24 March 2014

ကောင်းပြည့်နဲ့ သူ့ရဲ့လတ်တလော အနုပညာလှုပ်ရှားမှု

အမျိုးသားသရုပ်ဆောင်တွေထဲမှာ နာမည်ရထားသူတစ်ဦလည်းဖြစ်၊ ကိုယ့်သရုပ်ဆောင်ပညာကို ပိုမိုတိုးတက်လာအောင် အမြဲတမ်း ကြိုးစားနေသူကတော့ ကောင်းပြည့်ပါပဲ။ ကြော်ငြာတွေရော၊ ဇာတ်ကားတွေပါ မနားတမ်းလက်ခံရိုက်ကူးနေရတဲ့ ကောင်းပြည့်နဲ့ တွေ့ဆုံခိုက် သူ့ရဲ့လက်ရှိအနုပညာလှုပ်ရှားမှုအကြောင်း မေးမြန်းကြည့်တဲ့အခါ ‘ခုရိုက်နေတဲ့ ကားလေးက မကြည်ဖြူသျှင်နဲ့ မင်းသမီးက မကစ်နဲ့ပါ။ အချစ်ကားလေးပေါ့။ ဒါပေမဲ့ ဒီကားလေးကက ထူးခြားတယ်။

တခြားကျွန်တော်ရိုက်ဖူးတဲ့ အချစ်ကားတွေထက် ပိုပြီးလဲ ထူးဆန်းသလို ပိုပြီးလဲ ပရိသတ်တွေစိတ်ဝင်စားကြမယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီကားလေး ထွက်လာရင် အားလုံးအတွက် ထူးခြားတဲ့ ကားလေးဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ နောက် ခုလတ်တလောမှာပဲ ခင်ဝင့်ဝါနဲ့လည်း ဆက်တိုက် ရိုက်ဖြစ်နေတယ်။ ဒီ ၂၀ ရက်နေ့ကပဲ ခင်ဝင့်ဝါနဲ့ပဲကြော်ငြာတစ်ခု ရိုက်ထားတာရှိပါသေးတယ်’တဲ့။

ခင်ဆွေသက်  /Trend Myanmar

No comments:

Post a Comment