Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မိဘဆိုတာ


★ မိဘဆိုတာမြတ်သော အလှူခံကြီးတွေပါ။မိဘပြစ်မှားတဲ့ ပြန်ပြောတဲ့ပုဂ္ဂိုလ်
နှုတ်ကြမ်းတဲ့ပုဂ္ဂိုလ်သည် ပါးစပ်မှာ လောက်တွယ်တဲ့ ပြိတ္တာဘုံ ရောက်ပါတယ်။

★ မိဘဆရာသမား၊ အလှူခံပုဂ္ဂိုလ်တွေကို မရိုသေတဲ့သူသည် သူများအထက် ဘယ်တော့မှမရောက်ပါ။
ကိုယ်ငယ်ငယ်က မိဘအပေါ် ချီးပါချ၊ သေးပါချ မိဘတွေကမုန်းမှမမုန်းတာ၊ ကိုယ့်အပေါ်သည်းခံတာပဲလေ။မိဘတွေကကိုယ့်အပေါ် ချီးမှပါမချသေးတာ သည်းခံရမယ်။

★ မိဘကျွေးလို့လဲကြီးလာရသေးတယ်၊ နဲနဲလေးကြီးလာလို့ လုပ်ရည်ကိုင်ရည်ရှိလာတာနဲ့ မိဘကိုအထင်သေး၊ပြန်ပြော၊ အမေတို့လုပ်ပုံနဲ့ဘယ်တော့ ချမ်းသာမှာလဲ၊
အဖေတို့လုပ်ပုံနဲ့ဘယ်တော့ ချမ်းသာမှာလဲ၊ ဒီလိုအခြေအနေရောက်ရင် (ပြစ်မှားတဲ့ ရာနှုန်းများလာရင်) ဘုန်းဘုန်းတို့လဲ မကယ်နိုင်ဘူးနော်။ ဘယ်သူမှ မကယ်နိုင်ဘူးနော်။ ဓမ္မသဘောက မျက်နှာမလိုက်ဘူး။

★ ဘုန်းဘုန်းကချွေးမတွေကိုလဲ ဆုံးမရတယ်။ ယောက်ျားက မိဘကိုရိုသေလို့ ဘုန်းကြီးရင်နင်တို့လဲ ချမ်းသာမယ်။မပြစ်မှားနဲ့။

★ အမေကလဲ၊ အဖေကလဲလို့မသုံးသင့်ဘူး။ ကျေးဇူးကြီးလွန်းလို့ပါ။
ကိုယ့်ရဲ့အတွေးစာမျက်နှာမှာ ဘယ်ဟာကအရေးကြီးလဲ၊မိဘကအရေးကြီးတာလား၊ မိန်းမလား၊ ယောက်ျားလား၊သားသမီးလား၊ စဉ်းစားကြပါ။ မိဘရောပါရဲ့လား။ ယော
က်ျားက မိဘကိုအရေးတကြီးထားရင်လဲ မိန်းမကနားလည်ပေးရမယ်။ မိန်းမက မိဘကိုအရေးတကြီးထားရင်လဲ ယောက်ျားကနားလည်ပေးရမယ်။

★ မင်္ဂလသုတ္တန်မှာ မာတာပိတုဥပဋ္ဌာနံလေ။ မိဘကိုရင်ထဲအေးချမ်းအောင်နေပါ။ မိဘကိုတန်ဖိုးထားရမယ်နော်။ဟေးလားဝါးလား လုပ်ရဲရင် မိဘကိုလဲကန်တော့ရဲရမယ်၊
မဟုတ်တာမှလုပ်ရဲတယ်ဆိုရင် ဟုတ်တာလည်းလုပ်ရဲရမယ်။ အကျိုးမရှိတာလုပ်ရဲရင် အကျိုးရှိတာလည်းလုပ်ရဲရမယ်။

အမေနဲ့သေခန်းပြတ်၊ အဖေနဲ့သေခန်းပြတ်ဆိုတဲ့ ပုဂ္ဂိုလ်တွေသည် တရားနာလို့မရနိုင်ဘူး။ သဘောမပေါက်နိုင်ဘူး။ မဂ်တားဖိုလ်တားဖြစ်တတ်တယ်။

★ အမေမှားလည်းအမေမှန်တယ်။ အဖေမှားလည်းအဖေမှန်တယ်။

★ မိဘပြောချင်တာပြောပစေ၊ မိဘကိုအမှန်ထားရမယ်၊တကယ်ချစ်ရမယ်နော်။

★ မိဘဆရာသမားကိုချစ်ရင် တစ်ခွန်းတည်းသောစကားနဲ့နားထောင်ရတယ်။ ပြန်မပြောရဘူး။ နောက်မှ အကျိုးအကြောင်းရှင်းပြရတယ်။

★ ကိုယ့်ဘ၀တကယ်တိုးတက်ချင်ရင် စီးပွားတိုးတက်ချင်ရင်မိဘ၊ ဆရာသမားကို အင်မတန်ရိုသေရတယ်။ နဖူးနဲ့ခြေမထိပြီး ပူဇော်ကြ၊ မြတ်နိုးကြ၊ မော်ကြည့်ကြ။

(ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ)

(နန္ဒာလေး)

မူရင်း=="မိဘ"

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB