24 March 2014

ဇာတ်လမ်းတိုင်း ထူးခြားအောင် ရိုက်ပြချင်တဲ့ ဒါရိုက်တာ ညိုမင်းလွင်

ဒါရိုက်တာ ညိုမင်းလွင်က “လ ရောင်နံပါတ်၆” ဆိုတဲ့ ဇာတ်ကားကို အောင်ရဲလင်း၊ နန်းဆုဦး တို့နဲ့ ရိုက် ကူးနေပါတယ်။ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ ဇာတ်ကား တိုင်း နီးပါး ပဟေဠိ ဆန်ဆန်တွေ ဝှက်ထား လေ့ရှိတဲ့ သူ တစ်ယောက်လည်းဖြစ် ပါတယ်။ ဒီလို ရိုက်ကူးဖြစ်တာနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညိုမင်းလွင်က..
“ကျွန်တော်က အင်္ဂလိပ် စာလုံး ထဲမှာ riddle (စကားထာ)ဆိုတဲ့ စကားလုံးကို အကြိုက်ဆုံးပဲ။ 

ကျွန်တော့် Life တစ်ခုလုံးကို riddle ဖြစ်အောင် နေတယ်။ ဇာတ်ကားတွေ က  ရိုက်သမျှ ကားတိုင်းကိုတော့ ဒီလို ပဟေဠိ ဆန်ဆန်တွေ ပဲတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းလေးက ဆွဲဆောင်မှု ရှိတယ်ဆိုရင် ရိုက်ဖြစ်ပါတယ်။ အမြဲတစေ ကြီး ဝှက်နေ တာ မဟုတ် ပါဘူး။ အဓိကက ဝှက်တာ၊ မဝှက်တာထက် ထူးခြားချင် ပါတယ်။ ကျွန်တော့် ဇာတ်ကားကို ထူးခြားချင်တာ။ ကျွန်တော် ကိုယ်တိုင် သူများ ဇာတ်ကား ကို ပရိသတ် တစ်ယောက် အနေနဲ့ ကြည့်ရ ရင်လည်း ထူးခြားတာပဲ ကြည့်ချင်တယ်။
အဲဒီသဘောပါ။ အဲဒီအတွက် ဇာတ်တွေ အတွက် နည်း နည်း လေးတော့ အချိန် ပိုပေးရတယ်။ ဇာတ်လမ်း တစ်ပုဒ် ဒီလိုဖြစ်ရေး အတွက် အချိန် ဘယ်လောက်ပဲ ပေးရပေးရ ကျွန်တော့် ဘက်က ပေးဖို့ အဆင်သင့်ပါ ပဲ” လို့ပြောပြပါတယ်။

ရုပ်ရှင် ကားကြီးဖြစ်တဲ့ “ဓာတ်ရှင် ရိုက်သူများ”ဇာတ်ကား ရိုက်ကူးမှု ကိုလည်း ခဏနားထားပြီး ပြန်လည် ရိုက်ကူးဖို့လည်း စီစဉ်မှုတွေ နဲ့ ပတ်သက်ပြီး..
“ကျွန်တော်တို့ ဒီကားကို တစ်ဝက်ကျော်တော့ ပြီးသွားပါပြီ။ ရိုက်ပြီး သလောက် အကုန်လုံး ကိုတော့ ကျေနပ်ပါတယ်။ ၁၉၂ဝ ခုနှစ် ရန်ကုန်မြို့ က ဆူးလေ ဘုရား လမ်းမ ကို ပြန် လုပ်ပြရမယ်။ အဲဒီ အတွက် အချိန်ပေးရမယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်/popularmyanmar

No comments:

Post a Comment