Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ယူနီဖောင်းကို ပြည်သူတွေချစ်အောင် လုပ်ဖို့အရေးကြီးတယ်ဟု ပြောကြားလာသူ ဦးကျော်သူနှင့် တွေ့ဆုံခြင်း

တပ်မတော်နေ့ကျရောက်မည့်ရက် နီးကပ်လာချိန်တိုင်း လွတ်လပ်ရေးရယူပေးခဲ့သည့်ဂုဏ်ကျေးဇူးအား အောက်မေ့ဖွယ်အဖြစ် တီဗီဖန်သားပြင်ပေါ်ကနေ နိုင်ငံ တစ်ဝန်း ရှိ ပြည်သူလူထုတို့အား ရုပ်ရှင်ဇာတ်ကားများကို တပ်မတော်နေ့ဂုဏ်ပြု အစီအစဉ်အနေနှင့် ထုတ်လွှင့် ပြသခဲ့ပါသည်။ ထိုသို့ တပ်မ တော်ဂုဏ်ပြုအစီအစဉ်အဖြစ် ထုတ် လွှင့်ပြသသည့် ရုပ်ရှင်ဇာတ်ကားများထဲတွင် မင်းသားကျော်သူပါဝင် သရုပ်ဆောင်ထားသည့် ဇာတ်ကားများလည်း ပါဝင်ခဲ့ပါသည်။ ထိုကြောင့် စစ်သည်ဇာတ်ကောင် ဇာတ်ရုပ်နှင့် အများပြည်သူများကြည့် ရှုခြင်းခံခဲ့ရဖူးသူ ရုပ်ရှင်မင်းသား ကျော်သူတစ်ဖြစ်လဲ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူနှင့် တွေ့ဆုံခိုက် တပ် မတော်နေ့၊ တပ်မတော်ရုပ်ရှင်ဇာတ်ကား၊  တပ်မတော်အပေါ်အမြင်တို့ မေးမြန်းဖြစ်ခဲ့သည်။


မေး- ဦးကျော်သူအနေနဲ့ ဖြတ်သန်းလာခဲ့တဲ့  ကာလတစ်လျှောက် မြန်မာနိုင်ငံရဲ့ အထင်ကရနေ့တစ်နေ့ဖြစ်တဲ့ တပ်မတော်နေ့နဲ့ ပတ်သက်ပြီး ဘယ် လိုထင်မြင်ယူဆ မိပါ သလဲ။
ဖြေ- တပ်မတော်နေ့ဆိုတာ တပ်မတော်သမိုင်းကို ကြည့်ရမှာပဲ။ ကျွန်တော်အနှစ် ၂ဝ လောက် ဖြတ်သန်းလာခဲ့တဲ့ ရုပ်ရှင်လောကကတည်းက နှစ်တိုင်း၊ နှစ်တိုင်းကို တပ် မတော်နေ့ ဂုဏ်ပြုဇာတ်ကားတွေ ရိုက်တယ်ဆိုရင် ဗကပနဲ့ တိုက်တယ်။ KIA နဲ့တိုက်တယ်။ KNU နဲ့ တိုက်တယ်။ ဒါတွေချည်းပဲ ရိုက်ခဲ့ရတယ်။ အဲဒီတော့ တပ်မတော်က တပ်မတော်ရဲ့သမိုင်းကိုဘာတွေလုပ်ခဲ့လဲ။ ဒီနှစ်တပ်မတော်နေ့ဆို တပ်မတော်က ဘာတွေလုပ်တယ်ဆိုတဲ့သမိုင်းကို ဖော်ထုတ်ဖို့ပဲ အရေးကြီးတယ်။ သမိုင်းကို လိမ် လို့လည်း မရဘူး။ လိမ်တယ်ဆိုရင်လူတိုင်းသိတယ်။ လိမ်လို့မရတဲ့ကိစ္စကို အမှန်တရားတွေသာဖော်ထုတ်ဖို့ အရေးကြီးတယ်။ တပ်မတော်နေ့ဆို တာ တော် လှန်ရေးနေ့ လို့လည်း ပြောတယ်။ နာမည်ကိုအဓိကမထားဘဲနဲ့ တပ်မတော်က ပြည်သူလူထုအပေါ် ဘယ်လိုကာကွယ်ခဲ့တယ်။ တိုင်းပြည်ကို ဘယ်လိုကာ ကွယ်စောင့် ရှောက် ခဲ့တယ် ဆိုတာသာ အဓိက ဖြစ်တယ်။

မေး- တပ်မတော်နေ့နဲ့ ပတ်သက်ပြီး ရိုက်ခဲ့ဖူးတဲ့ ဇာတ်ကားအမှတ်တရတွေကို သိချင်ပါတယ်။ အဲဒီကာလတွေတုန်းက အနုပညာသမားတစ်ယောက် ရဲ့ ရပ်တည်မှု အခြေ အနေကကော ဘယ်လိုရှိခဲ့ပါသလဲ။
ဖြေ – အရင်တုန်းက အမှတ်တရဆိုရင် ကျွန်တော်တို့ “တိမ်ကောနော်ဂျာ” တို့၊ ” လှလေးစိန်” တို့ရိုက်ခဲ့တယ်။ လှလေးစိန်ကတော့ ပြင်ဦးလွင်မှာ ရိုက်ခဲ့လို့ ပြဿနာမရှိဘူး။ တိမ်ကောနော်ဂျာဆို  ကချင်ပြည်နယ်။ အဲဒီတုန်းက လုံးဝအနက်ရောင်နယ်မြေ။ ကျွန်တော်တို့သွားပြီး သက်စွန့်ဆံဖျား ရိုက်ခဲ့ရတယ်။ လုံခြုံရေးဆိုကိုယ့် ကို သေနတ်ပေး ထားတယ်။ ကျည်ဖြည့် ပေးထားတယ်။ ကိုယ့်လုံခြုံရေး ကိုယ့်ဘာသာကိုယ်ယူထား။ ကျော်သူ ခေါင်းတစ်ခေါင်း ဘယ်လောက်၊  မောင် တင်ဦးခေါင်း တစ်ခေါင်း ဘယ်ေ လာက် ဒါမျိုးတွေ ထုတ်ထားပြီးပြီ။ အဲဒီလိုသက်စွန့်ဆံဖျား လနဲ့ ချီပြီးကျွန်တော်တို့သွားရိုက်ခဲ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့ဘက် ကလည်း ပေး ဆပ်နေရတာပဲ။
ဒီဟာတွေက ကျွန်တော်တို့ လုပ်ခဲ့ရတဲ့အပိုင်းကလည်း လုပ်ခဲ့ရတယ်။ ခိုင်းလို့လုပ်တာလည်း ရှိတယ်။ တချို့က လုပ်ချင်လွန်းလို့ လုပ်တာရှိတယ်။ တချို့က အခွင့်အရေး ရချင်လို့လုပ်တာ တွေရှိတယ်။ ဒါက အနုပညာသမားတွေရဲ့ကဏ္ဍ။ အနုပညာသမားတွေအနေနဲ့လည်း ကိုယ့်မှာ ဦးနှောက်ရှိတယ်။ ကိုယ်ဘာလုပ်သင့်လဲ။ လုပ်သင့်ရင် လုပ်၊ မလုပ်သင့်ရင်မလုပ်နဲ့။ ဒါပဲရှိတယ်။

မေး- အများပြည်သူက ချစ်ခင်လေးစား၊အားထားရတဲ့ ပြည်သူ့ တပ်မတော်ဖြစ်ဖို့ဘယ်အရာက အရေးကြီးမယ်လို့ ထင်မြင်မိပါသလဲ။
ဖြေ – တပ်မတော်ဆိုတာ ဟိုးအရင် ကျွန်တော်ရုပ်ရှင်ရိုက်ခဲ့တုန်းကပြောခဲ့ဖူးတယ်။ တပ်မတော်နေ့ရုပ်ရှင်ကားရိုက်တယ်။ ကြံ့ခိုင်ရေး နှစ်ပတ်လည်ကား ရိုက်တယ်။ ရိုက် တဲ့အခါ ကျွန်တော်တို့ကို  အစည်းအဝေးခေါ်တယ်။ ဘာပြောချင်လဲ။ ကျွန်တော်ကပြောတယ်။ ယူနီဖောင်းကို ပြည်သူတွေချစ်အောင်၊ အားကိုးအောင်၊ ယုံကြည်ေ အာင် လုပ်ဖို့အရေးကြီးတယ်။ ဥပမာ-လှလေးစိန်ဆိုရင် တပ်မတော်သားတစ်ယောက်ရဲ့ တကယ့်လက်တွေ့ ဖြစ်ခဲ့တဲ့ဟာတွေ။ စစ်တပ်ထဲမဝင်ခင် အပြင်မှာ ဂေါ် လီလိုနေ တယ်။ လမ်းသရဲလိုနေတယ်။ တပ်ထဲရောက်တော့လည်းကမောက်ကမတွေ ဖြစ်တယ်။ သေနတ်ပစ်တဲ့ နေရာမှာ၊ လက်ပစ်ဗုံးပစ်တဲ့နေရာမှာ အလွဲလွဲ၊ အမှားမှားတွေဖြစ် တယ်။ ဒါလူတစ်ယောက်ရဲ့ ဘဝကိုဖော်ကျူးတာ။ စစ်တပ်ထဲမှာလည်း ဒီလိုဟာမျိုးတွေရှိ တယ်။ ဒါပေမဲ့ နောက်ဆုံး ဒီကောင်အနစ်နာခံပြီးတော့ အသေ ခံသွားတယ်။ ဒီဟာလေးကို ပြလိုက်မယ်ဆိုရင် ပြည်သူကအလိုလိုနေရင်းဇာတ်ကောင်ကို ချစ်သွားမယ်။ ဇာတ်ကောင်ကို ချစ်သွားမယ်ဆိုရင် ဇာတ်ကောင် ရဲ့ကာရိုက်တာကို ချစ်သွား မယ်။ ဇာတ်ကောင်ကာရိုက်တာကို ချစ်သွားမယ်ဆိုရင် ကိုယ်ဖော်ကျူးချင်တဲ့ တပ်မတော်သားပဲ ဖြစ်ဖြစ်၊ ကြက်ခြေနီပဲဖြစ်ဖြစ်၊ မီးသတ်ပဲဖြစ်ဖြစ် ယူနီဖောင်းကို ချစ်သွား မယ်။ ယူနီဖောင်းချစ်အောင်လုပ်ဖို့ အရေးကြီးတယ်။

မေး- နောက်ပိုင်းမျိုးဆက်သစ်တွေအနေနဲ့ တပ်မတော်နေ့ဖြစ် တည်လာပုံတွေကို ဂဃနဏ မသိကြတော့ဘဲတန်ဖိုး ထားရ ကောင်းမှန်းမသိတဲ့ အနေအ ထား တွေ ဖြစ် လာပါတယ်။ ဒီလိုအခြေအနေမှာ ဘယ်လိုပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်သင့်တယ်လို့ ထင်မြင်မိပါသလဲ။
ဖြေ- နိုင်ငံတော်အစိုးရအပေါ်မှာပဲ မူတည်ပါတယ်။ အစိုးရက တကယ့်ကို အမှန်အကန်တွေချပြမှ၊ ပြည်သူ တွေလက်ခံနိုင်တဲ့ သမိုင်းအစစ်အမှန်တွေကို ဖော်ကျူးပြနိုင်မှ မျိုးဆက်သစ် တွေကလည်းသိမယ်။ အခုဆို ကလေးတွေအနေနဲ့တပ်မတော်နေ့ဆိုတာ ဘာမှန်းမသိဘူး။ သီဟတင်စိုးဂျပန်တွေနဲ့ တိုက်နေတယ်။ သီဟတင်စိုးနေ့လား။ ဒါမျိုးတွေဖြစ်လာတယ်။ တပ်မတော်နေ့ဆိုတာ ဂျပန်တွေကို လည်းတိုက်လာတယ်။ အင်္ဂလိပ်တွေကိုလည်း တိုက်လာတယ်။ သမိုင်းအစစ်တွေကိုဖော်ကျူးဖို့ အရေးကြီး တယ်။ အဲဒီတော့ မြန်မာပြည်မှာက နေ့ထူး၊ နေ့ မြတ်တွေဆိုရင် နှစ်ပေါက်၊ ရက်ပေါက်ကို ဖြစ်နေပြီ။ 

ဘယ်နေ့ တွေပဲဖြစ်ဖြစ် အကုန်လုံးပေးဆပ်ခဲ့ရတယ်။ အနစ်နာခံ ခဲ့ရတယ်။ အသက်စွန့်ခဲ့ရတဲ့နေ့ တွေအများကြီးပဲ။ အဲဒီနေ့တွေကို ဖော်ကျူးမယ်ဆိုရင် တစ်နှစ်ပတ်လုံး ပွဲတော်ချည်းပဲဖြစ်ကုန် လိမ့်မယ်။ မြန်မာပြည်အတွက် တကယ့်ကို သမိုင်းဝင်ခဲ့တဲ့ တပ်မတော်နေ့တို့၊ အာဇာနည်နေ့တို့ ဆိုတာတွေကို အထင်ကရနဲ့ သေသေချာချာလုပ်သင့်တယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ဆိုရင် ဦးဝိစာရလမ်းမှာ တပ်မတော်သားတွေ  ချီတက်လာတယ်။ ပြည်သူလူထုကလည်း တကယ့်ကိုထဲထဲဝင်ဝင်၊ နှစ်နှစ်ကာကာကို ပန်းကုံးတွေ စွပ်တယ်။ ပြည်သူလူထုထဲ ဆင်းပြီးတော့ ရဲရဲဝင့် ဝင့်လုပ်ပြဖို့ အချိန်တန်ပြီ။ ကိုယ့်ဘာသာ ကိုယ်နေပြည်တော်သွားပြီး တပ်မတော်နေ့ ချီတက်ပြတယ်။ ပြည်သူလူထုကိုလည်း တီဗီမှာ ပြတာပဲ။

ပြချင်တာပြနေတာပဲဆိုပြီး တန်ဖိုးမထားတတ်တဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ ဒါကို ပြည်သူလူထုပါပါအောင် လုပ်ဖို့အရေးကြီးတယ်။ တပ်မတော် ဆို တာ ပြည် သူလူထုကို ကာကွယ်ရမယ်။ တိုင်းပြည်ကို ကာကွယ်ရမယ်။ ဒါမှလည်း ပြည်သူ့တပ်မတော်ဆို တာဖြစ်မယ်။ ပြည်သူ့တပ်မေ တ်ာဖြစ် အောင်ကြိုးစားဖို့ အေ ရးကြီး တယ်။

မျိုးမောင်/popularmyanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB