Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ယူနတီဂျာနယ်ကို တရားစွဲဆိုရန် ညွှန်ကြားသူမှာ နိုင်ငံတော်သမ္မတရုံးမှ ဖြစ်ဟုဆို

ဇန်န၀ါရီလအတွင်း ရေးသားထုတ်ဝေခဲ့သော ယူနတီဂျာနယ်၏ မျက်နှာဖုံးပါ သတင်းဆောင်းပါး
နှစ်ပုဒ်ကြောင့် ဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ကို နိုင်ငံတော်
လှို့ဝှက်ချက် အက်ဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုရန် ပြည်ထဲရေးဝန်ကြီးဌာနမှ တရားစွဲဆိုခြင်း
ဖြစ်သည်ဟု ယခင်က ပြောဆိုခဲ့သော်လည်း အဓိက ညွှန်ကြားသူမှာ နိုင်ငံတော်သမ္မတရုံးမှ
ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဖြစ်သည်ဟု တရားစွဲဆိုခံရသူများ၏ ရှေ့နေ
ဦးရောဘတ်ဆန်းအောင်က မြန်မာတိုင်း(မ်)သို့ပြောသည်။

ထိုအမှု၏ စတုတ္ထမြောက်ရုံးချိန်းဖြစ်သည့် မတ်၁၇ရက်နှင့် ၁၈ရက်များတွင် တရားလိုအပါအ၀င်
လိုပြသက်သေများအား စစ်ဆေးမေးမြန်းခဲ့ပြီး တရားခွင်၌ တရားလိုဖြစ်သူ အမှတ်(၂၄)၊
ကာကွယ်ရေးပစ္စည်း၊ စက်ရုံဌာနမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားစွဲဆိုရန် ၎င်းအား
ညွှန်ကြားသူမှာ နိုင်ငံတော်သမ္မတရုံးမှ ဖြစ်သည်ဟု ဖြေကြားခဲ့ကြောင်း အဆိုပါ ရှေ့နေက
ပြောသည်။


"သမ္မတရုံးက အဓိကညွှန်ကြားပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနက အမှုဖွင့်တရားစွဲဖို့ကို ခွင့်ပြု
လက်ခံပေးလိုက်တာဖြစ်မယ်" ဟု ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောသည်။

တရားလို၏ ပြောကြားချက်အပေါ် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး
ဦးရဲထွဋ်အား တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း ခေါ်ဆို၍ မရခဲ့ပေ။

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကမူ အဆိုပါညွှန်ကြားချက်မှာ မဖြစ်နိုင်ကြောင်းနှင့်
ယူနတီဂျာနယ်၏ အမှုကိစ္စမှာ တပ်ပိုင်းဌာနဆိုင်ရာများနှင့်သာ သက်ဆိုင်သည်ဟု မြန်မာတိုင်း(မ်)
၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

"ကျွန်တော်တို့မှာ တရားလိုဘက်က တရားစွဲဖို့ တရားရုံးကို တင်ထားတဲ့ စာရွက်မိတ္တူ ရှိပါတယ်။
အဲဒီစာထဲမှာလည်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း နာမည်နဲ့ ညွှန်ကြားထား
တာ ပါပါတယ်" ဟု ဦးရောဘတ်ဆန်းအောင်က ပြောသည်။

ယူနတီဂျာနယ်ကို တရားစွဲဆိုရန် သမ္မတရုံးက အမှန်တကယ် ညွှန်ကြားခဲ့ပါက ယခုဖြစ်ရပ်သည်
အန္တရာယ်ရှိသော အနေအထားသို့ ရောက်လာနိုင်ကြောင်း စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်
ဦးသီဟစောက သုံးသပ်ပြောကြားသည်။

စတုတ္ထမြောက်ရုံးချိန်းတွင် တရားစွဲဆိုခံရသူများ၏ ရှေ့နေများက ယူနတီဂျာနယ်တွင် ရေးသား
ဖော်ပြခဲ့သော စက်ရုံမှာ လှို့ဝှက်ဓာတုလက်နက်စက်ရုံ ဟုတ်၊မဟုတ်ကို တရားလို ဒုဗိုလ်မှူးကြီး
ကျော်ကျော်ဦးကို မေးမြန်းခဲ့ရာ ၎င်းက မဟုတ်ကြောင်း ဖြေကြားခဲ့သည့်အပြင် ယူနတီဂျာနယ်ကို
စွဲဆိုထားသည့် ဥပဒေနှင့် ပုဒ်မကိုပင် မသိရှိကြောင်း ဖြေကြားခဲ့သည်ဟု တရားစွဲဆို ခံရသူများ၏
ရှေ့နေတစ်ဦးဖြစ်သူ ဦးရောဘတ်ဆန်းအောင်က ပြောသည်။

"သူက လှို့ဝှက်လက်နက်စက်ရုံ မဟုတ်ဘူးလို့ ဖြေတော့ အခုစွဲထားတဲ့ ပုဒ်မက ကျွန်တော့်
အနေနဲ့တော့ မသင့်တော်ဘူးလို့ ထင်တယ်။ ဒါပေမယ့် တရားလိုဘက်က သက်သေအယောက်
လေးဆယ် စစ်ပြီး တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်ပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် ၂၀၀၈ အခြေခံဥပဒေကို သိ၊ မသိ ထပ်မံမေးမြန်းရာတွင်လည်း မသိကြောင်း ပြန်လည်
ဖြေကြားခဲ့ကြောင်း အဆိုပါရှေ့နေထံမှ သိရသည်။

"တပ်မတော်ကလူဖြစ်ပြီး အခြေခံဥပဒေကိုတောင် မသိဘူးဆိုတာကို တရားခွင်မှာ ကြားလိုက်ရ
တော့ တော်တော်လေးကို အံဩခဲ့ရပါတယ်" ဟု တရားစွဲဆိုခံရသူ သတင်းထောက် ကိုလူမော်၏
ဇနီး မလွင်လွင်မြင့်က ပြောသည်။

ထို့ပြင် တရားလိုပြသက်သေ လယ်သမား ကိုကြည်ဝင်းကလည်း အဆိုပါစက်ရုံနှင့် အနီးတ၀ိုက်
တွင် တားမြစ်နယ်မြေအဖြစ် ကြေညာသတ်မှတ်ထားခြင်းမျိုး မရှိကြောင်း တရားခွင်၌ ရှေ့နေများ၏
မေးမြန်းချက်ကို ဖြေကြားခဲ့သည်ဟု မလွင်လွင်မြင့်က ပြောဆိုသည်။

ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်များသည် ဇန်န၀ါရီ ၂၃ ရက်ထုတ်
ဂျာနယ်၏ မျက်နှာဖုံးပါ "ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာချုပ်နှင့် တရုတ်ပညာရှင်တို့၏
ပေါက်မြို့နယ်ရှိ လှို့ဝှက်ဓာတုလက်နက်စက်ရုံ" သတင်းဆောင်းပါးနှင့် ဇန်န၀ါရီ ၃၀ ရက်ထုတ်
ဂျာနယ်ပါ "ဓာတုလက်နက်စက်ရုံမဟုတ်ဟု စက်ရုံတာဝန်ခံ ငြင်းဆိုမှု" သတင်းကို ရေးသားဖော်ပြ
ခဲ့မှုများကြောင့် အမှုဖွင့်ခံထားရပြီး ပခုက္ကူအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်မှာလည်း ၂ လ
နီးပါးကြာမြင့်နေပြီဖြစ်သည့်အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများထဲမှ သတင်းထောက်
ကိုလူမော်နှင့် ကိုသဲရာဇာဦးတို့ နှစ်ဦးမှာလည်း ကျန်းမာရေး အလွန်ချို့ယွင်းလျက်ရှိကြောင်း
မိသားစုဝင်များထံမှ သိရသည်။

ယူနတီဂျာနယ်၏ လာမည့်ရုံးချိန်းကို ဧပြီ ၃၁ ရက်နှင့် မတ် ၁ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး
ကျန်ရှိနေသော တရားလိုဘက်မှ သက်သေများကို ဆက်လက်စစ်ဆေး မေးမြန်းသွားမည်ဖြစ်
ကြောင်း ရှေ့နေများထံမှ သိရသည်။

ရဲမွန်

မြန်မာတိုင်း(မ်)

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB