Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဂရိကလပ်ကိုရှုံးခဲ့တဲ့ မန်ယူ၏ ခြေစွမ်းသည် ဥရောပပွဲများထဲတွင် အညံ့ဆုံးဟု မိုယက်ဆို


ယနေ့ ဂရိချန်ပီယံ ကလပ် အိုလံပီယာကောစ့်၏ အိမ်ကွင်း မှာကစားခဲ့တဲ့ ချန်ပီယံလိဒ် ကွာတားဖိုင်နယ် ပထမ အကျော့မှာ(2-0) ဖြင့် ရှုံး နိမ့် အပြီး ဒေးဗစ်မိုရက်စ်က "မန်ချက်စတာ ယူနိုက်တက် ရင်ဆိုင်ခဲ့ဖူးတဲ့ ဥရောပ ပြိုင်ပွဲတွေ ထဲမှာ ဒီနေ့ပွဲက အဆိုးရွားဆုံးပါ" လို့ ပြောဆို သွားခဲ့ပါတယ်။

"တော်တော် ဆိုးရွားတဲ့ အားထုတ်မှု့ပါ၊ အဲ့ဒီလောက်ထိ ခြေစွမ်း ဆိုးရွားတာမျိုး မတွေ့ဖူးဘူး၊ဒီနေ့ပွဲဟာ ကျွန်တော်တို့ ကစားခဲ့တဲ့ ဥရောပ ပွဲတွေထဲက အဆိုးရွား ဆုံး ပွဲလို့တောင် ပြောရမှာပါ။ ဘာတခုနဲ့မှ ထိုက်တန်မှု့ မရှိခဲ့ဘူး"

"တကယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဒီပွဲကို ရင်ဆိုင်ဖို့ သေခြာပြင်ဆင်ပြီး လာခဲ့တာ ဖြစ်သလို စိတ်ဓါတ်အင်အားကလဲ အတော်ကောင်းနေတဲ့ အနေ အထား တရပ်နဲ့ပါ။ ဒါပေမယ့် ပြိုင်ပွဲ အတွင်းမှာ ဒါတွေ အားလုံး တခုမှ ထွက်မလာနိုင် ခဲ့တော့ပါဘူး"

စက်ဆုပ်ရွံရှာဖွယ် လူသားမှောင်ခိုဈေးကွက်

တိုင်းပြည်ဆင်း၇ဲလွန်းလို့ နေစရာ စားစရာ မရှိဖြစ်နေတဲ့  သာမန်ပြည်သူတွေ,,, နယ်စပ်ဒေသတွေမှာ စွန့် စား သွားရောက်လုပ်ကိုင်နေသူများ.သတိထားဖို့ပါ
ငွေကြေးမပြည်စုံသူတွေရဲ့  အများဆုံးထွက်ပေါက်ဖြစ်တဲ့ တရားမ၀င် အလွယ်ဆုံးနည်းလမ်းကနေ သွားနေကြတဲ့သူတွေမှာ ရင်ဆိုင်ရမယ့် အရမ်းအန္တရယ်ကြီးမားတဲ ပြသနာတွေရှိနေပါတယ်၊....

.ဒီအထဲမှာ အဆိုးဆုံးက တရုပ်ပြည်နယ်စပ်က လူကုန်ကူးနေကြတဲ့ ဒုစရိုက်မှောင်ခိုးဂိုဏ်းတွေရဲ့ 
ငွေမက်လုံးနဲ့ ဖျားယောင်းသွေးဆောင်ပြီး လူ့ ကိုယ်တွင်းက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ထုတ်ယူ ရောင်းစားနေကြတာဘဲဖြစ်ပါတယ်။

စမ်းချောင်းမြို့နယ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ(၃)ဦးသေ၊ (၂)ဦးဒဏ်ရာရ

၂၅.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် စမ်းချောင်းမြို့နယ်၊ ပြည်လမ်း အတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော DD---Pro box succeed အမျိုးအစားအဖြူရောင် အငှားယာဉ်သည် မဟာမြိုင်မှတ်တိုင်အနီး မကြီးကြီးလမ်းထိပ်အရောက်တွင်၎င်း၏ရှေ့မှ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်သွားနေသည့် BB----ToyotaCorolla အဖြူရောင်အငှားယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိခဲ့ရာ BB----ယာဉ်မှာ အတိုက်ခံရသည့်အရှိန်ဖြင့် မှတ်တိုင်တွင်ထိုင်နေသည့် အမျိုးသား(၂)ဦး(စုံစမ်းဆဲ)တို့အား ၀င်ရောက်တိုက်မိခဲ့သဖြင့် အမျိုးသား(၂)ဦးနှင့် ၎င်း BB---ယာဉ်မောင်းတို့(၃)ဦးမှာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့ကြပါသည်။

ယာဉ်တိုက်မှုဖြစ်သည့် လိုင်စင်မဲ့ ဗင်ကား ပို့ကုန်/သွင်းကုန်ဥပဒေဖြင့်ပါ ထပ်မံအမှုဖွင့်

ယာဉ်တိုက်မှုဖြစ်သည့် မော်တော်ယာဉ်တစ်စီး လိုင်စင်မဲ့ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် သာကေ တနယ်မြေရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မအပြင် ပို့ကုန်းသွင်းကုန်ပုဒ်မဖြင့်ပါ ထပ်ဆင့်အမှု ဖွင့်၍ အရေးယူဆောင်ရွက်နေသည်ဟု အဆိုပါရဲစခန်း တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။
ဒေါပုံမြို့နယ် သင်္ဘောကျင်းရပ်ကွက်နေ မောင်ပြည့်ဖြိုးဇော်(၂၅)နှစ် မောင်းနှင်သည့် တိုရိုတာဗင် အဖြူ ရောင်ကားတစ်စီးသည် ၂၀၁၃၊ ဒီဇင်ဘာ ၂၉ ရက် နံနက် ၁ နာရီ ၄၀မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း အဆိုပါ နယ်မြေရဲစခန်းက ဆိုသည်။
ဖြစ်စဉ်မှာ အဆိုပါကားသည် ဧရာဝဏ်လမ်းမအတိုင်း လမ်းလယ်မျဉ်းကို ခွမောင်းလာစဉ် ရွှေဧည့်သည် (၂) ကားဂိတ်မှတ်တိုင် အရောက်တွင် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် စိမ်းပုပ် ရောင်ဂျစ်ကားနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

ရိုးမဘဏ်မှထုတ်လာသည့် ငွေထုပ်ဆိုင်ကယ်ဖြင့်လိုက်ကာ လုယူထွက်ပြေး

မကွေးမြို့ရှိ ရိုးမဘဏ်မှ ဆိုင်ကယ်ဖြင့် ငွေထုတ်လာသူ အမျိုးသမီးကို နောက်မှဆိုင်ကယ်တစီးဖြင့် လိုက် လာသည့် အမျိုးသားနှင့် အမျိုးသမီးက ငွေထုပ်လုယူ ထွက်ပြေးမှုတစ်ခု မကွေးမြို့၌ ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည်ဟု မကွေးနယ်မြေ ရဲစခန်းက သတင်းထုတ်ပြန်လိုက်သည်။
ဖြစ်စဉ်မှာ ယင်းနေ့မွန်းလွဲ ၁ နာရီခန့် တွင် မကွေးမြို့ပြည်တော်သာလမ်းရှိ ရိုးမဘဏ်မှ ငွေကျပ်ခုနစ်သိန်း ထုတ်လာသည့် မနွယ်နွယ်သန်း (၄၀ နှစ်)နှင့် နောက်ပါ အမျိုးသမီးတစ်ဦး၏ ဆိုင်ကယ်သည် မြို့ပတ် လမ်းနှင့် ပြည်တော်သာလမ်းထောင့်ရှိ ကောင်းမြိန်ကွမ်းယာဆိုင်အနီး အရောက်နောက်ပါအမျိုးသမီးတင် ဆောင်လာသည့် အမျိုးသားတစ်ဦး၏ ဆိုင်ကယ်က မနွယ်နွယ်သန်း၏ ဆိုင်ကယ်ကို လက်ဝဲဘက်မှကျော် တက်ကာ အနားသို့ကပ်လာသည်ဟု ရဲထွက်ချက်တွင် ပါရှိသည်။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB