24 March 2014

မလေးရှား လေယာဉ် ကိစ္စ တရုတ် တောင်းဆို

                                                                                       ခရီးဆုံး ရောက်မလာတဲ့ မလေးရှား လေယာဉ်

 အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ ပျောက်ဆုံး သွားပြီ ဆိုတဲ့ မလေးရှား လေကြောင်း ပိုင် လေယာဉ် ကိစ္စ ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေ ရလိုကြောင်း တရုတ် အစိုးရက တောင်းဆို လိုက်ပါတယ်။

ဒီကိစ္စ သက်သေ အထောက်အထား အသေးစိတ် ပေးအပ်ဖို့ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက မလေးရှား သံအမတ်ကို တောင်းဆို လိုက်ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေ အရ ဩစတြေးလျ အနောက်ဘက် ကမ်းမမြင် လမ်းမမြင် သမုဒ္ဒရာ ထဲမှာ လေယာဉ်ပျက်ကျ ခဲ့ကြောင်း တွေ့ရှိရ တယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က တနင်္လ࿿ာ နေ့က ပြောကြား ခဲ့ပါတယ်။

မယားလိုသလောက် ယူခွင့်ပြုသည့် ဥပဒေကြမ်းကင်ညာ အမျိုးသမီး အမတ်များ ကန့်ကွက်

                                                                                             ကင်ညာ ပါလီမန်လွှတ်တော်
 လက်ရှိမယားကြီးအား တိုင်ပင်ရန်မလိုဘဲ အမျိုးသားများ မယားယူချင် သလောက် ယူခွင့်ရှိသည့် ဥပဒေတစ်ရပ်ကို ကင်ညာ ပါလီမန်လွှတ်တော်က မဲခွဲအတည်ပြုခဲ့ရာ အမျိုးသမီး လွှတ်တော် အမတ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြကြောင်း မတ် ၂၂ ရက်သတင်းများတွင် ဖော်ပြသည်။

အဆိုပါ ဥပဒေကြမ်းသည် ကင်ညာနိုင်ငံ၌ ကျင့်သုံးဆဲ လက်ထပ်ထိမ်းမြား မှုဆိုင်ရာဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေတစ်ရပ်ဖြစ်ပြီး ကင်ညာပါလီမန် က မတ် ၂၀ ရက် ညပိုင်းတွင် မဲခွဲအတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဥပဒေကြမ်းတွင် မူလကခင်ပွန်းသည်များ၏ ရွေးချယ်မှုကို တစ် ချက်လွှတ်ပယ်ချပိုင်ခွင့် အမျိုးသမီးများအတွက် ပေးအပ်ထားသော်လည်း နောက်ပိုင်းတွင် ယင်းပြဋ္ဌာန်းချက်ကို ကင်ညာအမျိုးသား အမတ်များက ဖြုတ်ချနိုင်ခဲ့သည်။

လျှပ်စစ်ချွတ်ယွင်းမှုကြောင့် မလေးရှားလေယာဉ် ဟောင်ကောင်သို့ လမ်းကြောင်းပြောင်းရ

လျှပ်စစ်ချွတ်ယွင်းမှုကြောင့် မလေးရှားလေယာဉ် ဟောင်ကောင်သို့ လမ်းကြောင်းပြောင်းရ MH066 ခရီးစဉ်အဖြစ် ပျံသန်းသော Airbus A330-300 အမျိုးအစား လေယာဉ်သည် ကွာလာလမ်ပူမှ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်သို့ ပျံသန်းရင်း တနင်္လာနေ့ နံနက်အစောပိုင်းက ပြဿနာ ကြုံခဲ့ခြင်းဟု လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အတည်ပြုခဲ့သည်။

မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စင်းသည် လျှပ်စစ်ဆိုင်ရာ ချွတ်ယွင်းချက် တစ်ခုကြောင့် မူလလမ်းကြောင်းမှ သွေဖီကာ ဟောင်ကောင်၌ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ မလေးရှား လေကြောင်းလိုင်းမှ MH370လေယာဉ် ပျောက်ဆုံးနေမှု (၂)ပတ်ကျော် ကြာမြင့်ခဲ့သည့်နောက် နောက်ထပ် ခေါင်းခဲစရာ ပြဿနာ တစ်ရပ်နှင့် လေကြောင်းလိုင်း တာဝန်ရှိသူများ ကြုံတွေ့လာခြင်း ဖြစ်သည်။

MH066 ခရီးစဉ်အဖြစ် ပျံသန်းသော Airbus A330-300 အမျိုးအစား လေယာဉ်သည် ကွာလာလမ်ပူမှ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်သို့ ပျံသန်းရင်း တနင်္လာနေ့ နံနက်အစောပိုင်းက ပြဿနာ ကြုံခဲ့ခြင်းဟု လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အတည်ပြုခဲ့သည်။

Blogger မှာ Post တစ်ပုဒ်တင်နည်း အခြေခံ


ကျွန်တော့်ရဲ့ ဘလော့ရေးတဲ့အတွေ့အကြုံကို အခြေခံပြီး လက်သစ် Blogger တွေအတွက် အဓိကရည်ရွယ်ကာ ဒီ စာအုပ် pdf လေးကို ရေးဖြစ်တာပါ.. ဒီခေတ်မှာ မှိုလိုပေါလာတဲ့ Blogger တွေ၊ ရည်ရွယ်ချက်ရှိသူတွေရော၊ ရည်ရွယ်ချက်မဲ့သူတွေပါ. Blogger မှာ ဘလော့တစ်ခု ရအောင် တည်ထောင်လာကြပါတယ်.. ဒါပေမယ့် စနစ်ကျပြီး အဆင်ပြေတဲ့ Blogger တွေနည်းနေပြီး Popular ဖြစ်ချင်ကာ Blog မှာ ပို့စ်တစ်ပုဒ်တောင် ကောင်းကောင်း မတင်တတ်သေးသူတွေလည်း ဒုနဲ့ဒေး ပါပဲ.. ယုတ်စွအဆုံး ကျွန်တော့်ဆီမှာရေးနေတဲ့ ညီငယ်အချို့တောင် Post တစ်ခုကို ပြည့်စုံအောင်

ပျောက်ဆုံးလေယာဉ် ပျက်ကျကြောင်း ကြေညာ

                                                         ပျက်ကျကြောင်း သတင်းရအပြီး ပူဆွေးနေကြစဉ်

 ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH 370 ဟာ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းမှာ ပျက်ကျသွားတာ ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။

ဒီလို ကြေညာရတာဟာ နောက်ဆုံးရရှိတဲ့ ဂြိုဟ်တု အချက်အလက်တွေကို သုံသပ်ပြီးမှ အခုလို ကောက်ချက်ချရတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အဲဒီ လေယာဉ်ပေါ်ကို လိုက်ပါသွားတဲ့ လူ ၂၃၉ ယောက်ရဲ့ မိသားစုတွေကိုလည်း မလေးရှား လေကြောင်းလိုင်းက အကြောင်းကြားလိုက်ပြီလို့ သူက ဆိုပါတယ်။

NLD နာယက သူရဦးတင်ဦး မယ်တော်ဆေးခန်းလေ့လာ

                                                   ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်တော်ဆေးခန်းကို ရောက်ရှိနေတဲ့ NLD နာယက သူရ ဦးတင်ဦး။ (မတ်လ ၂၄၊ ၂၀၁၄)

 ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မှာ လူမူရေး၊ ပညာရေး ကျန်းမာရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့  မယ်တော်ဆေးခန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး လာရောက်ကြည့်ရူအားပေးပြီး မြန်မာပြည်တွင်း မှာလည်း လူငယ်မျိုးဆက်သစ်တွေဟာ ပညာသင်ကြားရမဲ့အချိန်မှာ  နိမ့်ကျတဲ့အလုပ်တွေ လုပ်ကိုင်နေရတဲ့အကြောင်းပြောဆိုသွားပါတယ် ဒါအပြင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ဘက်ပေါင်းစုံမှာ နိမ့်ကျနေသေးတဲ့တိုင်းပြည်ရဲ့ အရေးကိစ္စတွေအတွက် သူတို့မှာလည်း တာဝန်ရှိတဲ့အကြောင်း ပြောသွားပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာစင်သီယာမောင် တည်ထောင်ထားတဲ့ မယ်တော်ဆေးခန်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နယကကြီး ဦးတင်ဦး လာရောက်လေ့လာခဲ့ပါတယ်။

မလေးရှားလေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျကြောင်းအတည်ပြု

                                       မလေးရှားဝန်ကြီးချုပ် Nazak Razak က မလေးရှားလေယာဉ် MH370 ပျက်ကျခဲ့တာဖြစ်ကြောင်း အတည်ပြုကြေညာစဉ်။ (မတ်လ 
                                                                                                           ၂၄၊         ၂၀၁၄)

 ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းထဲကို ပျက်ကျသွားတယ်လို့ ဂြိုဟ်တုက ရရှိတဲ့အချက်အလက်တွေက ညွှန်ပြနေကြောင်း မလေးရှားအစိုးရကပြောပါတယ်။

ဗြိတိသျှကုမ္ပဏီတခုကရတဲ့ ဂြိုဟ်တု အချက်အလက်ပေါ်အခြေခံပြီး လေယာဉ် ပျံသန်းလမ်းကြောင်းကို သေချာစစ်ဆေးသုံးသပ်တဲ့အခါမှာ မလေးရှားလေကြောင်း လေယာဉ်အမှတ် ၃၇၀ ဟာ Australia နိုင်ငံအနောက်ဖက် အလှမ်းဝေးလှတဲ့ ရေပြင်ထဲကို ထိုးကျသွားတယ်လို့ မလေးရှားဝန်ကြီးချုပ် Najib Razak က ဒီကနေ့ပဲ ပြောသွားပါတယ်။

ဗီဗာဟိန်း - ဘယ်သူနဲ့မှမလဲ 2014 Album MP3


No Title Singer Listen/Download Size
1 ဘယ်သူနဲ့မှမလဲ ဗီဗာဟိန်း Click Here !! 2.00 MB
2 ရှော့လိုက်တာပဲ ဗီဗာဟိန်း Click Here !! 2.00 MB
3 ပိုင်ဆိုင်ချင်တာ ဗီဗာဟိန်း Click Here !! 2.00 MB
4 ကျောက်ဆစ်အသည်း ဗီဗာဟိန်း Click Here !! 2.00 MB
5 ရည်းစားမထားဘူး ဗီဗာဟိန်း Click Here !! 2.00 MB
6 ချစ်ဆွေး ဗီဗာဟိန်း Click Here !! 2.00 MB
7 လုံးဝအမုန်းများမရှိ ဗီဗာဟိန်း Click Here !! 2.00 MB
8 ကိုသိပ်ချစ် ဗီဗာဟိန်း Click Here !! 2.00 MB
9 လမင်းကိုတိုင်တည် ဗီဗာဟိန်း Click Here !! 2.00 MB
10 ကိုလေးကို ဗီဗာဟိန်း Click Here !! 2.00 MB
11 ရှိုးလေး ဗီဗာဟိန်း Click Here !! 2.00 MB
12 ကိုကိုစဉ်းစား ဗီဗာဟိန်း Click Here !! 2.00 MB
13 ဒီဇင်ဘာမှာလာမှာလား ဗီဗာဟိန်း Click Here !! 2.00 MB
14 နောင်ဘဝရှိရင် ဗီဗာဟိန်း Click Here !! 2.00 MB
15 ကျောက်ဆစ်အသည်း ဗီဗာဟိန်း Click Here !! 2.00 MB
လိုင်းပေါ်မှာနားဆင်ချင်တယ်ဆိုရင် play iconလေးကိုနှိပ်ပါ၊ ဒေါင်းယူချင်တယ်ဆိုရင်တော့ Click Here !!ဆိုတဲ့အပေါ်မှာ right click>>save link as နှိပ်ပြီးဒေါင်းယူပါ၊

ပလက်ဖောင်းပေါ်တွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသူ၏ခေါင်းပေါ်သို့ (၅)လွှာရှိတိုက်ခန်းမှ ကွန်ကရစ်တုံးပြုတ်ကျခဲ့၍ သေဆုံး

၂၃.၃.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်း
အထက်ရပ်ကွက်၊ ဗညားဒလလမ်းနှင့်သြဘာလမ်းထောင်ရှိ ကုဋေကြွယ်
လက်ဖက်ရည်ဆိုင်ရှေ့ ပလပ်ဖောင်းပေါ်တွင် လက်ဖက်ရည်ထိုင်သောက်
နေသူ ပျားရည်ကုန်းရပ်ကွက်နေ ဦးမင်းအောင်(၅၈)နှစ်၏ ဦးခေါင်းပေါ်သို့
တိုက်အမှတ်(၃၄၄)၊ (၅)လွှာ-စီ၏ အိမ်ရှေ့ဝရန်တာ ရေကာဆန်းရှိတ်
အစွန်းမှ အရှည်(၂)လက်မ၊ ထုနှင့်ဗျက်(၅)လက်မပတ်လည်ခန့်ရှိ ကွန်ကရစ်တုံးပဲ့ကျခဲ့၍ ၎င်းတွင် နဖူးစပ်မှ ၀ဲချိုစောင်းထိ စုတ်ပြဲဖူးရောင်
ဒဏ်ရာရရှိခဲ့သောကြောင့် ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြော
အထူးကုသဆောင်တွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိစဉ် ၂၄.၃.၂၀၁၄ ရက်နေ့ ၀၇၀၅ အချိန်တွင် ရရှိသောဒဏ်ရာဖြင့်သေဆုံးသွား
ခဲ့ပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး တာမွေမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

သမ္မတဖြစ်လို၍မဟုတ်၊ ပြည်သူနှင့်တပ်မတော် တစ်သားတည်းဖြစ်ဖို့ ဖွဲ့စည်းပုံပြင်လိုဟု ဒေါ်စုပြော


ဉဏ်လှိုင်လင်း၊ အောင်ကိုဦး

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကို သီးသန့်ရပ်တည်နေစေခြင်းကြောင့် ပြည်သူနှင့်တပ် မတော် တစ်သားတည်းဖြစ်ရန် ဖွဲ့စည်းပုံကို ပြင်ဆင်လိုခြင်းဖြစ်သည်ဟု မတ်လ ၂၃ ရက်က မိုးကုတ် ပြည်သူလူထုနှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

“တပ်မတော်ဟာ ပြည်သူနဲ့ တစ်သွေးတည်းတစ်သားတည်းမဟုတ်ဘဲနဲ့ သီးသန့် ရပ်တည်တယ်ဆိုရင် တပ်မတော်အတွက်လည်း မကောင်းပါဘူး။ နိုင်ငံအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့်မို့လို့ တပ်မ တော်ကို သီးသန့်ရပ်တည်နေတဲ့ပုံစံဖြစ်စေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အားလုံး ၀ိုင်းပြီးတော့ ပြုပြင် ပြောင်းလဲပေးဖို့လိုတယ်လို့ ကျွန်မတို့ ယူဆပါတယ်”ဟု မိုးကုတ်မြို့ ကျပ်ပြင်အားကစားကွင်း၌ ပြုလုပ် သည့် လူထုနှင့်တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရခိုင်အရေးကို ပြည်ထောင်စုက လျစ်လျူရှု့လျှင် ဘင်္ဂလီဝင်ပေါက် ရခိုင်တောင်ကြားလမ်းများကို ဖွင့်ပေးလိုက်တော့မည်ဟုဆို

တောင်ကုတ် ဆန္ဒပြပွဲတွင် လူထုများ ကိုင်ဆောင်လာသောပိုစတာ (ဓါတ်ပုံ- အင်တာနက်)

(နိရဉ္စရာ- ၂၄ မတ်လ ၂၀၁၄)

ရခိုင်အမျိုးသားများ အရေးကို ပြည်ထောင်စုက လျစ်လျူရှု့လျှင် ရခိုင်လူမျိုးများ အနေဖြင့် ဘင်္ဂလီလူမျိုးများ ဗမာပြည်မသို့ မ၀င်ရောက်နိုင်အောင် ကာကွယ်စောင့်ရှောက်ထားသော ရခိုင်ရိုးမ တောင်ကြားလမ်းများကို စောင့်ရှောက်ကာကွယ်တော့မည် မဟုတ်ကြောင်း စာရေးသားကာ ယမန်နေ့က တောင်ကုတ်  ဒေသခံများက ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်နှင့် ဗမာပြည်မအကြား အသွားအလာ ပြုလုပ်နေသော တောင်ကြားလမ်း သုံးခုရှိပြီး ၎င်းတောင်ကြားလမ်းများမှ တဆင့် တရားမ၀င် ဘင်္ဂလီများ ဖြတ်ကျော်ပြီး ဗမာပြည်မသို့ ၀င်ရောက် သွားလာခြင်း မပြုနိုင်ရန် ဒေသခံများက ၎င်းတို့၏ အသိစိတ်ဓါတ်ဖြင့် ကာကွယ်ထားကြသည်။

ဥက္ကလာပ စေတီတော်ပေါ်တွင် စိတ်ကြွဆေး ရောင်းချသည့် ပန်းထိမ်ဆရာကို ဖမ်းမိ

တောင်ဥက္ကလာပမြို့နယ် ဥက္ကလာပ စေတီတော်တွင် မတ်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က စိတ်ကြွဆေးပြားများ ရောင်းချနေသော ပန်းထိမ်ဆရာ တစ်ဦးထံမှ တန်ဖိုးငွေကျပ် ၆၂ သိန်းခွဲခန့်ရှိ စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

လှိုင်သာယာမြို့နယ် (၁၈) ရပ်ကွက် ဗိုလ်တာရာလမ်းတွင် နေထိုင်သူ ပန်းထိမ်ဆရာ ဦးမြင့်လှကို ဥက္ကလာပ ဘုရားရင်ပြင် မြောက်ဘက်မုခ် အနီးတွင် နယ်မြေခံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး တပ်ဖွဲ့ဝင်များက ကြိုတင်သတင်း ရရှိထားသဖြင့် ကြိုတင် စောင့်ဆိုင်းကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါ နွားတစ်ကောင်မွေး


ရပ်စောက် ၊ ၂၄-၃-၂၀၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက် မြို့နယ် ၊ ဝှေးတိုက်နယ် ၊ ဘန်းဂွေးကျေးရွာ ဦးဒွန်း၏ နွားခြံတွင် နွားကောင်ရေ ၅၀ ခန့် ရှိရာ အသက် ၈ နှစ်အရွယ်ရှိ နွားမကြီး တစ်ကောင်မှ ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ် တစ်ကောင် ကို မတ်လ ၁၆ ရက် နံနက် ၉ နာရီခန့်က မွေးပြီး နွားမကြီး သေဆုံး သွားခဲ့သည် ဟု သိရသည်။

ထို ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ်လေး ကို ထူးဆန်းသဖြင့် လာရောက် ကြည့်ရှု့သူ များပြားလျက် ရှိကြောင်း သိရသည်။

မိခင်ဖြစ်သူ နတ်ကွန်းသန့်ရှင်းရေး သွားလုပ်နေစဉ် အိမ်ကျန်ရစ်သည့် သမီးအား အဓမ္မပြုကျင့်ခံရ

သတင်း၊ ကိုတိုးကြီး
မုံရွာ၊ မတ် ၂၃
မုံရွာမြို့နယ်၊ ထနောင်းတော တောင်ရွာတွင် ယခုလ ၂၂ ရက်နေ့ မနက် ၉ နာရီက မိခင်ဖြစ်သူမှ နတ်စင်အား သန့်ရှင်းရေးသွားလုပ်နေစဉ် နေအိမ်၌ကျန်ခဲ့သော အသက်(၁၂)နှစ်အရွယ် သမီးဖြစ်သူအား အဓမ္မပြုကျင့်ခံရသည့် ပြစ်မှုဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ညောင်ဖြူပင် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကပြောကြားသည်။
ဖြစ်စဉ်မှာ မုံရွာမြို့နယ်၊ ထနောင်းတော(တောင်)ကျေးရွာနေ ဥယျာဉ်ခြံလုပ်ငန်း၊ လုပ်ကိုင်သူ မ… ဆိုသူ သည် ရွာနတ်ကွန်းစင်အား သန့်ရှင်းရေးသွားလုပ်ပြီး နေအိမ်သို့ပြန်ရောက်လာစဉ် နေအိမ်၌ အိမ်စောင့်အ ဖြစ်ကျန်ခဲ့သူ အသက် (၁၂)နှစ်အရွယ် မ… ဆိုသူမှ ငိုယိုကာ သူမအား တစ်ရွာတည်းနေ ကိုနေ၀မ်း ဆိုသူက သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူအား ပြောပြတိုင်တန်းခဲ့သည်။

မိခင်ကို စိတ်ကောက်ပြီး သမီးဖြစ်သူ ကြိုးဆွဲချသေဆုံး

မိခင်နှင့် စကားများရန်ဖြစ်ကာ သမီးဖြစ်သူက စိတ်ကောက်ပြီး ကြိုးဆွဲချ သေဆုံးမှုတစ်ခု ပြည်မြို့၊ အေးမြသာ ယာရပ်ကွက်တွင် မတ် ၂၁ ရက်က ဖြစ်ပွားခဲ့ သည်ဟု ဒေသခံရပ်ကွက်နေပြည်သူများက ဆိုသည်။

၂၄ နှစ်အရွယ် အဆိုပါ အမျိုးသမီးငယ်သည် မတ် ၂၀ ရက် ညက မိခင်ဖြစ်သူနှင့် စကားများခဲ့ပြီး ၂၁ ရက် ညနေ(၅)နာရီ အချိန် နေအိမ်တွင် တစ်ယောက်တည်း ရှိနေစဉ် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ က ကနဦး အတည်ပြု ထားသည်။

“မအေလုပ်တဲ့လူနဲ့ စကားများတယ်။ ရည်းစားဘာညာရှိလို့လည်း မဟုတ်ပါဘူး။ အဲဒီမှာစိတ်ကောက်နေပြီး မအေလုပ်တဲ့လူ ဆန်ဝယ်သွားတော့ တစ်ယောက်တည်းကျန်ခဲ့ပြီး အဆုံးစီရင်လိုက်တာ”ဟု သေဆုံးသူ နှင့် အိမ်နီးချင်းတစ်ဦးက ပြောသည်။

Dirty drugs- ညစ်ညမ်းဆေးများ

                                                                       (သင်္ကြန်မှာ မိန်းကလေးများ သတိထားနိုင်ကြပါစေ )
 • “Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ”

သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများက အရက်လို၊ ဘီယာလို၊ သောက်တာတခုခုထဲမှာ တည့်တယ်။ ညစ်ညမ်း လက်ဖက်ရည်၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ဖီဆိုတာတွေက ရေနွေးမှာဖျော်ပြီး ရိုးရိုးကော်ဖီလို ဖျားယောင်းတိုက်တဲ့ ဆေးကော်ဖီတွေပါ။ ညစ်ညမ်းဆေးတွေကတော့ သင်္ကြန်မှာ ရေအေးနဲ့ ပက်ဖြန်းပြီး အအေးသောက်ရ၊ တိုက်ရတာက ပိုလွယ်ကူပါတယ်။

လက်လှမ်းမီသလောက် (၄) မျိုးသိပါတယ်။ ရှိပါအုံးမယ်။
1) Spanische Fliege
2) German Spanische Love 20ml drop
3) Spanische Fliege extra konzentriert Liebesstropfen 15ml
4) Die Spanische Fliege စတဲ့နာမည်တွေနဲ့ ရောင်းပါတယ်။

သံသယရှိဖွယ်အပိုင်းအစတွေကို တရုတ်လေယာဉ်ပေါ်ကနေ ထပ်တွေ့

                                                               ပျောက်ဆုံးနေတဲ့ မလေးရှားလေယဉ် MH370 ကို ရှာဖွေနေတဲ့အခြေနေပါ - 24-3-2014 - Mon Day

ပျောက်ဆုံးလေယာဉ်ကလို့ သံသယရှိဖွယ် အပိုင်းအစတွေကို တရုတ်ရှာဖွေရေးဝန်ထမ်းတွေ တွေ့ရှိခဲ့တယ်လို့ တရုတ်ရဲ့ ဆင်ဟွာသတင်းဌာန က တနလာင်္နေ့မှာဖော်ပြပါတယ်။ အိန္ဒိယသမုဒ္ဒရာအတွင်း မလေးရှားလေယာဉ်ပျောက် ရှာဖွေနေတဲ့ နိုင်ငံတကာစုံလေယာဉ်တွေထဲမှာ ပါဝင်တဲ့ တရုတ်ရဲ့ Ilyushin-76 လေယာဉ်ပေါ်ကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရေပေါ်မျောနေတဲ့ ကြီးမားတဲ့ အရာဝတ္ထုနှစ်ခုအပြင် အခြားသေးငယ်တဲ့ အရာတွေလည်း ပြန့်ကျဲနေတာ တွေ့ရှိတယ်၊ ကြီးမားတဲ့ အရာဝတ္ထုတွေက အဖြူရောင်ရှိ ပြီး လေးထောင့်စပ်စပ် ပုံစံရှိတယ်၊ လို့ သိရပါတယ်။ ယင်းသတင်းကို သြစတြေးလျ ကွပ်ကဲရေးစင်တာ နဲ့ ယင်း ဧရိယာ နားမှာ ရှိတဲ့ တရုတ် ရေခဲခွဲသဘောင်္ Xuelong ဆီ သတင်းပို့ထားကာ ရေပြင်ပေါ် ရှာဖွေမှုလုပ်ဖို့ ပြင်နေပြီ လို့ ဆိုပါတယ်။

ပျောက်ဆုံး မလေးရှားလေယာဉ်ကို ရှာဖွေနေသည့် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ခါးပတ်ကြိုးများနှင့် ကုန်တင်သစ်သား အခင်းပြားတစ်ခု ရှာတွေ့

ဂြိုဟ်တုဓာတ်ပုံများမှ ရရှိသော သဲလွန်စများအရ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်ဆုံး မလေးရှား လေယာဉ်ကို ရှာဖွေလျက်ရှိရာ ပြီးခဲ့သော စနေနေ့က လေယာဉ်၊ သင်္ဘောတို့တွင် ကုန်စည် သယ်ဆောင်ရာ၌ အသုံးပြုသော သစ်သား အခင်းပြားတစ်ခုကို ခါးပတ်ကြိုး (သို့မဟုတ်) သိုင်းကြိုးများနှင့်အတူ ရှာဖွေတွေ့ရှိခဲ့သည်ဟု သြစတြေးလျ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
“အတိအကျ ပြောဖို့တော့ စောလွန်းပါသေးတယ်။ ဒါပေမဲ့ အခုဆိုရင် ကျွန်တော်တို့မှာ အလွန်ယုံကြည် အားထားရတဲ့ သဲလွန်စတွေ အတော်များများ ရရှိထားပြီဆိုတာ ထင်ရှားပါတယ်” ဟု သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က ပြောကြားခဲ့သည်။

ပထမဆုံး နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရခိုင်ပြည်နယ်တွင် ထားမည်

မြန်မာနိုင်ငံရဲ့ ပထမဆုံး နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းနေပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ထားမယ်လို့ သိရပါတယ်။

နယ်စပ်ကွပ်ကဲရေးအဖွဲ့တွေကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ထားတော့မယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ရဲမှူးချုပ်တဦးက ဦးစီးမယ်လို့ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။

လောလောဆယ်မှာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တခုပဲ ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်မှာ ထားပေမယ့် လိုအပ်ရင် တခြားနယ်စပ်တွေမှာလည်း ထားမယ်လို့ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။

ဇာတ်လမ်းတိုင်း ထူးခြားအောင် ရိုက်ပြချင်တဲ့ ဒါရိုက်တာ ညိုမင်းလွင်

ဒါရိုက်တာ ညိုမင်းလွင်က “လ ရောင်နံပါတ်၆” ဆိုတဲ့ ဇာတ်ကားကို အောင်ရဲလင်း၊ နန်းဆုဦး တို့နဲ့ ရိုက် ကူးနေပါတယ်။ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ ဇာတ်ကား တိုင်း နီးပါး ပဟေဠိ ဆန်ဆန်တွေ ဝှက်ထား လေ့ရှိတဲ့ သူ တစ်ယောက်လည်းဖြစ် ပါတယ်။ ဒီလို ရိုက်ကူးဖြစ်တာနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညိုမင်းလွင်က..
“ကျွန်တော်က အင်္ဂလိပ် စာလုံး ထဲမှာ riddle (စကားထာ)ဆိုတဲ့ စကားလုံးကို အကြိုက်ဆုံးပဲ။ 

ကျွန်တော့် Life တစ်ခုလုံးကို riddle ဖြစ်အောင် နေတယ်။ ဇာတ်ကားတွေ က  ရိုက်သမျှ ကားတိုင်းကိုတော့ ဒီလို ပဟေဠိ ဆန်ဆန်တွေ ပဲတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းလေးက ဆွဲဆောင်မှု ရှိတယ်ဆိုရင် ရိုက်ဖြစ်ပါတယ်။ အမြဲတစေ ကြီး ဝှက်နေ တာ မဟုတ် ပါဘူး။ အဓိကက ဝှက်တာ၊ မဝှက်တာထက် ထူးခြားချင် ပါတယ်။ ကျွန်တော့် ဇာတ်ကားကို ထူးခြားချင်တာ။ ကျွန်တော် ကိုယ်တိုင် သူများ ဇာတ်ကား ကို ပရိသတ် တစ်ယောက် အနေနဲ့ ကြည့်ရ ရင်လည်း ထူးခြားတာပဲ ကြည့်ချင်တယ်။

သင်္ကြန် သီချင်းသံတွေကြားရင် ပျော်တယ်လို့ဆိုတဲ့ သွန်းသစ္စာဇော်

Photo Model တွေထဲမှာ ခုနာမည်တော်တော်လေး ရလာတဲ့ မော်ဒယ် သွန်းသစ္စာဇော်နဲ့ တွေ့ဆုံခိုက် သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေ မေးကြည့်တဲ့အခါ ‘ညီမ လတ်တလောမှာ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ဖြစ်တယ်။ MTV ရိုက်ဖြစ်တယ်။ ညီမက Photo Model ဆိုတော့ မဂ္ဂဇင်းသီးသန့်ပဲ ရိုက်ဖြစ်တယ်ပေါ့နော်။’ လို့ သူမက ပြောပါတယ်။
မကြာခင် ကျရောက်တော့မယ် အတာသင်္ကြန်အတွက် သူမရဲ့ စိတ်ခံစားချက်နဲ့ ဖက်ရှင် အကြောင်းကိုလည်း သူမက ‘သင်္ကြန်ရောက်ရင် ပျော်တယ်။ သင်္ကြန်သီချင်းတွေကြားရင် ပျော်တယ်။ သင်္ကြန်မကျခင်ကတည်းက နှစ်တိုင်း၊ နှစ်တိုင်းသင်္ကြန်မှာ ပျော်ခဲ့တာတွေကို ပြန်တွေးပြီး ကြည်နူးမိတယ်။

ဒီနှစ်လည်း ကိုယ်ဘယ်လိုပျော်ရမလဲဆိုတာပါ စဉ်းစားမိတာပေါ့။ သင်္ကြန်အတွက် ဖက်ရှင်ကတော့ အရောင်စုံတာလေးတွေဝတ်မယ်ပေါ့နော်။ ဘောင်းဘီတိုတော့ မဝတ်ဘူး။ အသားမည်းမှာစိုးလို့ပါ။

ဇာတ်ကားတွေ ရိုက်ကူးသွားဖို့ အစီအစဉ် လုံးဝမရှိပါဘူးလို့ဆိုတဲ့ မိုးစက်ဝိုင်

အနုပညာအလုပ်တွေအပြင်၊ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ မိုးစက်ဝိုင်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ ‘မိုးစက် ဖေဖော်ဝါရီ တစ်လလုံးနီးပါး ကိုရီးယားနဲ့ USကို Ve Ve ကြော်ငြာအတွက် သွားခဲ့တယ်။ အခု မြန်မာပြည်ကို ပြန်ရောက်ပြီ ဖြစ်တာကြောင့် မတ်လ ၂၈၊ ၂၉၊ ၃၀ ရက် ပြည်သူ့ရင်ပြင်မှာ ကျင်းပမဲ့ ထိုင်း-မြန်မာ အနုပညာချစ်ကြည်ရေးအဖွဲ့နဲ့ ဈေးရောင်းပွဲတော်မှာ Presenter အဖြစ် လုပ်သွားဖို့ရှိပါမယ်။ မိုးစက်

လက်ခံရိုက်ကူးဖို့ ဇာတ်ကားတွေရှိတယ် ဆိုတာကလည်း မြန်မာ့ယဉ်ကျေးမှုကို ဖလှယ်ပြီးတော့ ပြည်သူတွေကို ပညာပေး အကျိုးပြုနိုင်မယ့် Pee Mark မင်းသမီး၊ ထိုင်းအဆိုတော် MOSတို့ ပါဝင်မယ့် ထိုင်းမြန်မာ ရုပ်ရှင်ဇာတ်ကား တစ်ကားတည်းပါပဲ။ မိုးစက်က အနုပညာလောကကို ခြေစုံချပြီး ဝင်ရောက်သွားမှာ မဟုတ်ပါဘူး။ Miss Universe ဝင်ပြိုင်ဖြစ်တာကလည်း ကိုယ့်နိုင်ငံအတွက် တစ်ခုခု လုပ်ပေးခွင့်ရရှိအောင် ဝင်ပြိုင်ဖြစ်တာပါ။ ရုပ်ရှင်က အခုလည်း မရိုက်ဘူး။ နောက်လည်းရိုက်ကူးဖို့ အစီအစဉ်မရှိပါဘူး’လို့ သူမက ဆိုပါတယ်။

စန္ဒီ/ Trend Myanmar

ကောင်းပြည့်နဲ့ သူ့ရဲ့လတ်တလော အနုပညာလှုပ်ရှားမှု

အမျိုးသားသရုပ်ဆောင်တွေထဲမှာ နာမည်ရထားသူတစ်ဦလည်းဖြစ်၊ ကိုယ့်သရုပ်ဆောင်ပညာကို ပိုမိုတိုးတက်လာအောင် အမြဲတမ်း ကြိုးစားနေသူကတော့ ကောင်းပြည့်ပါပဲ။ ကြော်ငြာတွေရော၊ ဇာတ်ကားတွေပါ မနားတမ်းလက်ခံရိုက်ကူးနေရတဲ့ ကောင်းပြည့်နဲ့ တွေ့ဆုံခိုက် သူ့ရဲ့လက်ရှိအနုပညာလှုပ်ရှားမှုအကြောင်း မေးမြန်းကြည့်တဲ့အခါ ‘ခုရိုက်နေတဲ့ ကားလေးက မကြည်ဖြူသျှင်နဲ့ မင်းသမီးက မကစ်နဲ့ပါ။ အချစ်ကားလေးပေါ့။ ဒါပေမဲ့ ဒီကားလေးကက ထူးခြားတယ်။

တခြားကျွန်တော်ရိုက်ဖူးတဲ့ အချစ်ကားတွေထက် ပိုပြီးလဲ ထူးဆန်းသလို ပိုပြီးလဲ ပရိသတ်တွေစိတ်ဝင်စားကြမယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီကားလေး ထွက်လာရင် အားလုံးအတွက် ထူးခြားတဲ့ ကားလေးဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ နောက် ခုလတ်တလောမှာပဲ ခင်ဝင့်ဝါနဲ့လည်း ဆက်တိုက် ရိုက်ဖြစ်နေတယ်။ ဒီ ၂၀ ရက်နေ့ကပဲ ခင်ဝင့်ဝါနဲ့ပဲကြော်ငြာတစ်ခု ရိုက်ထားတာရှိပါသေးတယ်’တဲ့။

ခင်ဆွေသက်  /Trend Myanmar