Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ကျိုင်းတုံရှိ ပြည်ခိုင်ဖြိုး ပါတီပိုင် Bright Time စက်သုံးဆီဆိုင် မြို့ ပြင်ပြောင်းရမည်

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့လယ်ရှိ မြို့မဈေးကြီးနှင့် ကပ်လျက်တွင် ဖွင့်လှစ် ရောင်းချနေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပိုင် Bright Time Trading Co.,Ltd. စက်သုံးဆီ အရောင်းဆိုင်ကို မီးဘေး အန္တရာယ် စိုးရိမ်ရသဖြင့် မြို့ပြင်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ရန် အကြောင်းကြား ထားကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့မိမြို့ဖများထံမှ သိရသည်။

ကျိုင်းတုံ-တာချီလိတ် ကားလမ်းဘေးတွင်ရှိသော Bright Time စက်သုံးဆီ အရောင်းဆိုင်သည် မြို့လယ်တွင် တည်ရှိနေသည် သာမက မြို့မဈေးကြီး အနီးတွင် တည်ရှိသဖြင့် မီးဘေးအန္တရာယ် ကျရောက်လာပါက ပျက်စီးဆုံးရှုံးမှု ကြီးမားနိုင်သဖြင့် ပြည်နယ် အစိုးရအဖွဲ့ထံ မြို့မိမြို့ဖများက တင်ပြ တောင်းဆိုကြသဖြင့် မြို့ပြင်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ရန် အကြောင်းကြားရခြင်း ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဦးက ပြောကြားသည်။


“မြို့မိမြို့ဖတွေက ဒီစက်သုံးဆီ အရောင်းဆိုင်ကို မြို့လယ်ကောင်နဲ့ ဈေးအနီးမှာ ဆက်ပြီးထားမယ်ဆိုရင် မြို့မီးဘေး အန္တရာယ်အတွက် စိုးရိမ်ရတယ်လို့ ပြည်နယ် အစိုးရထံကို တင်ပြကြတယ်။ ဒါကြောင့် ကော်မတီဖွဲ့ပြီး စစ်ဆေး တွေ့ရှိချက်တွေအရ အမှန်တကယ် မြို့အတွက် မီးဘေးအန္တရာယ် စိုးရိမ်ရလို့ ပြောင်းရွှေ့ခိုင်းရတာပါ။ သူတို့ကို ပြောင်းရွှေ့ပေးဖို့ အကြောင်းကြား ထားတာကလည်း ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလထဲကပါ။ အခုလည်း အမြန်ပြောင်းရွှေ့ပေးဖို့ ထပ်နှိုးဆော်ထားပါတယ်” ဟု ၎င်းကဆိုသည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများက ကော်မတီများ ဖွဲ့စည်းကာ စစ်ဆေးခဲ့ပြီး ပြောင်းရွှေ့ပေးရန် ညွှန်ကြားထားသည်မှာ လေးလခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း လက်ရှိ အချိန်ထိ စက်သုံးဆီ အရောင်းဆိုင်မှာ ပြောင်းရွှေ့ပေးခြင်း မရှိသေးကြောင်း မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးစိုင်းဟောင်ခမ်းက ပြောကြားသည်။
“အဘတို့က ဒီဆီဆိုင်ကို ပြောင်းရွှေ့ ပေးစေချင်တာက မြို့နေပြည်သူလူထု အကျိုးအတွက်ကြောင့်ပါ။ ဆီဆိုင်က မြို့အလယ်မှာတင် မကဘူး ဈေးကြီးနဲ့ ခြံစည်းရိုး ကပ်နေတာဆိုတော့ တကယ်လို့သာ မီးလောင်ကြည့်လိုက် လူတွေတောင် မနည်းလွတ်အောင် ပြေးရမှာ။ ကျန်တဲ့ ပစ္စည်းဥစ္စာကတော့ ယူဖို့ဆိုတာ စဉ်းစားမနေနဲ့” ဟု ၎င်းကဆိုသည်။

လက်ရှိ မိမိတို့ ရောင်းချနေသည့် စက်သုံးဆီ အရောင်းဆိုင်သည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကတည်းက မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ ရောင်းချနေသည့် ဆိုင်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ထံမှ ဝယ်ယူထားခြင်း ဖြစ်ပြီး မီးဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို အပြည့်အဝ ပြုလုပ်ကာ ဆက်လက် ရောင်းချနေခြင်း ဖြစ်ကြောင်းနှင့် ဆိုင်ပြောင်းရွှေ့ရန် မြေနေရာ ရှာဖွေ မရရှိသေးသဖြင့် မပြောင်းရွှေ့နိုင်သေးခြင်း ဖြစ်ကြောင်း Birght Time Trading Co., Ltd. မှ စက်သုံးဆီ အရောင်းဆိုင် မန်နေဂျာ ဦးနိုင်ထွန်းနွဲ့က ပြောကြားသည်။

ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက် မြေဧက ၀ ဒသမ ၂၂၈ ပေါ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းပိုင်၊ စက်သုံးဆီ အရောင်းဆိုင်အမှတ် ၀၇၄၇ ကို ၂၀၁၀ ပြည့်နှစ် မတ်လ ၂၅ ရက်နေ့တွင် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ထံမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပိုင် Birght Time Trading Co., Ltd. က ၁၃၉၀ ဒသမ ၇၆၇၇ သန်းဖြင့် ဝယ်ယူကာ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB