Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ရော့ခ် လမ်းကြောင်းပေါ်မှာ ဆက်လျှောက်နေမယ့် သျှီ နဲ့တွေ့ဆုံခြင်း

၁၉၉၇ ဝန်းကျင် ကာလမှာ ကတည်းက အမျိုးသမီး ရော့ခ်ကာ တစ်ဦးအနေနဲ့ မြန်မာပြည် ဂီတလောကမှာ ရပ်တည်ခဲ့သူ တေးသံရှင် သျှီက ကနေ့ခေတ် ကာလ အထိ လည်း စင်မြင့် ဖျော်ဖြေပွဲတွေမှာ အားပြည့် မာန်ပြည့်နဲ့ သီဆို ဟစ်ကြွေးဆဲပဲဖြစ်ပါ တယ်။ ဂီတ သက်တမ်း ၁၆နှစ် အတွင်းမှာ စီးရီးခွေ အနေနဲ့ အထွက် နည်းခဲ့ပေမယ့် ပရိသတ် အားပေးမှုကို အခိုင်အမာ တည် ဆောက်ထားနိုင်ခဲ့တဲ့ သျှီ နဲ့တွေ့စဉ်ခဏမှာ မေးမြန်းဖြစ်သမျှ ကို ဖော်ပြလိုက်ပါတယ်။
မေး- သျှီအနေ နဲ့ ရှိုးတွေမှာ တင် ဆက်တဲ့အခါ အောင်မြင်ခဲ့တဲ့ သီ ချင်းတော်တော် များများကို ဖျော် ဖြေတာများတယ်။ ပရိသတ် ကလည်း ဒါတွေပဲ တောင်းတယ်ပေါ့။ အဲဒီ အတွက် တစ်ခါတလေ မှာ ပရိသတ် ကို အသစ်တွေ ထပ်ပြီး ပေးချင်စိတ် တွေ ဘာတွေပေါ်မိလဲ။
ဖြေ- ဒါက အဆိုတော်တိုင်း ကြုံနေကျ အခြေအနေပါပဲ။ သျှီ ဆိုရင်လည်း အခု အဆိုတော် သက်တမ်း ၁၆နှစ်ရှိ ပြီး ပထမဆုံး အခွေထဲက ကယ် တင်ခြင်း သီချင်းက အခု ထိ ဆိုနေ တုန်းပဲ။ ပရိသတ်တွေ ကလည်း မမေ့ နိုင်သေးဘူး။ ပရိသတ် အသစ်တွေ တောင်ထပ်တိုးလာတယ်။
ပရိသတ် ကတော့ သူတို့ ရင်ထဲမှာ စွဲတာ၊ ငြိ တာ ကိုတောင်းမှာပဲ။ သျှီတို့ ဘက်က အပိုင်းကိုပြော ရရင်တော့ တစ်ခါတ လေ မှာတော့ အသစ်တွေ ဆိုချင်တာ ပေါ့။ ဝါသနာ ပါလို့ လုပ်တယ် ဆိုပေမယ့် အပြောင်း အ လဲလေး နဲ့ သွား ချင်တာပေါ့။ ဒါပေမဲ့ သျှီ တစ်ခုဝန် ခံချင်တာက အဆိုတော်ထဲမှာ အခွေ ထွက်လည်း နည်းပါတယ်။ အဲဒီ အတွက် လည်း သျှီရဲ့ ပရိသတ်တွေ ကို အားနာ တယ်။ ဒါပေမဲ့လည်း ပရိသတ်တွေက ခုချိန်ထိ သီချင်းတွေ ကိုမမေ့မလျော့ အားပေးကြတဲ့ အတွက် ကျေနပ်ပါတယ်။ ဒီလို ပရိသတ်တွေ ရှိတာလည်း ဂုဏ်ယူ ဖို့ကောင်း ပါတယ်။ အဲဒီ အတွက် သီချင်း အသစ်တွေလည်း ထပ်လုပ်ချင် ပါတယ်။ တစ်ခုရှိတာက အခွေ ထွက်ချင်တိုင်း ထွက်ဖို့ကလည်း ကိုယ့်ရဲ့ နိုင်ငံ ဂီတလောက အခြေအနေ သိပ် ပြီး အဆင်မပြေလှဘူး။ ဒါပေမဲ့လည်း ပရိသတ် အတွက် ဆက်လုပ်သွားမှာပါ။
မေး- သျှီ အနေ နဲ့ ဆယ်စုနှစ် တစ်ခု ကျော် ဂီတသက်တမ်းမှာ စီးရီး အထွက် နည်းခဲ့တယ် ဆိုပေမယ့် အဲဒီ ကာလ ဂီတလောက စီးရီးတွေ က အခြေနေကောင်းခဲ့ တယ်။ ပျော်စ ရာကောင်းခဲ့တယ်ပေါ့။ အဲဒါဘာ ကြောင့် အောင်မြင်ခဲ့တယ် ထင်လဲ။
ဖြေ- ခေတ်နဲ့လည်း ဆိုင်မယ် ထင်ပါ တယ်။ ပြီးတော့ ပျံလွင့်စရာတခြား ကိစ္စတွေလည်း မရှိတဲ့ ကာလတွေ လည်းပါမယ်။ ဒီဘက်ခေတ် မှာကျ တော့ လူတိုင်းက ပိုပြီး မကျ့ ဖြစ်လာ တယ်။ အဲဒီတော့ အာရုံစိုက်နှုန်းက ကျလာတယ်။ လူတိုင်း ကလည်း သုတ်သုတ်သွား၊ သုတ်သုတ်စား နဲ့ လုပ်ကိုင် ရုန်းကန်နေ ရတာကိုး။ ရှေ့ ပိုင်းမှာ တုန်း က အဲဒီလောက် အာရုံစိုက် စရာမများသေးဘူး။ ကံနဲ့လည်း ဆိုင် မှာပေါ့။ ဘာပဲပြောပြော အဲ့ဒီကာ လမှာ ရှင်သန်ခဲ့ရတာ ဝမ်းသာပါ တယ်။ အဲ့ဒီတုန်း က အဆိုတော်တွေ သည် လည်း ခက်ခက်ခဲခဲ အောင်မြင်ရ တာပေါ့။ အဲဒီလို အများကြီးနဲ့ ရှင်သန် ရတာကို လည်း ကျေနပ်ပါတယ်။
မေး- သျှီတို့ တစ်ချိန်တုန်း ကတော့ ခက်ခဲ သလောက်လည်း ဂီတလော က ပျော်စရာကောင်းခဲ့မယ် ထင်တယ်။ ဒီဘက်ခေတ် မှာတော့ သီချင်း တွေလုပ်ရတဲ့နေရာ မှာ လည်း အရင် ထက် လွယ်ကူလာပြီ။ ဒါပေမဲ့ အရင် တုန်းက အဲ့ဒီခေတ် လိုတော့ မဟုတ် ဘူး။ ဘာတွေ ဘယ်လို ကွာခြားသွားပြီ လို့ထင်လဲ။
ဖြေ- သျှီ တို့ခေတ်တုန်းက ပျော်ဖို့ ကောင်းတယ် ထင်ပေမယ့် သျှီ တို့ရဲ့ ရှေ့ကခေတ်မှာ လည်းပိပြီး ပျော် ဖို့ ကောင်းခဲ့တယ်။ အဲဒီတုန်းက တူရိယာ တွေ ဆိုလည်း အသံ သွင်းပြီဆို တစ်ပြိုင် တည်းဆို၊ တစ်ပြိုင်တည်း တီးကြတာ ပျော်ဖို့ကောင်းတယ်။ စုစည်းမှုအား လည်း ပိုကောင်းခဲ့ကြ မယ်ထင်တယ်။ အဲဒီလိုပါပဲ။ ခေတ်တွေကွာ သွား တာပေါ့။ ခေတ်တွေ ကွာတော့ လူ တွေကွာမယ်။ ခေတ် တစ်ခေတ်နဲ့ တစ်ခေတ် မှာတော့ အနည်းနဲ့အများ တော့ ပြောင်းလဲမှုတွေ ကတော့ ရှိမှာပေါ့။
မေး- ၁၉၉၇ ဝန်းကျင် ကတည်းက သျှီ အမျိုးသမီးရော့ကာ တစ်ဦးအနေနဲ့ မြန်မာပြည် ဂီတလောကမှာ ခိုင်ခိုင် မာမာ ရပ်တည်နေနိုင်ခဲ့တယ်။ အဲဒီ နောက်မျိုးဆက်မှာ သျှီ လိုနောက်တစ် ယောက် မတွေ့မိဘူး။ အဲ့ဒီအပေါ်မှာ ကော သျှီ ကိုယ်တိုင်ဘယ်လိုပြန်သုံး သပ်မိလဲ။
ဖြေ- နောက်မှာ မတွေ့ဘူး ဆိုတာ ဆို တဲ့လူနည်းတာလည်း ပါပါတယ်။ အဲဒါကြောင့်လည်း ကျန်နေတာဖြစ် မှာပေါ့ (ရယ်လျက်)။ ဘယ်လိုပဲဖြစ် ဖြစ်ပါ။ သျှီရဲ့ ဒီသီချင်းတွေ ကို တရှိုက် မက်မက် နားထောင်ပေးမယ့် ပရိသတ် တွေ မရှိဘူးဆိုရင် သျှီသည် ကိုယ့် အိမ်မှာ ပဲကိုယ် ဆိုနေတဲ့ အဆိုတော် ဖြစ်နေမှာပဲ။ ပရိသတ်တွေ ရဲ့ ကျေး ဇူးလည်း ပါပါတယ်။ သျှီဆိုတဲ့ ပုံစံ ကလည်း ခက်ခဲ အားစိုက်ရတာ ပေါ့။ တချို့ကလည်း ပြောတယ်။ ဘာဖြစ် လို့ ခက်ခက်ခဲခဲတွေ ဆိုနေတာ လည်း ပေါ့။ ဒီမြူး ဇစ် အပေါ်မှာ နောင် တရတယ် ဆိုတာ မရှိဘူး။ ကိုယ် တိုင်က ဒါကို ကြိုက်တာလေ။ rock ရဲ့အင်အား ပါမှုတွေကို ကြိုက် တယ်။ ဒီသီချင်းတွေ ဆိုနေ ဟစ် နေရင် ခံစားချက်တွေ ဖွင့် ထုတ်လိုက် ရသလို ပေါ့ပါးတယ်။ လာကြည့်တဲ့ ပရိသတ်တွေ ကိုလည်း တင်းကျပ်မှုတွေ လျော့ပါး သွားစေတယ်။ အပြန် အလှန်ပေါ့။ အဲဒီ အ တွက် ကျေနပ်ပါ တယ်။ ဒါကို နောင်တမရဘဲ ဆက် သွားနေမှာပါ။
မေး- အခုခေတ် လူငယ် အမျိုးသမီး ရော့ခ်ဝါသနာ ရှင်တွေ အနေနဲ့သျှီတို့ မဒီတို့ စသဖြင့် အားကျ ကြတဲ့သူတွေ ရှိကြ တယ်။ ဒါပေမဲ့ သျှီတို့ ခေတ် ကာလလောက် အမျိုးသမီး ရော့ခ်ကာ တွေအနေနဲ့ ရှေ့တန်းကိုရောက် လာတာ သိပ်မတွေ့ရဘူး။ အဲဒီ အပေါ်မှာ မြင်မိသလောက် သုံးသပ် ပေးပါဦး။ အမျိုးသမီး ရော့ခ်ကာတွေ နည်းတဲ့ အပေါ် ပြောပြပေးပါ။
ဖြေ- အဲဒါကတော့ ခုနတစ်လျောက် လုံးပြောခဲ့တဲ့ ခေတ်ပါပဲ။ ဒီဘက်ခေတ် ကျတော့ ခုနပြောတဲ့ rush ဖြစ်တာ တွေရော၊ အင်တာ တိန်းမန့်တွေတ အားများလာ တာတွေ၊ မြူးဇစ် အမျိုး အစားတွေလည်း စုံလာတယ်ဆို တော့ အဲဒီအခါမှာ ထွေတာပေါ့။ ဥပမာဆို ခုဆို ကိုရီးယား ယဉ်ကျေးမှု တွေ ပျံ့နှံ့လာတယ်။ အဲဒီ လိုတွေရော ထွေးလာတာပေါ့။ ရော့ခ် ဆိုတာက တစ်သီး တစ်သန့်တော့ နည်းနည်း ဆန်တယ်။ ရော့ခ်ကြိုက်တဲ့ သူက လည်း တခြား ဘာမှကြိုက်လို့ သိပ်မရ ဘူး။ ဒါပေမဲ့ တခြား သူတွေအနေနဲ့ လည်း rock ကိုခံစားလို့ ရတယ်။ သူ့ မှာက တက်ကြွမှု အပြည့်ရှိတယ်။ အဲ့ လိုသွားတဲ့ အခါမှာ ခေတ်အရ တအား များပြားတဲ့ ယဉ်ကျေးမှုတွေ ကရော ထွေးနေတဲ့ အတွက် ဒါကို ခွဲပြလိုက်ဖို့ ခက်ခဲတဲ့ အမျိုးအစားတွေ ဖြစ်နေ တယ်။ ခုကျတော့ အီလက်ထ ရိုတွေ၊ K pop တွေ bling bling တွေ လက် လက်တောက်နေတဲ့ အချိန်မှာ Natural ဖြစ်တဲ့ rock က နည်းနည်းတော့ အား နည်း သွားတာပေါ့။ ဒါပေမဲ့ Powerful ဖြစ်တဲ့ အပိုင်းကတော့ တစ် မျိုး ပေါ့။ နောက် တစ်ခု က ပိုပြီးတော့ လည်း ကြိုးစားဖို့ လိုတယ်။ ဒါဟာ rock ပဲဆိုတာဖြစ်အောင် ဆို တတ်ရုံမက ပါဖောမန့်မှာပါ rock ရဲ့ Fully performence ဖြစ်အောင် ပေါ့။ ဝတ်ပုံ စားပုံ ကအစပေါ့။ ဒီဘက် ခေတ်မှာကတော့ အဝတ်အစား တအား အာရုံ စိုက်နေတယ်။ ပံ့ပိုးမှု အနေနဲ့ လိုပေမယ့် ဒါဟာ မော်ဒယ် ပြနေတာ မဟုတ်တဲ့ အတွက် ကိုယ့် အသံနဲ့ Powerful ဖြစ်ဖို့က အဓိကပဲ။ ကမ္ဘာ မှာလည်း ရုပ်ဆိုးတဲ့ အဆိုတော်တွေ အများကြီး ရှိပါတယ်။ သူတို့သည် သူတို့လျှောက်တဲ့ ဂီတ အပေါ်မှာ ယုံကြည်မှုနဲ့ သွားကြ တယ်။ အဲဒီ အတွက် ဝါသနာရှင်တွေ အနေနဲ့ တစ်ထပ်တည်း ကျအောင် ကြိုးစား ပါလို့ပဲပြောချင်ပါ တယ်။

ရဲရဲ/popularmyanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB