Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

လေ့ကျင့်ရေးကွင်းအနီး ကောက်ရသော ကျည်ဆန်ကို ကစားရာမှ နွားကျောင်းနေသူတစ်ဦး သေဆုံး၍ သုံးဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် မကွေးတိုင်း နတ်မောက်မြို့နယ်စပ်ရှိ ဖက်တောကျေးရွာမှ အသက် ၂၀ ရှိ လူငယ်တစ်ဦးနှင့် အသက် ၁၂ နှစ်မှ ၆ နှစ်အတွင်းရှိ ယောက်ျား သုံးဦးတို့သည် မတ်လ ၁ ရက်နေ့က တပ်မတော် လေ့ကျင့်ရေးကွင်း နယ်နိမိတ်အတွင်း ဝင်ရောက် နွားကျောင်းရာမှ ကျည်ဆန်တစ်ခု ကောက်ရပြီး ဆော့ ကစားစဉ် ပေါက်ကွဲပြီး ၁၂ နှစ် အရွယ် ယောက်ျားလေးတစ်ဦး သေဆုံး၍ ကျန် သုံးဦး ဒဏ်ရာအသီးသီး ရရှိသွားခဲ့ကြောင်း ကာယကံရှင်များ၏ မိဘများထံမှ စုံစမ်းသိရှိရသည်။

၎င်းတို့သည် ရွာ၏ အနောက်မြောက်ဖက်ရှိ ဆပ်ပြာအိုင် ချောင်းအနီးတွင် နွားကျောင်းရင်း ဆီး(ဇီး) သီးကောက်ရာ ကျည်ဆန်အရှည် (ဆေးမှတ်တမ်းအရ) တစ်ခုကို တွေ့၍ တစ်ယောက်က ကောက်ယူပြီး မြေပေါ်တွင် ပစ်ပေါက်ပြီး ကစားရာမှ ပေါက်ကွဲ သွားသည်ဟု သိရကြောင်း သေဆုံးသူ၏ ဖခင်ဦးသန်းဝင်းက ပြောကြားသည်။

ဆေးခန်းသွားပြသော မိခင်နှင့်ဖခင် ပြန်အလာကို စောင့်ဆိုင်းနေစဉ် နေအိမ်ဝရံတာမှ အမျိုးသမီး တစ်ဦးပြုတ်ကျ သေဆုံး

ပုဇွန်တောင်မြို့ နယ်တွင် နေအိမ်ဝရံတာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျ၍ သေဆုံးမှုတစ်မှု ယနေ့ နံနက် ၂း၀၀ တွင်ဖြစ်ပွားခဲ့ကြောင်း ပုဇွန်တောင်မြို့ မရဲစခန်းမှ သိရသည်။

ယနေ့ နံနက် ၂း၀၀ အချိန်ခန့် ကအမှတ် (--)ရေကျော်လမ်းမကြီး၊(၇)ရပ်ကွက် ပုဇွန်တောင်မြို့ နယ် နေ မရွှေဇင်ဦး(၂၃) သည် ၄င်းဧ။် နေအိမ်ပထမ ထပ်ရှိဝရံတာတွင် ဆေးခန်းသွားပြသော မိခင်နှင့်ဖခင် ပြန်အလာကိုစောင့်ဆိုင်းနေစဉ် ပြုတ်ကျခဲ့ပြီး ၀ဲချိုစောင်းစုတ်ပြဲဒဏ်ရာ၊ ယာချိုစောင်း ဖူးရောင်ဒဏ်ရာများ ရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ၍ ဆေးကုသမှုခံယူစဉ် ယနေ့  နံနက် ၂း၅၀ အချိန်တွင်သေဆုံးသွားကြောင်းပုဇွန်တောင်မြို့ မရဲစခန်းမှသိရသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ပုဇွန်တောင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၄)ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ပုဇွန်တောင်မြို့ မရဲစခန်းမှထပ်မံသိရှိရသည်။

zwy
Popular Myanmar News Journal

စင်္ကာပူတွင် မြန်မာအိမ်ဖေါ်တစ်ဦး လူသတ်မှုဖြင့် စွဲချက်တင်ခံရ

အသက် ၂၄ နှစ်အရွယ် မြန်မာအိမ်ဖေါ် မသန်းသန်းဝင်းကို အိမ်ရှင်အဖွားအိုအား သတ်မှုဖြင့် စင်္ကာပူတရားရုံးတစ်ခုတွင် တရားစွဲဆိုထားကြောင်း သိရသည် ။

မသန်းသန်းဝင်းကို အသက် ၈၅ နှစ်အရွယ် အိမ်ရှင်အဖွားအို Yong Wan Lan အား မတ်လ ၄ ရက်နေ့ ညနေ က သတ်ဖြတ်ခဲ့သည်ဟူသော စွဲချက်ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည် ။

မတ်လ ၄ ရက်နေ့က အိမ်ရှင်အဖွားအိုYong Wan Lan နေထိုင်ရာ Springdale ကွန်ဒိုမှ ရဲတပ်ဖွဲ့ထံ အရေးပေါ် အကူအညီတောင်းခံခဲ့ပြီး အဆိုပါနေရာသို့ ရဲတပ်ဖွဲမှ ရောက်ရှိသွားချိန်တွင် သူမအား အခန်းတွင်းနိုက်ပင် မလှုပ်မယှက် လှဲနေသည်ကိုတွေ့ခဲ့ရသည် ဟု သိရသည်။

သူမ၏ ခန္တာကိုယ်အထက်ပိုင်းတွင် ဒဏ်ရာများ ရှိနေပြီ မှုခင်းဆရာဝန်က သူမ သေဆုံးကြောင်း အတည်ပြုပေးခဲ့သည် ။

မသန်းသန်းဝင်းကို ချန်ဂီအမျိုးသမီး အကျဉ်းထောင်တွင် ထိမ်းသိမ်းထားပြီး ယင်းအမှုအား မတ်လ ၂၆ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်သည် ။

ပြစ်မှုထင်ရှားပါက ၄င်းကို သေဒဏ်အထိချမှတ်ခြင်း ခံရနိုင်ကြောင်းသိရသည် ။

Ref: CNA

Popular Myanmar News Journal

မုံရွာမြို့နယ်တွင် ဆိုင်ကယ်စီးလာသူ လူတစ်ဦး ဓားဖြင့် ၂၁ ချက်ခုတ်ခံရသဖြင့် သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆားကျင်းကျေးရွာတွင် ဆိုင်ကယ်စီးနင်းလာသူ လူတစ်ဦး ဓားဖြင့် ၂၁ ချက်ခုတ်ခံ ရသဖြင့် ယခုလ ၄ ရက်နေ့မနက် ၄ နာရီအချိန်တွင် မုံရွာပြည်သူ့ဆေးရုံကြီးပေါ်တွင် သေဆုံးသွားခဲ့ကြောင်း မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယခုလ ၃ ရက်နေ့ည ၁၀ နာရီခွဲအချိန်က ဆားကျင်းကျေးရွာနေ ကိုသန်းစိုး အသက်(၂၈) ဆိုသူသည် အရက်သေစာသောက်စားပြီးနောက် အရက်ဝိုင်းမှ ဒေါ်အေးစီ၏ နေအိမ်သို့ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ပြီး ထွန်းလွင် (ခ)နတ်ဆိုး ဆိုသူနှင့်ပတ်သက်၍ ယခင်က ရန်ကြွေးအား ကျေးနပ်မှုမရှိကြောင်း ထိုသူ၏ ဇနီးဖြစ်သူထံပြောဆိုခဲ့ရာ ဇ နီးဖြစ်သူမှ သူမ၏ ခင်ပွန်းဖြစ်သူကို တဆင့်ပြန်လည်ပြောပြရာ ထွန်းလွင်(ခ) နတ်ဆိုး ဆိုသူမှ နေအိမ်ရှိ အရိုးအသွား (၂)ပေ၊ (၄)လက္မရှိ ဓားရှည်တစ်ချောင်းဖြင့် ဆိုင်ကယ်စီးနင်းလာသည့် ကိုသန်းစိုးအား ခုတ်ခဲ့ခြင်းဖြစ်သည်။

ထူးကုမ္ပဏီ မိသားစုက ကုသိုလ်ပြု လှူဒါန်း တည်ထားသော နတ်ကျွန်းစေတီ ထီးတော်တင်ပွဲ၊ အနုပညာ ဖျော်ဖြေပွဲ အကြောင်း ပြောပြသည့် ဆုန်သင်းပါရ်

၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း ကဖြစ်ပွားခဲ့သော ရဟတ် ယာဉ် မတော်တဆမှုတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသူများ အား ထူးကုမ္ပဏီ အုပ်စု မိသားစုဝင် များက ဒေသခံ တိုင်းရင်းသား များကို ကျေးဇူးဆပ်သော အနေဖြင့် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းမှာ မလိခမြစ် လယ် အတွင်း ၌ နတ်ကျွန်းစေ တီတော် ကို ကုသိုလ်ပြု လှူဒါန်းကာတည် ထား ပေးခဲ့ပြီး ညနေပိုင်းတွင် ထီးတော် တင်လှူပွဲ ပြုလုပ်ပေးခဲ့သည်။ အဆိုပါ ဘုရားထီးတော် တင်လှူပွဲတွင် Iron Cross တီးဝိုင်း အဖွဲ့နှင့် အတူ အဆိုတော် များဖြစ်သော လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ကော်နီ၊ ဆုန်သင်းပါရ်၊ ချမ်းချမ်း၊ ယူရေနီယံ အကအဖွဲ့ တို့ပါဝင်သည်။ ထူးဖောင်ဒေးရှင်း မှ နာယက ဦးတေဇ အပါအဝင် အဖွဲ့ဝင် ၆ ဦးလည်း လိုက်ပါခဲ့ရာ ပါဝင်ဖျော်ဖြေခဲ့သူ တစ်ဦး ဖြစ်သော တေးသံရှင် ဆုန်သင်းပါရ် က “ထူးဖောင်ဒေးရှင်း က ဦးဆောင် ပြီးလုပ်တဲ့ပွဲပါ။ အဓိက ဖျော်ဖြေပွဲ ရည်ရွယ်ချက်က ငြိမ်းချမ်း ရေးအတွက် ပါပဲ။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB