီးတော့ ကျော်ထွဋ်ဆွေ က
“သင်္ကြန်ခွေကြို ထွက်မှာပါ။
သင်္ကြန် မကျခင်ကတည်း က ပရိသတ်တွေ ကြိုပြင်ဆင်လို့
ရအောင် သီချင်းတွေ နဲ့ကျွန်တော် မြူဆွယ် ထား တယ်။ အရင် ဆိုထားတဲ့
သီချင်းတွေနဲ့ အကြောင်းအရာပိုင်း နည်းနည်း ကွာသွားမှာပါ။ မဏ္ဍပ်ပေါ်မှာ
ကဲရင်းနဲ့ မဏ္ဍပ်ကြီး တစ်ခု လုံးလေထဲရောက် သွားတဲ့ပုံစံ ဆိုထားတာပါ” လို့
ပြောပါတယ်။ ယခုနှစ် သင်္ကြန်နဲ့ ပတ်သက်ပြီး ကျော်ထွဋ်ဆွေ ရဲ့အစီအစဉ်တွေနဲ့
သင်္ကြန်ဖီလင်၊ သင်္ကြန် အမှတ်တရတွေကို မေးကြည့်ခဲ့ရာ “သင်္ကြန် ကတော့ နှစ်တိုင်း
ပျော်ပါတယ်။ ဒီနှစ်လည်း ရင်ခုန် နေပြီပေါ့နော်။ ဘယ်မှာ ရှိမလဲတော့
မသိသေးဘူး။ သင်္ကြန် နဲ့ပတ်သက်ပြီး အမှတ်တရတွေ ဆိုရင် တစ်နှစ် ကပေါ့နော်။
ကျွန်တော်တို့ 69.4 မဏ္ဍပ် လုပ်တယ်။ အဲဒီမှာ မဏ္ဍပ် ပြိုခါနီး အထိ လူတွေ
များသွားတယ်။ ကျွန်တော်တို့ အားလုံး ကယောက် ကယက်တွေဖြစ် ကုန်တာပေါ့။
မဏ္ဍပ်ပေါ်မှာ အဲဒါ အမှတ်တရ ပါပဲ” လို့ ကျော်ထွဋ်ဆွေ က ဆိုပါတယ်။
မျိုးမောင်/popularmyanmar
No comments:
Post a Comment