မြန်မာနိုင်ငံရဲ့ ပထမဆုံး နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းနေပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ထားမယ်လို့ သိရပါတယ်။
နယ်စပ်ကွပ်ကဲရေးအဖွဲ့တွေကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် မြန်မာနဲ့
ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ထားတော့မယ်လို့
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးချုပ် ၀င်းခေါင်က
ပြောပါတယ်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ရဲမှူးချုပ်တဦးက ဦးစီးမယ်လို့ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။
လောလောဆယ်မှာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တခုပဲ ဖွဲ့စည်းပြီး
ရခိုင်ပြည်နယ်မှာ ထားပေမယ့် လိုအပ်ရင် တခြားနယ်စပ်တွေမှာလည်း ထားမယ်လို့
ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။
၁၉၉၀ ပြည့်နှစ်က တပ်မတော်၊ လ၀က နဲ့ အကောက်ခွန်တို့ ပါဝင်တဲ့
နယ်စပ်ကွပ်ကဲရေးအဖွဲ့တွေကို စတင်ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်၊ မောင်တော
ဒေသမှာ ထားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၃ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပါတယ်။
By ပိုင်စိုး (ဒီဗွီဘီ)
အပြည့်အစုံ အသံဖိုင်နားဆင်ရန်
No comments:
Post a Comment