မိခင်နှင့် စကားများရန်ဖြစ်ကာ သမီးဖြစ်သူက စိတ်ကောက်ပြီး ကြိုးဆွဲချ
သေဆုံးမှုတစ်ခု ပြည်မြို့၊ အေးမြသာ ယာရပ်ကွက်တွင် မတ် ၂၁ ရက်က ဖြစ်ပွားခဲ့
သည်ဟု ဒေသခံရပ်ကွက်နေပြည်သူများက ဆိုသည်။
၂၄ နှစ်အရွယ် အဆိုပါ အမျိုးသမီးငယ်သည် မတ် ၂၀ ရက် ညက မိခင်ဖြစ်သူနှင့်
စကားများခဲ့ပြီး ၂၁ ရက် ညနေ(၅)နာရီ အချိန် နေအိမ်တွင် တစ်ယောက်တည်း
ရှိနေစဉ် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ က ကနဦး အတည်ပြု
ထားသည်။
“မအေလုပ်တဲ့လူနဲ့ စကားများတယ်။ ရည်းစားဘာညာရှိလို့လည်း မဟုတ်ပါဘူး။
အဲဒီမှာစိတ်ကောက်နေပြီး မအေလုပ်တဲ့လူ ဆန်ဝယ်သွားတော့
တစ်ယောက်တည်းကျန်ခဲ့ပြီး အဆုံးစီရင်လိုက်တာ”ဟု သေဆုံးသူ နှင့်
အိမ်နီးချင်းတစ်ဦးက ပြောသည်။
ထိုသို့ကြိုးဆွဲချရာတွင် မိန်းမ၀တ် အင်္ကျီတွင် အလှတပ်သည့် ခါးပတ်မျော့
ကြိုးကို လှေခါးဝရှိ ထုတ်တန်းကို ချည်နှောင်ကာ တွဲလောင်းချခဲ့ခြင်း
ဖြစ်သည်ဟု ရဲဌာနက တွေ့ရှိထားသည်။
ထို့ကြောင့် ပြည်မြို့ အမှတ်(၁) ရဲစခန်း တွင်
သေမှုသေခင်းအမှတ်၃/၂၀၁၄ဖွင့်လှစ်ကာ ဓမ္မတာအတိုင်းသေ ဆုံးခြင်း ဟုတ်မဟုတ်
စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု အမှတ်(၁) ရဲစခန်း တာဝန်မှူးက ဆိုသည်။
ရေခဲ(ပြည်)
Mizzima - News in Burmese
No comments:
Post a Comment