Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ခေါင်းဆောင်ဆိုတာထက် အနုပညာအလုပ်လုပ်တဲ့ သရုပ်ဆောင်ဘ၀ကို ပိုသဘောကျတဲ့ ဆုမြတ်နိုးဦး

လက်ရှိမှာဇာတ်ကားတွေလဲ ပုံမှန်ရိုက်နေရသလို ထွက်သမျှ ဇာတ်ကားတိုင်းကလဲ ပရိသတ်နဲ့ အပေးအယူတည့်နေတာတဲ့ ဆုမြတ်နိုးဦးကို သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သတ်ပြီး အနည်းငယ်မေးမြန်းကြည့်မိတဲ့အခါ ‘ခုရိုက်နေတဲ့ ကားလေးက ချိုသောအရှုံးတဲ့။ ကိုမင်းသွေး၊ မဒါနဲ့ညီမပေါ့။ မြတ်နိုးက အဲကားထဲမှာ မဒါရဲ့သမီး၊ ကိုမင်းသွေးကိုကြိုက်တဲ့ ကောင်မလေး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ။် မဒါနဲ့ကသားအမိ။ ကိုမင်းသွေးက မဒါကိုကြိုက်တယ်။ မြတ်နိုးကကျတော့ သူ့ကိုကြိုက်တယ်။ အပြင်မှာ အချစ်ဆိုတာဘာလဲတော့မသိဘူး။ ဇာတ်ညွှန်းဖတ်ပြီး စိတ်ထည့်ပြီး သရုပ်ဆောင်တာများတယ်။ ပြီးတော့ဆရာတွေ သင်တဲ့အတိုင်းပေါ့။ လာငှားတဲ့ဇာတ်တိုင်းကိုတော့ အမေနဲ့တိုင်ပင်ပြီး သေချာလေးရွေးဖြစ်တယ်။ ကိုယ့်အတွက် လုပ်ကွက်လဲရမယ်။ ပရိသတ်လဲ သတိထားမိမယ် ဆိုရင်တော့ ရိုက်ပါတယ်။ ဒီဇာတ်လေးကကျတော့ သားအမိနှစ်ယောက်နဲ့ကောင်လေးတစ်ယောက်ရဲ့ ကြားက ပတ်သက်မှုတွေဆိုတော့ ဆန်းမယ်ဆိုပြီး ရိုက်ဖြစ်ခဲ့တာပါ။’လို့ သူမက ပြောပါတယ်။

ပရိသတ်တွေက ဆုမြတ်နိုးဦလို့ သိသွားစေတဲ့ ဇာတ်ကားတွေအကြောင်းကိုတော့ သူက ‘မြတ်နိုးကို ပရိသတ်တွေ သိသွားစေတဲ့ ကားတွေကတော့ ကျိုက်ထီးရိုးမှာရိုက်တဲ့ ကျိုက်ထီးရိုးရေစက်ဆိုတဲ့ကားရယ်၊ ရွှေနန်းကျင်ရေစက်ဆိုတဲ့ကားရယ် ဖြစ်လိမ့်မယ်။ ကျန်တဲ့ကားကတော့ ကားဆိုတဲ့ကားရယ်။ ဂေါက်သီးဆိုတဲ့ကားရယ် ရိုက်ဖြစ်ပါတယ်။ မြတ်နိုးကတော့ ကိုယ့်အတွက် လုပ်ကွက်ရမယ်ဆိုရင် လက်ခံရိုက်ကူးဖြစ်ပါတယ်။ အရမ်းဆိုးတဲ့ အခန်းတွေဆို ရိုက်ဖြစ်မှာမဟုတ်ပါဘူး။ နှုတ်ခမ်းချင်း နမ်းတာတို့ ဘာတို့ဆိုမရိုက်ပါဘူး။ ဒါပေမဲ့မြတ်နိုးတို့ရှေ့မှာ ရိုက်ခဲ့တဲ့ ကိုစိုင်းစိုင်းခမ်းလှိုင်နဲ့ကား  နမ်းသူ့သမိုင်းမှာ နဖူးကိုနမ်းတယ်။ အနမ်းကိုက ဖြူစင်သောအနမ်းနဲ့ဝင်လာတဲ့ သူငယ်ချင်းတွေကို ကြိုဆိုတာဖြစ်တဲ့အတွက် အဲဒါမျိုးကတော့ ညီမရိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးတွေ ကြည့်လို့မသင့်တော်မယ့် ကားမျိုးကိုတော့ မြတ်နိုး ရှောင်ရိုက်ခဲ့ပါတယ်။ ရိုက်ဖြစ်မှာလဲ မဟုတ်ပါဘူး။ မြတ်နိုး ခုနောက်ပိုင်းမှာ ဇာတ်ကားတွေလဲ တော်တော်များများမှာ ပါလာရတယ်။ အဓိက ကမြတ်နိုးအလုပ်ကို မြတ်နိုးစိတ်ဝင်စားတယ်။ မြတ်နိုးကိုပေးထားတဲ့ အချိန်တိုင်း အတိအကျလာတယ်။ မြတ်နိုးဘက်ကစပြီး ပျက်ကွက်ခဲ့တာမရှိဘူး။ ပြီးတော့မြတ်နိုးကြိုးစားတယ်။ ဆင်းလ်ပေါ်မှာပဲဖြစ်ဖြစ် မြတ်နိုးကိုပြောထားတဲ့အချိန်တိုင်း အတိအကျ လာပေးပါတယ်။ မြတ်နိုးက နေရာမရွေးဘူး။ ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ အရန်ပဲဖြစ်ဖြစ်၊ ဒုတိယပဲဖြစ်ဖြစ် မြတ်နိုးတို့အတွက် နေရာလေးရပြီး ပရိသတ်သတိထားမိမယ်ဆိုရင် ညီမရိုက်မှာပါ။ လူတွေကလဲ အရင်ကလောက် အစွဲမရှိတော့ဘူး။ နားလည်နေကြပြီ။ အပြင်မှာ တကယ်မဟုတ်မှန်းကို သိနေကြပါပြီ။ မြတ်နိုးက ခေါင်းဆောင်ဆိုတာထက် အနုပညာအလုပ်လုပ်တဲ့ သရုပ်ဆောင်တစ်ယောက်ဘ၀ကို မြတ်နိုးပိုတန်ဖိုးထားပါတယ်’တဲ့။

 ခင်ဆွေသက်/Trend Myanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB