Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အိမ်ထောင်ဦးစီး (ဗိုလ်ချုပ်မှူးကြီး)ဦးသန်းရွှေ နေပြည်တော်နေအိမ် သန်းခေါင်စာရင်း ကောက်ယူခဲ့

သမ္မတဦးသိန်းစိန်အစိုးရ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် လက်ရှိ တပ်မတော်နှင့် အစိုးရအပေါ် သြဇာ အာဏာ သက်ရောက်လျက်ရှိပြီး နောက်ကွယ်မှ အာဏာရှင်အဖြစ် နိုင်ငံရေး လေ့လာသူများ သတ်မှတ်ခြင်း ခံထားရသော အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေပြည်တော်နေအိမ်သို့လည်း သန်းခေါင် စာရင်းကောက် ယူရေးအဖွဲ့ရောက် ရှိခဲ့ကာ အများပြည်သူကို မေးမြန်းခဲ့သော မေးခွန်း(၄၁)ခု မေးမြန်းခဲ့ပြီး မည်ကဲ့ သို့ ဖြေကြား ခြင်းမျိုး ရှိခဲ့ကြောင်း ကိုမူ တာဝန်ရှိသူများက ဥပဒေအရ ဖြေ ဆိုနိုင်ခြင်း မပြုကြောင်း ဧပြီ (၂)ရက်တွင် မြန်မာ သံတော်ဆင့် သို့ ငြင်းဆန်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုတွင် ယခင်တာဝန်ယူခဲ့သော ဗိုလ်ချုပ် မှူးကြီး ဟောင်း နေအိမ်များကိုပါ ထည့်သွင်းကောက် ယူမည်ဖြစ်သည် ဟု (ဧပြီလ ၂ ရက်တွင်) လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ သန်းခေါင် စာရင်း ကောက်ယူမှုဆိုင်ရာ ညွှန် ကြားရေးမှူးချုပ် ဦးမြင့်ကြိုင် က မြန်မာသံတော်ဆင့်သို့ပြောသည်။…

အဆိုပါ သန်းခေါင်စာရင်း ကောက်ယူမှုတွင် နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် စနစ်အတိုင်း ကောက်ယူခြင်း ဖြစ်သဖြင့် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် အကြီးအကဲပုဂ်္ဂိုလ်များကို ဦးစွာ ကောက်ယူပြီးမှသာလျှင် အခြား ကောက်ယူမှုများ ဆက်လက်ပြု လုပ်ခြင်းဖြစ်သည်။

““နိုင်ငံတကာ စံနှုန်းအတိုင်း ဆောင်ရွက်ထားတာပါ။ အခု နေပြည်တော်မှာဆိုရင် လက်ရှိအကြီး အကဲပုဂ်္ဂိုလ် တွေကို အရင်ကောက် မယ်။ ပြီးတော့ အဲဒီကမှ သက်ဆိုင်တဲ့ ဆွေမျိုးတွေကို ဆက် ကောက်မယ်။ အရင် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး ဟောင်းတွေကိုကောက်မှာပါ။ နိုင်ငံတကာ စံနှုန်းအတိုင်း ဘယ် လိုဖြစ်ဖြစ် လက်ရှိအကြီးအကဲ ပုဂ်္ဂိုလ်ကိုပဲ အရင်ကောက်မှာပါ။ တိုင်းဒေသကြီးဆိုရင်လည်း ၀န် ကြီးချုပ်အိမ် တွေ အရင်ကောက်မှာပါ””ဟူ၍ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။

  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)မိသားစု နေအိမ်ပါဝင် သည့် ပုဗ္ဗသီရိ မြို့နယ် လ၀က ဦးစီးမှူးဦးကျော်စိုး အောင်က

““ဦးသန်းရွှေအိမ်ကောက်ပါ တယ်။အရင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေအိမ် ကောက်ပါတယ်။ အိမ် ထောင်ဦးစီးက ဦးသန်းရွှေ ဖြစ်ပါတယ်။ မိသားစုနဲ့နေတဲ့အတွက် အချက်(၄၁)ချက်မေးပါတယ်။ မေး တဲ့အချက်တွေကို ဖြေပိုင် ခွင့် မရှိပါဘူး။ သန်းခေါင်စာရင်း ဆိုင်ရာ အချက်အလက်တွေကို ဥပဒေမှာ လည်း ပါပါတယ်။ ကျွန်တော်တို့ စာရင်းကောက်သွား ရောက်ကြ တာပါ။ ဆရာမတွေကို သွားပို့တာ ပါ။ ကျွန်တော်ပါ ပါတယ်။ ခြံ အပြင်မှာပဲ ရပ်စောင့် နေခဲ့ပါတယ်။ သန်းခေါင်စာရင်း အချက်အလက် တွေကို ပြည်သူတွေရဲ့ အခွင့်အရေး အရ ထိန်းသိမ်း ပေးရမယ့်တာဝန်ရှိ ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနေတဲ့အိမ်က ပုဗ္ဗသီရိမြို့ နယ်ဖြစ်ပါတယ်။ လမ်းတို့၊ ရပ် ကွက်တို့ မဟုတ်ဘူး။ ကျေးရွာစု ညောင်ပင်ကြီးစု ကျေးရွာ အိမ် ခြောက်လုံးတန်းပဲသိပါတယ်။ ပုဗ္ဗ သီရိမြို့နယ်ထဲမှာရှိပါတယ်။ ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးဟောင်း) အိမ်ကို သန်းခေါင်စာရင်းကောက် ခဲ့ပါ တယ်”” ဟု မြန်မာသံတော်ဆင့် ၏မေးမြန်းမှုကိုဖြေကြားခဲ့သည်။

၂၀၁၄ ခုနှစ်၊ ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက် ယူရာတွင် လူတိုင်းဖြေဆိုရမည့် မေးခွန်း(၄၁)ချက်မှာ

၁။ အမည်၊ ၂။ အိမ်ထောင် ဦးစီးနှင့် တော်စပ်ပုံ၊ ၃။ ကျား/မ၊ ၄။ ပြည့်ပြီးအသက်၊ ၅။ အိမ် ထောင်ရေး အခြေ အနေ၊ ၆။ ကိုး ကွယ်သည့်ဘာသာ၊ ၇။ လူမျိုး၊ ၈။ မသန်စွမ်းအခြေအနေ၊ ၉။ ကိုင်ဆောင်သည့် လက်မှတ် အမျိုး အစား၊ ၁၀။ မွေးဖွားရာဇာတိ၊ ၁၁။ နေမြဲအရပ်(မြို့/ကျေးလက်)၊ ၁၂။ နေမြဲအရပ်တွင်နေထိုင်သည့် ကာလ၊ ၁၃။ ဒေသတစ်ခုမှ အခြား ဒေသ တစ်ခုသို့ရွှေ့ပြောင်းလာရ သည့်အကြောင်းရင်း၊ ၁၄။ နေမြဲ အရပ်သို့ ပြောင်းမလာ ခင် နောက်ဆုံး နေထိုင်ခဲ့သည့် ဒေသ(မြို့/ကျေး လက်)၊ ၁၅။ စာတတ်မြောက်မှု အခြေအနေ (မည်သည့် ဘာသာ စကားနှင့်မဆို)၊၁၆။ လက်ရှိအတန်း ပညာသင်ကြားမှုအခြေအနေ၊ ၁၇။ အမြင့်ဆုံးအောင်မြင်ခဲ့ သည့် အတန်း၊ ၁၈။ လွန်ခဲ့သော ၁၂ လ အတွင်း လုပ်ကိုင်ခဲ့သည့် အလုပ်အကိုင် အမျိုးအစား၊ ၁၉။ အဓိက အလုပ် အကိုင်၊ ၂၀။ လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းအဖွဲ့အစည်းနှင့် အမည်၊

အိမ်ထောင်ကျဖူးသူ အမျိုး သမီးတိုင်းကိုမေးမြန်းမည့် မေးခွန်းများ

၂၁။စုစုပေါင်းမွေးဖွားခဲ့သည့် ကလေး အရေအတွက်၊ ၂၂။ အသက်ရှင်နေလျက်ရှိသော ကလေး အရေအတွက်၊ ၂၃။သေဆုံးသွားသော ကလေးအရေအတွက်၊ ၂၄။ နောက်ဆုံးမွေး ကလေးနှင့်ပတ် သက်သည့် အကြောင်း အရာများ။

အိမ်အကြောင်းအရာနှင့် သက်ဆိုင်သည့်မေးခွန်းများ

၂၅။ နေအိမ်အမျိုးအစား၊ ၂၆။ အိမ် ပိုင်ဆိုင်မှု အခြေအနေ၊ ၂၇။အလင်းရောင်အတွက် အဓိက သုံးမည့် မီးအမျိုး အစား၊ ၂၈။ သောက်/သုံးရေအတွက် အဓိက ရေရရှိမှု အခြေအနေ၊ ၂၉။ အ စားအစာ ချက်ပြုတ်ရန် အတွက် အဓိက လောင်စာအမျိုးအစား၊ ၃၀။ အိမ်သာအမျိုးအစား၊ ၃၁။ နေအိမ် အဆောက်အအုံတွင် အဓိက အသုံးပြု သည့် ပစ္စည်းများ (အမိုး၊ အကာ၊ အခင်း)၊ ၃၂။ အိမ်ထောင် စုတွင်ရှိသည့် ပစ္စည်းအမျိုးအစား။

အိမ်ထောင်စုသားများထဲမှ နိုင်ငံခြားသို့ ရောက်ရှိနေသူများ

၃၃။ အမည်၊ ၃၄။ ပြည့်ပြီးအသက်၊ ၃၅။ ကျား/မ၊ ၃၆။ ထွက်ခွာသည့်စနစ်၊ ၃၇။ ရောက်ရှိနေထိုင်သည့်နိုင်ငံ။ လွန်ခဲ့သော ၁၂ လအတွင်း အိမ် ထောင်စုများထဲမှ သေဆုံးခြင်း အကြောင်း အရာ ၃၈။ အမည်၊ ၃၉။ ကျား/မ၊ ၄၀။ သေဆုံးစဉ်အသက်၊ ၄၁။ သေဆုံးသူသည်အမျိုးသမီးအသက် (၁၅-၄၉)နှစ်အတွင်းဖြစ်ပါက – ကိုယ်ဝန် ကြောင့်သေဆုံးခြင်း (သို့ မဟုတ်) မွေးဖွားစဉ်သေဆုံးခြင်း (သို့မဟုတ်) ကလေးမွေးဖွားခြင်း ၆ ပတ်အတွင်း သေဆုံးခြင်း ဟုတ်/မဟုတ် မေးမြန်းရန်တို့ဖြစ်သည်။ သန်းခေါင်စာရင်းကောက် ယူမှုမှာ ဧပြီ(၁၀)ရက်နေ့ အထိ ဖြစ်ကြောင်း သန်းခေါင်စာရင်း ကောက်ယူမှုပါဝင်သူများထံမှ သိရှိရသည်။

Myanmartandawsint Newspaper

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB