ယာဉ်ထိန်းရဲ
ဝိုင်းဝန်းထုရိုက်ဖျက်ဆီးမှု မြောက်ဒဂုံမြို့နယ် တွင် ဖြစ်ပွားခဲ့ပြီး 
ကျူးလွန်သူများကို ထိရောက်စွာ အရေးယူခြင်းမရှိပါက သက်ဆိုင်ရာ 
ဝန်ကြီးဌာနသို့ပါ တိုင်တန်းသွားမည်ဟု ကာယကံရှင်ဖြစ်သူ ဦးစိုးပိုင်က မတ်လ 
၂၇ ရက်က မဇ္ဈိမကို ပြောသည်။
မတ်လ 
၂၃ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါအမှုတွင် သက်ဆိုင်ရာရဲစခန်းကို 
ချက်ချင်းအမှုဖွင့် တိုင်ကြား သော်လည်း အရေးယူပေးမှု မရှိဘဲ သုံးရက်မြောက်နေ့
 မှ အရေးယူဆောင်ရွက်ပေးခဲ့သည့်အပေါ် အထက် ပါအတိုင်း 
ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ရဲစခန်းမှာ 
ညတိုင်းသွားတိုင်တယ်။ အမှုမဖွင့်ပေးဘူး။ နောက်ပိုင်း အမှုမဖွင့်ပေးလို့ သွား 
တိုင်မယ်လုပ်တော့ တိုင်စာက ယာဉ်ထိန်းရဲဆိုတာကို ပြောင်းခိုင်းတယ်။ 
ယာဉ်ထိန်းရဲဝတ်စုံ ၀တ်ဆင် ထားသူလို့ ပြောင်းခိုင်းတယ်။ အဲလို 
ပြောင်းပေးမှပဲ အမှုဖွင့်ပေးလိုက်တယ်”ဟု ကာယကံရှင်ဖြစ်သူ ဦးစိုး ပိုင်က 
ပြောသည်။
အမှုမှာ မတ်လ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်က 
ကာယကံရှင်နှင့် မိတ်ဆွေတစ်ဦးတို့ စီးနင်းလာသည့် တိုယိုတာ 
ဘယ်တာအမျိုးအစားကားကို မြောက်ဒဂုံမြို့နယ် ဗိုလ်ဗထူးလမ်းနှင့် 
ပြည်ထောင်စုလမ်းထောင့် (၄၆) လမ်းဆုံအရောက်တွင် ယာဉ်ထိန်းရဲ ငါးဦး 
စီးနင်းလာသည့် ပရိုဘောက်ယာဉ်က နောက်မှလိုက် လာပြီး ရပ်တန့်ခိုင်းခဲ့သည်ဟု 
ဆိုသည်။
ထို့နောက် လမ်းဘေးသို့ ရပ်တန့်ပေးသည့်အခါ 
ယာဉ်ထိန်းရဲများစီးနင်းလာသည့် မော်တော်ယာဉ်က နောက်မှ ၀င်တိုက်ခြင်း၊ ဘေးမှ 
ဝင်တိုက်ခြင်းနှင့် ရှေ့မှာ ကျော်တက်၍ နောက်ဆုတ်ပြီး ၀င်တိုက်ခြင်းများ 
ပြုလုပ်ခဲ့သည်ဟု ရဲထံတိုင်တန်းရာတွင် ထွက်ဆိုထားသည်။
“ယာဉ်ထိန်းရဲတွေက
 ယူနီဖောင်းတွေချွတ်ပြီး သံတုတ်တွေ၊ ကားချိုင့်တွေနဲ့ ကားတစ်စီးလုံးကို 
ဝိုင်းရိုက် တာ၊ ကျွန်တော်တို့က ကြောက်လို့ ဘာမှကို မပြောရဲဘူး၊ 
နောက်ကားစက်နှိုးပြီး ထွက်ပြေးခဲ့ရတယ်”ဟု ဦးစိုးပိုင်က ပြောသည်။
ထို့ကြောင့်
 အဆိုပါ ရိုက်နှက်ခဲ့သည့်ဖြစ်စဉ်ကို မြောက်ဒဂုံရဲစခန်းသို့ 
သွားရောက်တိုင်ကြားရာတွင် သာမန် ယာဉ်တိုက်မှုဖြင့် အရေးယူပေးရန် 
ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်ဟု ကာယကံရှင်က ပြောပြ ထားသည်။
ထို့နောက်
 အကျိုးဖျက်ဆီးမှု၊ ၀ိုင်းဝန်းအကြမ်းဖက်မှုများဖြင့် အရေးယူပေးရန် 
နေ့စဉ်သွားရောက်တိုင်ကြား ခဲ့သည့်အတွက် မတ်လ ၂၆ ရက်ညမှသာလျှင် 
စခန်းမှူးဖြစ်သူက အမှုဖွင့်ပေးခဲ့သည်ဟု ဦးစိုးပိုင်က မဇ္ဈိမကို ပြောသည်။
အဆိုပါ
 ဖြစ်စဉ်တွင် ၀ိုင်းဝန်းရိုက်နှက်ခံရသည့် မော်တော်ကားမှာ ရှေ့လေကာ မှန်၊ 
နောက်လေကာမှန်၊ ဘေးတံခါးများနှင့် ဘောနက်ဖုံးများမှာ ပျက်စီးခဲ့ပြီး 
ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၅၀ အထက်ရှိသည်ဟု တရား လိုဘက်က ဆိုသည်။
ထို့ပြင် ကားအတွင်းတွင်လည်း ယာဉ်ထိန်းရဲများ အသုံးပြုလေ့ရှိသည့် စကားပြောစက်တစ်ခုကျန်ရှိခဲ့သည်
အဆိုပါ
 ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုစစ်ဖြစ်သူ ရဲအုပ်ဇော်ဝင်းအောင်က 
“အမှုဖွင့်တိုင်တန်းထားတာ မှန်ပါ တယ်။ ဒါပေမဲ့ စစ်ဆေးဆဲဖြစ်နေလို့ 
ဘာမှပြောလို့ မရသေးပါဘူး”ဟု မဇ္ဈိမ၏ ဆက်သွယ် မေးမြန်းမှုကို 
ပြန်လည်ဖြေကြားခဲ့သည်။
လက်ရှိတွင် အဆိုပါ အမှုကို မြောက်ဒဂုံရဲစခန်းက
 (ပ) ၁၄၉/၂၀၁၄ ဖြင့် အမှု ဖွင့်ထားပြီး ပြစ်မှုပုဒ်မ ၂၉၄/ ၄၂၇/၃၂၃ /၅၀၆/ ၁၁၄ 
တို့ဖြင့် အရေးယူရန် အမှုဖွင့်ပေးထားသည်ဟုဦးစိုးပိုင်က ပြောသည်။
Mizzima 
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
Subscribe to:
Post Comments (Atom)
| No | Title | Singer | Listen/Download | Size | 
|---|---|---|---|---|
| 1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB | 
| 2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB | 
| 3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB | 
| 4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB | 
| 5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB | 
| 6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB | 
| 7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB | 
| 8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB | 
| 9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB | 
| 10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB | 
| 11 | သုည | လင်းလင်း | Click Here !! | 2.00 MB | 
| 12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB | 
No comments:
Post a Comment