24 March 2014

သံသယရှိဖွယ်အပိုင်းအစတွေကို တရုတ်လေယာဉ်ပေါ်ကနေ ထပ်တွေ့

                                                               ပျောက်ဆုံးနေတဲ့ မလေးရှားလေယဉ် MH370 ကို ရှာဖွေနေတဲ့အခြေနေပါ - 24-3-2014 - Mon Day

ပျောက်ဆုံးလေယာဉ်ကလို့ သံသယရှိဖွယ် အပိုင်းအစတွေကို တရုတ်ရှာဖွေရေးဝန်ထမ်းတွေ တွေ့ရှိခဲ့တယ်လို့ တရုတ်ရဲ့ ဆင်ဟွာသတင်းဌာန က တနလာင်္နေ့မှာဖော်ပြပါတယ်။ အိန္ဒိယသမုဒ္ဒရာအတွင်း မလေးရှားလေယာဉ်ပျောက် ရှာဖွေနေတဲ့ နိုင်ငံတကာစုံလေယာဉ်တွေထဲမှာ ပါဝင်တဲ့ တရုတ်ရဲ့ Ilyushin-76 လေယာဉ်ပေါ်ကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရေပေါ်မျောနေတဲ့ ကြီးမားတဲ့ အရာဝတ္ထုနှစ်ခုအပြင် အခြားသေးငယ်တဲ့ အရာတွေလည်း ပြန့်ကျဲနေတာ တွေ့ရှိတယ်၊ ကြီးမားတဲ့ အရာဝတ္ထုတွေက အဖြူရောင်ရှိ ပြီး လေးထောင့်စပ်စပ် ပုံစံရှိတယ်၊ လို့ သိရပါတယ်။ ယင်းသတင်းကို သြစတြေးလျ ကွပ်ကဲရေးစင်တာ နဲ့ ယင်း ဧရိယာ နားမှာ ရှိတဲ့ တရုတ် ရေခဲခွဲသဘောင်္ Xuelong ဆီ သတင်းပို့ထားကာ ရေပြင်ပေါ် ရှာဖွေမှုလုပ်ဖို့ ပြင်နေပြီ လို့ ဆိုပါတယ်။



ဒါဟာ ပျောက်ဆုံးလေယာဉ်ရဲ့ အပိုင်းအစတွေဖြစ်တယ်လို့ သံသယရှိတဲ့ နောက်ဆုံးတွေ့ရှိမှုဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်း နိုင်ငံတကာ ရဲ့ ရှာဖွေမှုလုပ်ငန်းတွေ ပိုမိုကျယ်ပြန့်အားကောင်းလာတာနဲ့အမျှ သံသယရှိဖွယ် အပိုင်းအစတွေကို ဂြိုလ်တုဓါတ်ပုံတွေကတဆင့် ရော ၊ လေယာဉ်ပေါ်ကပါ တွေ့ရှိမှုတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့ပါတယ်။

တနင်္ဂနွေနေ့ကလည်း ပြင်သစ်လေယာဉ်တစ်စင်းကနေ အလားတူတွေ့ရှိမှု ရှိခဲ့ပါတယ်။ ဒါပေမယ့် လောလောဆယ်အထိတော့ ရေပေါ်ကနေ ဆယ်ယူရရှိတာ ပျောက်ဆုံးလေယာဉ်က ဖြစ်ကြောင်း အတည်ပြုနိုင်တာ တစ်ခုမှ မရှိသေးပါဘူး။

Author ကိုမိုးထက်

Kumudra

 

No comments:

Post a Comment