နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ် ရပ်စဲရေးအတွက် ဦးတည် လုပ်ကိုင်နေသော မြန်မာနိုင်ငံတွင် အပစ်အခတ်
ရပ်စဲရေးလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်ပြီးစီးခြင်း မရှိဘဲ
နိုင်ငံရေးဆွေးနွေးမှုများ စတင်ပြုလုပ်ပါက လက်နက်ကိုင် ပဋိပက္ခများဆီသို့
ပြန်လည် ဦးတည်သွားနိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၇
ရက်နေ့တွင် ကျရောက်သည့် (၆၉) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား
မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစွာ မဆောင်ရွက်ဘဲ နိင်ငံရေး
ဆွေးနွေးပွဲတွေ ဆောင်ရွက်နေရင် သဘောထား မတိုက်ဆိုင်မှုတွေကြောင့် မလိုအပ်ဘဲ
အချိန် ကြန့်ကြာနိုင်သလို နဂိုရှိပြီးသား ညှိနှိုင်း သဘောတူမှုတွေပါ
ပျက်ပြယ်သွားနိုင်ပြီး လက်နက်ကိုင် ပဋိပက္ခတွေဆီကိုပဲ ပြန်လည်
ဦးတည်နိုင်တယ် ဆိုတာကို သတိထားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက သတိပေး ပြောဆိုသည်။
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
ရခိုင်မျိုးချစ်များ မျက်လုံးဖွင့်ကြပါ
ရခိုင်ပြည်နယ်၌ ပြဿနာများ တခုပြီးတခု ဖြစ်လာနေခြင်းသည် ရခိုင်ပြည်သူများအတွက် အထူး သတိထား နေထိုင်ရမည့် အခြေအနေ ဖြစ်ပါသည်။
အခုရက်ပိုင်းအတွင်း နိုင်ငံတကာ NGO ၀န်ထမ်း အမေရိကန် အမျိုးသမီးတဦးက ၎င်းတို့၏ ရုံးတွင်လွှင့်ထူ ထားသည့် သသနာ့ အလံအား ဖြုတ်ချမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခသည် ကျယ်ပြန့်သွားသည့်အပြင် အပြစ်မရှိသော ကလေးငယ် တဦး၏ အသက်ကိုပါ ပေးဆပ်လိုက်ရသည်။
ပြဿနာများ ဆက်တိုက်ဖြစ်ပွားနေခြင်း၏ နောက်ကွယ်တွင် လှုံ့ဆော်နေသည့် အဖွဲ့အစည်းတရပ် သို့မဟုတ် စွမ်းအားရှင်၊ သို့မဟုတ် လူမိုက်ဂိုဏ်း ကဲ့သို့ အုပ်စုတစုကို မွေးမြူ၍ လှုပ်ရှားခိုင်းစေမှုများ ရှိနေသလားဟုလည်း သံသယဖြစ်မိပါသည်။

ပရိတ်သတ်က အမှတ်တရ ပစ္စည်းတောင်းရာ အတွင်းခံများ ချွတ်ပြီး လက်ဆောင်ပေးခဲ့သော မော်လ်ဒယ်

တရုတ်နိုင်ငံ အင်တာနက်စာမျက်နှာ တခုက အံ့အားသင့်စေတဲ့ အမှတ်တရ လက်ဆောင် ပစ္စည်းပေးခြင်း မြင်ကွင်း ဖြစ် ပါတယ်။ အသက် ၃၁ နှစ်အရွယ် Gloria ရဲ့ မြင်ကွင်းတွေပါ။
သူ့ဟာ ကျော်ကြားတဲ့ မော်ဒယ်တဦးဖြစ်ပြီး အမှတ်တရ ပစ္စည်းတောင်းတဲ့အခါ သူက ပါလာသမျှ အခုလို ချွတ်ပေးနေတာပါ တဲ့။
ရန်ကင်းမှာ ခေါင်းဖြတ် အသတ်ခံရမှုနှင့် ပတ်သက်၍ လူ ၂၀၀ ခန့် ယနေ့ဆန္ဒထုတ်ဖော်မည်
ရန်ကုန်တိုင်း
ဒေသကြီး၊ ရန်ကင်းမြို့ နယ် အတွင်း ၌ ခေါင်းဖြတ် အသတ်ခံ ရမှုနှင့်
ပတ်သက်၍ ပြည် သူ များ ဘ၀ လုံခြုံမှု ရှိ စေရေး အတွက် မင်းမဲ့ စရိုက် များ
ဖြစ်ပေါ် နေခြင်း ကို ပပျောက် စေရန် နှင့် တရား ဥပ ဒေ စိုးမိုးမှု ရှိစေ
ရန်အတွက် ရပ်ကွက် နေ ပြည်သူ နှစ်ရာ ခန့် ယနေ့ ဆန္ဒ ထုတ်ဖော်
မည်ဖြစ်ကြောင်း ဆန္ဒပြ ပြည်သူများထံမှ သိရသည်။
ဒီလူသတ်မှု က လူမဆန်စွာ ရက်ရက် စက်စက် သတ် သွားတာ။ ပြစ်ဒဏ်နဲ့ ပြစ်မှု ကို ကိုက်ညီအောင် ဆောင်ရွက်ပေးစေချင်တယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘ၀ လုံခြုံ မှု ရှိဖို့ လိုအပ် နေပြီ။ ဒီလို မင်းမဲ့စရိုက် တွေ ပပျောက် အောင်လို့ အခုလိုဆန္ဒထုတ်ဖော်တာပါ””ဟု ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေး ကော်မတီ ၀င် ဦးမျိုးခင်က ပြောသည်။

၁၅ နှစ်ကျော် မိန်းကလေးကို ဇနီးဖြစ်သူက ဆေးတိုက်ပြီး ခင်ပွန်းဖြစ်သူက အဓမ္မပြုကျင့်
ဒဂုံ ဆိပ်ကမ်းမြို့နယ် တွင် အသက်(၁၅) နှစ် (၉) လ အရွယ် မိန်းကလေးငယ် တစ်ဦး
ကို လင်မယား နှစ်ဦး က ဆေးတိုက် ကာ ခင်ပွန်း ဖြစ်သူ က အဓမ္မ ပြုကျင့်မှု
တစ်ခု ဖြစ်ပွားခဲ့ ကြောင်းဒဂုံ ဆိပ်ကမ်း မြို့မ ရဲစ ခန်းမှ သိရသည်။
မတ်လ (၂၄) ရက်နေ့၊ မွန်းလွဲ (၂) နာရီခွဲ အချိန်ခန့် က နေအိမ် သို့ လိုက်လည် သော (၁၅) နှစ်ကျော် အ ရွယ် မိန်းကလေး တစ်ဦးကို မ...... တို့ လင်မယားကအမျိုးအမည် မသိ ဆေး တစ်လုံးတိုက်ကာ နိုက်ကလပ် တစ်ခု သို့ ခေါ်သွားခဲ့ကြောင်း၊ ထို့နောက် မတ်လ (၂၅) ရက်နေ့ နံနက် (၃) နာရီ အချိန် တွင် နိုက်ကလပ်မှ မ... ..တို့နေအိမ်သို့ မိန်းကလေး ကို ပြန်ခေါ်လာကြောင်း သိရသည်။ ဆေး အရှိန်ဖြင့် ခေါင်းမှုးကာ အိပ်နေသော (၁၅) နှစ် ကျော်အရွယ်မိန်းကလေးကို မ...........၏ ခင်ပွန်း က အလို မတူဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

Subscribe to:
Posts (Atom)
| No | Title | Singer | Listen/Download | Size |
|---|---|---|---|---|
| 1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
| 2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
| 3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
| 4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
| 5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
| 6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
| 7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
| 8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
| 9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
| 10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
| 11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
| 12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |