Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မော်တော်ယာဉ်များမှ နောက်မီးခွက်(၉)စုံနှင့် နောက်ရေသုတ်တံ (၅၂)ချောင်းတိုအား ဖြုတ်ကာခိုးယူခဲ့ကြသူ (၂)ဦးကို စစ်ဆေးဖော်ထုတ်အရေးယူ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ရန်ကင်းမြို့မရဲစခန်းတွင် (ပ)၃၅/၂၀၁၄၊
ပုဒ်မ ၃၇၉/၅၄ အမှုဖြင့်အရေးယူထားသည့် ရွှေပြည်သာမြို့နယ်၊
(တ/၁၅)ရပ်ကွက်နေသူများဖြစ်ကြသော ဝေလင်းထွန်း(ဘ)ဦးကိုကိုနှင့် မင်းမောင်မောင်ဝင့်(ဘ)ဦးကိုကိုတို့(၂)ဦးအား ၃.၃.၂၀၁၄ ရက်နေ့တွင် အခြားခိုးမှုများကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ဝေလင်းထွန်းသည် ၎င်းတစ်ဦးတည်း ၂၀၁၃ခုနှစ်
နိုဝင်ဘာလအတွင်းက ညအချိန်များတွင် ကြည့်မြင်တိုင်မြို့နယ် အနောက်ပိုင်းဆေးရုံအနီးလမ်းမပေါ်၌ရပ်ထားသော ဆူဇူကီးယာဉ်(၃)စီးမှ
နောက်မီးခွက်(၃)စုံအားလည်းကောင်း၊အလုံမြို့နယ်၊အထက်ကြည့်မြင်တိုင် လမ်းမပေါ်၌ရပ်ထားသည့် ပရိုဘောက်ယာဉ်(၂)စီး၊ ဟွန်ဒါဖစ်ယာဉ်(၃)စီး၊ ဒီမီရိုယာဉ်(၃)စီး၊ ဆူဇူကီးဗစ်ယာဉ်(၁)စီးတို့မှ နောက်ရေသုတ်တံများအား လည်းကောင်း၊ ကမာရွတ်မြို့နယ်
လှည်းတန်းဈေးအနီးလမ်းမပေါ်၌ ရပ်ထားသည့် ဆူဇူကီးယာဉ်(၃)စီး၊ဟွန်ဒါဖစ်(၃)စီး၊ပရိုဘောက်ယာဉ်(၁)စီး တို့မှ နောက်ရေသုတ်တံများနှင့် ဆူဇူကီးယာဉ်(၂)စီးမှ နောက်မီးခွက် (၂)စုံအားလည်းကောင်း ခိုးယူရောင်းချထားကြောင်းပေါ်ပေါက်သဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် အမှုများဖွင့်လှစ်ပြီး ဆက်လက်အရေးယူကာ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းခဲ့ပါသည်။

ဆက်လက်စစ်ဆေးရာ ဝေလင်းထွန်းနှင့်မင်းမောင်မောင်ဝင့်တို့(၂)ဦး
သည်၂၀၁၄ခုနှစ် ဖေဖော်ဝါရီလအတွင်းက ညအချိန်သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားအနီးလမ်းမပေါ်၌ရပ်ထားသည့် ဟွန်ဒါဖစ်ယာဉ်(၃)စီး၊ ပရိုဘောက်ယာဉ်(၃)စီး၊ ဆူဇူကီးယာဉ်(၃)စီးတို့မှ နောက်ရေသုတ်တံ
များနှင့် ဆူဇူကီးယာဉ်မှ နောက်မီးခွက်(၂)စုံအားလည်းကောင်း၊ ရတနာလမ်းမပေါ်ရှိ ကွန်ဒိုတိုက်ခန်းများရှေ့၌ရပ်ထားသည့် ဟွန်ဒါဖစ်
ယာဉ်(၂)စီး၊ ပရိုဘောက်ယာဉ်(၂)စီးတိုမှ နောက်ရေသုတ်တံများနှင့် ဆူဇူကီးယာဉ်(၁)စီးမှ နောက်မီးခွက်(၁)စုံအားလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်၌ရပ်ထားသည့် ပရိုဘောက်
ယာဉ်(၅)စီး၊ အေဒီဗင်ယာဉ်(၅)စီး၊ ဟွန်ဒါဖစ်ယာဉ်(၂)စီးတို့မှ
နောက်ရေသုတ်တံများအားလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ် စားသောက်ဆိုင်တစ်ဆိုင်ရှေ့၌ရပ်ထားသည့် ဟွန်ဒါဖစ်ယာဉ်(၄)စီး၊ ဆူဇူကီးယာဉ်(၅)စီး၊ ပရိုဘောက်ယာဉ်(၂)စီးတို့မှ နောက်ရေသုတ်တံများ
နှင့်ဆူဇူကီးယာဉ်၏နောက်မီးခွက်(၁)စုံတို့အားလည်းကောင်း ခိုးယူခဲ့ကြပြီး ရောင်းချထားကြောင်းပေါ်ပေါက်သဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင်အမှုများဖွင့်လှစ်ပြီး ဆက်လက်အရေးယူကာ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB