မတ်လ (၂၄) ရက်၊ ည (၉) နာရီ အချိန် က ကို........နှင့် သူငယ်ချင်း လေးဦး တို့သည် မိဘဂုဏ်သစ် စက်ရှေ့တွင် ဖုန်းပြော နေခိုက် သစ်စက်သို့ သစ်လာတင်သောကား နှင့် မလွတ်သောကြောင့် သစ်စက် အလုပ် သမား များက ဖယ်ခိုင်းရာမှ စကားများ ရန်ဖြစ်ကြခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။ ထိုသို့ ရန်ဖြစ် ကြရာ သစ်စက် အလုပ် သမားများက သစ်သားတုတ်များ၊ ဓားများ ဖြင့် ရိုက်နှက်သောကြောင့် ကို.......မှာ ယာ နားထင် ပြတ်ရှဒဏ်ရာ၊ ၀မ်းဗိုက်အူထွက် ဒဏ်ရာ ရရှိ၍ သေဆုံးခဲ့ပြီး၊ ကို..........၏ သူ ငယ်ချင်းများ အပါအ၀င် ၀င်ရောက်ဖျန်ဖြေသူ ခြောက်ဦးမှာလည်း ဒဏ်ရာ အသီးသီး ရရှိ၍ ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ပြစ်မှုကျူးလွန်တဲ့လူတွေ အားလုံးကို ဖမ်းဆီးပြီးစစ်ဆေးနေပါတယ်။ အားလုံးငါး ယောက်ပါ ဟု တောင် ဒဂုံ မြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံး သူ၏ အစ်ကို ၀မ်းကွဲ တော်စပ်သူက အရေးယူ ပေးရန် တိုင်တန်းခဲ့ပြီး၊ တောင်ဒဂုံ မြို့မ ရဲစခန်းက (ပ) ၂၆၉/၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂/ ၃၂၄/ ၃၂၅/၁၁၄ ဖြင့် မတ်လ (၂၅) ရက်နေ့၊ နံနက် (၂) နာရီ (၄၅) မိနစ် အချိန် အမှုဖွင့်ကာ အမှုစစ် ဒု ရဲမှူး အောင်ဆန်းဦးက စစ်ဆေးဆောင်ရွက် နေကြောင်း ပထမ သတင်းပေးချက်အရ သိရ သည်။
The Messenger
No comments:
Post a Comment