Saturday, March 01, 2014
ပိုင်ရှင်မဲ့ မောင်းပြန် သေနတ်တွေ တွေ့ရှိတဲ့အကြောင်း ရဲတပ်ဖွဲ့ရဲ့
ဖေ့စ်ဘုတ်စာမျက်နှာ ရဲဇာနည် က ဖော်ပြလာပါတယ်။ အခုတလော လက်နက်တိုက်
အဖောက်ခံရတာ၊ လက်နက်တွေ ပိုင်ရှင်မဲ့ တွေ့နေ တာတွေ ကတော့
အတော်စိတ်ဝင်စားစရာ ကောင်းပါတယ်။
ရဲတပ်ဖွဲ့က ဖော်ပြတဲ့ သတင်းကတော့ ....
လက်နက်/ခဲယမ်းများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ
နေပြည်တော်၊ မတ် ၁ ၂၀၁၄ ခုနှစ်၊
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊
တမူးမြို့၊ မြို့သစ်မြို့နယ်ခွဲ၊ ဗန္ဓုလကျေးရွာနေ ဦးမြင့်ဦး(၃၂)နှစ်မှ
တမူး-စေတီသွားကားလမ်း၊ မိုင်တိုင် အမှတ်(၁၃/၀-၁)ကြား၊ တံတား အမှတ်
(၁၄/၀)နှင့်(၁၅)ပေခန့်အကွာရှိ အင်းတောအတွင်း သေနတ် ၂ လက်နှင့် ကျောပိုးအိတ်
အသေး (၁)လုံးတွေ့ရှိခဲ့ကြောင်း မင်းသာရဲကင်းရဲစခန်းသို့ လာရောက်
အကြောင်းကြားချက်အရ မင်းသာ ရဲကင်း ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်
နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့မှ
သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
ဓါးဖြင့်ခုတ်သူ အရေးယူ
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊
ထောက်ရှာပင်ရေနံမြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဇီးဖြူကုန်းကျေးရွာ၌
ဓါးခုတ်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ
ကျေးရွာမီးပေးစက်မောင်းရန် တာဝန်ပေးထားသော မင်းဘူးမြို့နယ်၊
ဇီးဖြူကုန်းကျေးရွာနေ ဦးဖြိုးဝေ(၅၀)နှစ်သည် မီးစက်ပိတ်ချိန်စေ့၍
နေအိမ်သို့ပြန်လာစဉ် တစ်ဝိုင်းတည်းနေ ညီအရင်းဖြစ်သူ ဝင်းရွှေ(၄၃)နှစ်သည်
အရက်သေစာသောက်စားမူးယစ်ပြီး ပတ်ဝန်းကျင်အား ဓါးကိုင် ရမ်းကားနေသဖြင့်
ဝင်ရောက်ထိန်းသိမ်းခဲ့ရာ ဝင်းရွှေကလက်ထဲ၌ အသင့်ကိုင်ထားသော အရိုး(၈) လက်မ၊
အသွား(၁၃)လက်မခန့်ရှိ ဓါးမဖြင့်ခုတ်ခဲ့သောကြောင့် ဦးဖြိုးဝေတွင်ယာလက်ညှိုး/
လက်ခလယ်/လက်သူကြွယ်/ဂျိုစောင်းတို့တွင်ဒဏ်ရာများအသီးသီးရရှိခဲ့သည်ကို
တွေ့ရှိရသဖြင့် ဝင်းရွှေအား မင်းဘူးမြို့မရဲစခန်း(ပ) ၂၅/၂၀၁၄၊ ပြစ်မှုပုဒ်မ
၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar
MOI Webportal Myanmar
တိုက်ကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်မှ လမ်းဘေးသစ်ပင်ကို တိုက်မိ၍ (၁)ဦးသေ၊(၁၉)ဦးဒဏ်ရာရ
၁.၃.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် တိုက်ကြီးမြို့၊ တာခွကျေးရွာ၊ ရန်ကုန်ပြည်လမ်း မိုင်တိုင် အမှတ် ၄၄/၈နှင့် ၄၄/၇ တို့ကြားတွင်
မြောက်မှတောင်သို့ ယာဉ်မောင်းစိုးမင်းထိုက်(ဘ) ဦးစိုးမြင့်မြတ်၊ တိုက်ကြီးမြို့နေသူ မောင်းနှင်လာသည့် ဗ/---- Hilux အဖြူရောင်၊
တိုက်ကြီး - ရန်ကုန်ခရီးသည်တင်ယာဉ်မှာ အရှိန်မထိမ်းနိုင်သဖြင့် လမ်းယာဘက်ဘေးရှိ မလေးရှားပိတောက်ပင်အား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် မှော်ဘီမြို့နေ
ဒေါ်နွယ်နွယ်သင်းမှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းအပါအ၀င် ယာဉ်ပေါ်ပါခရီးသည်များတွင်ဒဏ်ရာများရရှိခဲ့ကြသဖြင့် ရန်ကုန်
ဆေးရုံကြီး၌ ကျား(၂)ယောက်၊မ(၅)ယောက်မှာ အတွင်းလူနာ(စိုးရိမ်ရ)
များအဖြစ်လည်းကောင်း၊ တိုက်ကြီးဆေရုံ၌ ကျား(၁၀)ယောက်၊
မ(၂)ယောက်မှာ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ်လည်းကောင်း
တင်ပို့ကုသလျက်ရှိပါသည်။

၂၀၀၈ဖွဲ့စည်းပုံပြင်ရေး ၈၈ အကြမ်းမဖက် ဆောင် ရွက်မည်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြမ်းမဖက် လူထု
လှုပ်ရှားမှုနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၈၈မျိုးဆက်ခေါင်းဆောင်
ကိုမင်းကိုနိုင် ကပြောလိုက်ပါတယ်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့
ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့
နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကို ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့က ရန်ကုန်မြို့မှာ
ပထမဆုံး အကြိမ် ကျင်းပခဲ့တာပါ။ မအင်ကြင်းနိုင်က
အကြောင်းစုံကိုပြောပြထားပါတယ်။
ဒီဆွေးနွေးပွဲဟာ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ လက်ရှိမြန်မာနိုင်ငံ ရဲ့ အခြေအနေမှာ ရှေ့ဆက် ဘာတွေဆောင်ရွက်မလဲ ဆိုတာတွေကိုဆွေးနွေး ခဲ့ကြတာပါ။ နေ့စဉ်ရင်ဆိုင်နေရတဲ့ လူမှုဘ၀ အခက်အခဲတွေ ဖြေရှင်းပေးဖို့ ဒီမိုကရေစ်ီပြုပြင်ပြောင်းလဲရေး မျက်ခြေမပြတ်ဆောင်ရွက်နိုင်ဖို့ စတဲ့ အချက်တွေကို အဓိကဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင် ကပြောပါတယ်။

ဖွဲ့စည်းပုံပြင်ရေး ဥပဒေဘောင်တွင်းကကြိုးစားရန် သမ္မတတိုက်တွန်း
စစ်အစိုးရလက်ထက်က ပြင်ဖို့ခက်အောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို
ဥပဒေဘောင်အတွင်းက ပြင်ဖို့ကြိုးစားကြပါရန် သမ္မတ ဦးသိန်းစိန်က
တိုက်တွန်းလိုက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး
ရရှိအောင် ကြိုးပမ်းနေပေမဲ့ အောက်ခြေမှာ တောက်လျှောက်တိုက်ပွဲတွေ
ပြန်ဖြစ်နေဆဲအခြေအနေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်
စိတ်ရှည်သည်းခံကြဖို့ကိုလည်း လစဉ် ပြောကြားတဲ့ မိန့်ခွန်းထဲမှာ
သမ္မတဦးသိန်းစိန်က ဒီကနေ့ ထည့်သွင်းပြောသွားခဲ့ပါတယ်။
အပြည်အစုံကိုတော့ ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အအခြေခံ ဥပဒေကို နိုင်ငံကြီးသားပီသစွာနဲ့ ပြဌာန်းထားတဲ့ ဥပဒေမူဘောင်ထဲက ပြင်ဆင်ဖို့လိုတယ်ဆိုပြီးတော့ သမ္မတ ဦးသိန်းစိန်က သူရဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ ဖွဲ့စည်းပုံပြင်ဖို့ ကြိုးပမ်းနေတဲ့သူတွေ ကို တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။

Subscribe to:
Posts (Atom)
| No | Title | Singer | Listen/Download | Size |
|---|---|---|---|---|
| 1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
| 2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
| 3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
| 4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
| 5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
| 6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
| 7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
| 8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
| 9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
| 10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
| 11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
| 12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |