Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

စစ်တွေ မာတေဇာ အန်ဂျီအို ရုန်းရင်းဆန်ခတ်မူ ရဲက သေနတ်ပစ်ဖေါက်လူစုခွဲ

ရဲတပ်ဖွဲ့ဝင်များ ဒိုင်းကာများဖြင့် အဓိဂရုဏ်း နှိမ်နှင်းနေစဉ် ( ဓါတ်ပုံ- Facebook)

(နိရဉ္စရာ- ၂၇ မတ်လ ၂၀၁၄)

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မာတေဇာခေါ် နိုင်ငံခြား အန်ဂျီအို တစ်ခုမှ  နိုင်ငံခြားသူ တစ်ဦး သာသနာ အလံအား မဖွယ်မရာ ပြုလုပ်သည်ဟု သတင်းထွက်လာပြီးနောက် ၎င်းအန်ဂျီအို၏ ရုံးများအား ဒေသခံများက ၀ိုင်းဝန်းရာမှ ရုန်းရင်းဆန်ခတ်မူ ဖြစ်ပွားပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်လူစုခွဲခဲ့ရသည်ဟု သတင်း ရရှိသည်။

“ အတွဲလိုက်ပစ်ပါတယ်။ အချက် ၃၀ လောက်ကြားရပါတယ်။ အခုတော့ အခြေအနေငြိမ်သွားပြီ ထင်ပါတယ်” ဟု စစ်တွေသို့ ခေတ္တရောက်ရှိနေပြီး အိမ်တစ်အိမ်တွင် တည်းခိုနေသူ ဦးမြတ်ထွန်းက ပြောသည်။

မကျေနပ်၍ ၀ိုင်းဝန်းသူများသည် မာတေဇာ ရုံးများအား တစ်ရုံးပြီး တစ်ရုံး ၀ိုင်းဝန်းခဲ့ကြပြီး ထိုအထဲမှ အချို့သည် ရုံးများအား ၀င်ရောက် ဖျက်င်္ဆီးရာမှ ထိန်ူးမနိုင်သိမ်းမရ ဖြစ်လာကာ ညဥ့် ၁၁ နာရီကျော်တွင် ရဲက သေနတ်ပစ် ဖေါက် လူစုခွဲခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ အစပိုင်းမှာတော့ လူတွေက ဂဲတွေနဲ့ အန်ဂျီအို ရုံးကို ၀ိုင်းပစ်ကြပါတယ်။ ဘောက်သီးစု မင်းဗာကြီးလမ်းက ရုံးရော၊ ဦးဥတ္တမလမ်းက ပန်းသာအိမ်မှာ ဖွင့်ထားတဲ့ရုံးကိုရော၊ ကျောင်းတက်လမ်းရုံးကိုရော ဂဲတွေနဲ့ ၀ိုင်းချကြတယ်လို့ သိရပါတယ်။ နောက်ပိုင်မှာ ရုံးတွေကို ၀င်ရောက်ဖျက်ဆီးရာကနေ ထိန်းမရတဲ့ အခြေအနေထိ ဖြစ်လာတဲ့ အတွက် ရဲက ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်” ဟု သူက ဆက်ဆိုသည်။

အစပိုင်းနှင့် ဆရာတော် သံဃာတော်များ၊ မြို့မိမြို့ဖများနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများမှ အပြစ်လုပ်သော နိုင်ငံခြားသူအား ဥပဒေနှင့် အညီ တရားစွဲ အရေးယူပေးမည် ဖြစ်ကြောင်း၊ ဥပဒေနှင့် မညီသော ၀ိုင်းဝန်း တိုက်ခိုက်မူမျိုး မပြုလုပ်ရန် ဖျောင်းဖျ ပြောဆိုရာမှ လူအုပ်မှာ ကွဲသွားမည့် အခြေအနေသို့ ရောက်ခဲ့ကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် လူထောင်နှင့်ချီပြီး ထပ်မံ ၀ိုင်းဝန်း ရော့က်ရှိလာရာမှ ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိသွားခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်မူ မဖြစ်ပွားမီ အခင်းဖြစ်ပွားရာသော ရောက်နေသော စစ်တွေမြို့နယ် ရဲစခန်းမှူးအား ပြဿနာ အစဖြစ်ပွားရခြင်းကို ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။

“ အရပ်သတင်းနော်။ ကျွန်တော်တို့လည်း မစီစစ်ရသေးဘူး။ အဲဒီ ဘောက်သီးစုရပ်ကွက်ရှိ မာတေဇာရုံးမှာ အမေရိကန်သူ– အမေရိကန်သူ — နာမည် (******) က ရုံးမှာ အိမ်ပိုင်ရှင်က စိုက်ထူထားတဲ့ သာသနာ အလံကို ထဘီလို ၀တ်ပြီး လွှင့်ပစ်တယ်လို့ မျက်မြင်တွေက ပြောဆိုရာကနေ လူတွေသိသွားပြီး ရုံးတွေကို ၀ိုင်းရာကနေ ခုလို ပြဿနာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒါကို ဥပဒေနဲ့ အညီ ဖြစ်ဖို့ ဆရာတော်တွေနဲ့ ကျနော်တို့ ညှိနိုင်း တိုင်ပင်ပြီး လူစုခွဲသွားကြဖို့ မေတ္တာရပ်ခံနေပါတယ်” ဟု ပြောကြားသည်။

သို့သော်လည်း နောက်ပိုင်းတွင် လူစုမကွဲသည့် အပြင် အခြေအနေ ဆိုးဝါးလာသဖြင့် ရဲက သေနတ်ပစ်ခတ် နှိမ်နှင်းခဲ့ရခြင်း ဖြစ်သည်။

သာသနာအလံကို မဖွယ်မရာလုပ်သူ အမေရိကန်သူသည် လူများ ၀ိုင်းအုံ မရောက်လာမီ စက်ဘီး တစ်စီးဖြင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု မျက်မြင်များက ပြောသည်။

ယခုသေနတ်ပစ်ခတ်လူစု ခွဲခဲ့ရမူနှင့် ပတ်သက်ပြီး ထိခိုက် ဒဏ်ရာရသူ ရှိမရှိကို နိရဉ္စရာက မသိရှိရသေးပါ။ ဆက်လက် စုံစမ်းနေတုန်း ဖြစ်ပါသည်။

(ယခုသတင်းနှင့် ပတ်သက်ပြီး ထူးခြားမူများကို ဆက်လက် တင်ပြသွားပါမည်။)

Narinjara 

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB