အနုပညာအလုပ်တွေအပြင်၊ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့
မိုးစက်ဝိုင်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ
‘မိုးစက် ဖေဖော်ဝါရီ တစ်လလုံးနီးပါး ကိုရီးယားနဲ့ USကို Ve Ve
ကြော်ငြာအတွက် သွားခဲ့တယ်။ အခု မြန်မာပြည်ကို ပြန်ရောက်ပြီ ဖြစ်တာကြောင့်
မတ်လ ၂၈၊ ၂၉၊ ၃၀ ရက် ပြည်သူ့ရင်ပြင်မှာ ကျင်းပမဲ့ ထိုင်း-မြန်မာ
အနုပညာချစ်ကြည်ရေးအဖွဲ့နဲ့ ဈေးရောင်းပွဲတော်မှာ Presenter အဖြစ်
လုပ်သွားဖို့ရှိပါမယ်။ မိုးစက်
လက်ခံရိုက်ကူးဖို့ ဇာတ်ကားတွေရှိတယ်
ဆိုတာကလည်း မြန်မာ့ယဉ်ကျေးမှုကို ဖလှယ်ပြီးတော့ ပြည်သူတွေကို ပညာပေး
အကျိုးပြုနိုင်မယ့် Pee Mark မင်းသမီး၊ ထိုင်းအဆိုတော် MOSတို့ ပါဝင်မယ့်
ထိုင်းမြန်မာ ရုပ်ရှင်ဇာတ်ကား တစ်ကားတည်းပါပဲ။ မိုးစက်က အနုပညာလောကကို
ခြေစုံချပြီး ဝင်ရောက်သွားမှာ မဟုတ်ပါဘူး။ Miss Universe
ဝင်ပြိုင်ဖြစ်တာကလည်း ကိုယ့်နိုင်ငံအတွက် တစ်ခုခု လုပ်ပေးခွင့်ရရှိအောင်
ဝင်ပြိုင်ဖြစ်တာပါ။ ရုပ်ရှင်က အခုလည်း မရိုက်ဘူး။ နောက်လည်းရိုက်ကူးဖို့
အစီအစဉ်မရှိပါဘူး’လို့ သူမက ဆိုပါတယ်။
စန္ဒီ/ Trend Myanmar
No comments:
Post a Comment