Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မြန်မာနိုင်ငံတွင် တရုတ်များ အထူးအခွင့်အရေး ရနေမှုမှာ အစိုးရ၏ တာဝန်မဲ့မှုကြောင့်ဟု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

ဧရာဝတီမြစ်ဆုံကိစ္စအ ပါအ၀င် ပြည်တွင်း၌ တရုတ် ကုမ္ပဏီများ အထူးအခွင့်အရေး ရရှိနေခြင်းသည် အစိုးရ၏ တာဝန်မဲ့မှုများကြောင့်ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်သည်။

အစိုးရသည် ပြည်သူလူထု ၏ အခွင့်အရေးကို ကာကွယ်ပေး မှုမရှိခဲ့ဘဲ ဧရာဝတီမြစ်ဆုံကိစ္စ အပါအ၀င် တရုတ်ကုမ္ပဏီများ အား အထူးအခွင့်အရေးများ ပေး ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံတစ်ခုခု၏ လက် အောက်သို့ ကိုလိုနီသဖွယ် ကျ မသွားစေရေးအတွက် လက်ရှိအ ချိန်တွင် နိုင်ငံ၏ အကျိုးကို ပီပီပြင် ပြင် တာဝန်သိသိနှင့် ထမ်းဆောင်မည့်

အစိုးရတစ်ရပ် လိုအပ်နေ ကြောင်း မတ်လ ၂၃ ရက်က ပြင်ဦးလွင်မြို့၌ အထက်မြန်မာပြည်မှ စာရေးဆရာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။


ဧရာဝတီမြစ်ဆုံကိစ္စနှင့် ပတ် သက်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သို့သဘောရှိသည် ကို သိရှိလိုကြောင်း စာရေးဆရာများက မေးမြန်းခဲ့ပြီး မန္တလေးမြို့သည် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုခန့်ကတည်းက ကျဆုံးခဲ့ပြီးဖြစ် ကြောင်း မန္တလေးမြို့ခံ စာရေးဆရာများက ပြောကြားသည်။

ယင်းမေးခွန်းများမှာ ဖြေဆို ရန်ခက်ခဲသည့် မေးခွန်းများဖြစ် သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားပြီး ‘‘ဒါပေမဲ့ ကျွန်မ ဒီကိစ္စကို ရိုးရိုးသားသားနဲ့ ပြတ် ပြတ်သားသား ဖြေပါရစေ။ ဒီ နိုင်ငံဟာ တရုတ်နိုင်ငံအောက်ပဲ ဖြစ်ဖြစ်၊ တခြားနိုင်ငံအောက်ပဲ ဖြစ်ဖြစ် ကိုလိုနီသဖွယ် မကျသွား ချင်ဘူးဆိုရင် ဒီနိုင်ငံအတွက် အ လိုအပ်ဆုံးက ဘာလဲဆိုတော့ နိုင်ငံရဲ့ အကျိုးကို ပီပီပြင်ပြင် တာဝန်သိသိနဲ့ ထမ်းဆောင်မယ့် အစိုးရအဖွဲ့ပဲ ဖြစ်ပါတယ်’’ ဟု ဆို သည်။

စီးပွားရေးကိစ္စများ အပါအ ၀င် အခြားကိစ္စရပ်များတွင် တ ရုတ်ကုမ္ပဏီများကအထူးအခွင့်အ ရေးများ မတော်မတရား ရယူနေ ကြပြီး ဖြေရှင်းပေးရန် ပြည်သူလူ ထုက လာရောက်ပြောဆိုမှုများ ရှိနေသည်ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

‘‘ကျွန်မကမေးတယ်။ ဘယ် သူက ဒီအခွင့်အရေးတွေ ပေး ထားတာလဲ။ ဒီမေးခွန်းကို မေးရ မယ်။ ကျွန်မတို့ သတ္တိရှိရှိနဲ့ မေးရ မယ်။ ဒီနိုင်ငံရဲ့ အခွင့်အရေးတွေ၊ ဒီနိုင်ငံက နိုင်ငံသူ၊ နိုင်ငံသားတွေ ရဲ့ အခွင့်အရေးတွေကို ကာကွယ် ဖို့ တာဝန်ဟာ ဘယ်သူ့မှာအရှိ ဆုံးလဲ။ ဒါ အစိုးရမှာ အရှိဆုံးပဲ။ ဘာဖြစ်လို့ အစိုးရက မကာကွယ် ခဲ့သလဲ။ ကိုယ့်အစိုးရကမှ ကိုယ့် ကို မကာကွယ်ရင် တခြားအစိုးရ တွေက ဘာကိစ္စကိုယ့်ကို ကြည့် နေရမှာလဲ’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် သူ့အနေဖြင့် တ ရုတ်နိုင်ငံဟု တပ်၍ မပြောကြား လိုကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် တစ်ကမ္ဘာ လုံးနှင့် အဆင်ပြေအောင် နေရ မည်ဖြစ်ကြောင်း၊ အထူးသဖြင့် အိမ်နီးချင်းများနှင့် အဆင်ပြေပြေ နေရန်လိုအပ်မည်ဖြစ်ပြီး နှစ်ဖက် လုံးမှ တာဝန်ယူမှု၊ တာဝန်သိမှုရှိရန်လိုကြောင်း ဒေါ်အောင် ဆန်းစုကြည်က သတိပေး ပြော ကြားသည်။

သို့သော် ပြည်သူလူထုအနေ ဖြင့်လည်း နိုင်ငံကာကွယ်ရေး ကိုယ်တိုင်တာဝန်ရှိပြီး ၎င်းတာဝန် ကို ခံယူနိုင်ရန် လိုအပ်ကြောင်း၊ ကိုယ်တိုင်တာဝန်မယူဘဲ လူများ ကို လက်ညှိုးထိုးသည့် အလေ့အ ကျင့်ဖြစ်ပေါ်လာမည်ကိုမူ စိုးရိမ်မိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

Author: မောင်တာ

7Day News Journal

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB