07 March 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ခေါင်းဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့်အတူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်သော စောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်၊ စောတာဒိုမူးနှင့် နိုင်ငံရေး၊ စစ်ရေးအကြံပေး စောထူးထူးလေးတို့ တက်ရောက်ကြသည်။

KNU ဥက္ကဌကို ကာကွယ်ရေးဦးစီးချုပ် လက်ခံတွေ့ဆုံ

                                KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌဌနဲ့ အဖွဲ့ကို တပ်မတော် 
           ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်ခံတွေ့ဆုံခဲ့ပါတယ်။

မနေ့က မတ်လ (၇)ရက် မွန်းလွဲ (၂)နာရီခွဲမှာ နေပြည်တော်က ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌဌ စောတူးမူးဆေးဖိုး ခေါင်းဆောင်တဲ့ အဖွဲ့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မနေ့က သောကြာနေ့ ညနေ၅နာရီတုန်း ကလည်း ကေအန်ယူ ဥက္ကဌနှင့်အဖွဲ့ကို ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တို့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

တပ်မတော် ကလေးစစ်သား စုဆောင်းမှု ရပ်တန့်ရန် ကုလ အကူအညီ တိုးပေးမည်

ကုလသမဂ္ဂ၏ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံး စာရင်းဝင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ရှစ်ခုတွင် လာမည့် ၂ နှစ်ကျော်၌ ကလေးစစ်သား စုဆောင်းမှု လုံးဝ ရပ်တန့်ရေး အတွက် ကုလသမဂ္ဂက အကူအညီများ ထပ်တိုး ကူညီမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းနှင့် ပြန်ကြားရေး ဌာနက မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် အခြား ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အတွက် ငွေကြေးနှင့် နည်းပညာ အကူအညီများ ပိုတိုးပေးမည့် အပြင် တပ်မတော်မှ နုတ်ထွက်ခွင့် ရခဲ့သော ကလေးစစ်သား များကို ပတ်ဝန်းကျင်နှင့် ပြန်လည် ပေါင်းစည်းရေး အတွက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထောက်ပံ့မှုများ အတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို လာမည့် ၂၀၁၆ ခုနှစ်တွင် စတင်မည် ဖြစ်ပြီး ကလေးစစ်သား ပပျောက်ရေး လုပ်ငန်း ဆောင်ရွက်လျက် ရှိသော မြန်မာနိုင်ငံကလည်း ယင်းစီမံချက်တွင် အကျုံးဝင်ကြောင်း ဆက်လက် ဖော်ပြထားသည်။

နှစ်ဖက်တပ်တွေ ထိပ်တိုက် ဖြစ်ရာက အဆုံးသတ်

ခရိုင်းမီးယားက ဆိပ်ကမ်းမြို့ဖြစ်တဲ့ Sevastopol က စစ်စခန်းတခုရှေ့မှာ ရုရှားတွေလို့ ယူဆရတဲ့ လက်နက်ကိုင်တွေနဲ့ ယူကရိန်း စစ်သားတွေ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်နေရာက နောက်ဆုံးတော့ အပစ်အခတ် မရှိဘဲ အဆုံးသတ်သွားခဲ့ပါတယ်။

ရုရှားဖက်ယိမ်းတဲ့ ခရိုင်းမီးယား ခေါင်းဆောင်က ဒေသတွင်း မီဒီယာတွေကို ပြောရာမှာ အခြေအနေ အားလုံး ငြိမ်သက်နေပြီး သူ့အခေါ်အရ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဖွဲ့ထားတဲ့ တပ်တွေဖက်ကလည်း တိုက်ခိုက်ဖို့ ကြိုးပမ်းမှု မရှိဘူးလို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ပြောပြချက်အရ ပင်လယ်နက် ဒေသက ရုရှား ရေတပ်က ထရပ်ကား နှစ်စင်း စစ်စခန်း ဂိတ်ပေါက်မှာ ရပ်ထားတာ တွေ့ရပြီး ပုံမှန်တွေ့နေကျ မဟုတ်တဲ့ စစ်သားတွေက စခန်းကို ဝိုင်းထားပေမယ့် သိမ်းတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပိုတိုရှော့အတွက်မမကြီးများအတွက်ဓါတ်ပုံတစ်ပုံ

ပိုတိုရှော့အတွက်မမများအတွက်ဓါတ်ပုံတစ်ပုံတင်ပေးလိုက်ပါတယ်ဗျာ ပုံထဲမှာအတိုင်းလေးပါပဲမိမိစိတ်ကြိုက်ပြုပြင်လို့ရပါတယ်ဗျာ။ကြိုက်ရင်တော့အောက်မှာဒေါင်းယူနိုင်ပါတယ်ဗျာ

                                          DOWNLOAD HERE

  အဆင်မပြေခဲ့တာများရှိခဲ့ရင် CBOX တွင်ပြောကြာခဲ့ပါနော် ပိုတိုရှော့ပုံများနှင့်နည်းပညာများကိုတိုက်ရိုက်ရယူချင်တယ်ဆိုရင်  
ဒီမှာFB LIKE နှိပ်လိုက်ခဲ့ပါနော် ၃စက္ကန့်အတွင်းကျွန်တော့်ဆိုဒ်ကနေ သင့်ဆီကိုအရောက်ပို့လာမည်။  
ကျွန်တော်ပိုင်သောဆိုဒ်များသို့လာလည်နိုင်ပါတယ်ဖိတ်ခေါ်လျှက်ပါ 
 

ပိုတိုရှော့အတွက်အသုံးဝင်ပြုကာတွန်းပုံများစုစည်း

ပိုတိုရှော့အတွက်အသုံးဝင်မဲ့ကာတွန်းပုံလေးများစုစည်းပြီးတင်ပေးလိုက်ပါတယ်ဗျာ။ပုံမှာမြင်တဲ့အတိုင်းပါပဲ။တောင်ဆိုထားတဲ့သူငယ်ချင်းများလည်းရှိပါတယ်ဗျာ။ကဲအားလုံးပုံလေးကိုကြိုက်ရင်တော့ဒေါင်းယူသွားနိုင်ပါတယ်ဗျာ

                                          DOWNLOAD LINK 1
                    DOWNLOAD LINK 2

  အဆင်မပြေခဲ့တာများရှိခဲ့ရင် CBOX တွင်ပြောကြာခဲ့ပါနော် ပိုတိုရှော့ပုံများနှင့်နည်းပညာများကိုတိုက်ရိုက်ရယူချင်တယ်ဆိုရင်  
ဒီမှာFB LIKE နှိပ်လိုက်ခဲ့ပါနော် ၃စက္ကန့်အတွင်းကျွန်တော့်ဆိုဒ်ကနေ သင့်ဆီကိုအရောက်ပို့လာမည်။  
ကျွန်တော်ပိုင်သောဆိုဒ်များသို့လာလည်နိုင်ပါတယ်ဖိတ်ခေါ်လျှက်ပါ 
 

မိဘဆိုတာ


★ မိဘဆိုတာမြတ်သော အလှူခံကြီးတွေပါ။မိဘပြစ်မှားတဲ့ ပြန်ပြောတဲ့ပုဂ္ဂိုလ်
နှုတ်ကြမ်းတဲ့ပုဂ္ဂိုလ်သည် ပါးစပ်မှာ လောက်တွယ်တဲ့ ပြိတ္တာဘုံ ရောက်ပါတယ်။

★ မိဘဆရာသမား၊ အလှူခံပုဂ္ဂိုလ်တွေကို မရိုသေတဲ့သူသည် သူများအထက် ဘယ်တော့မှမရောက်ပါ။
ကိုယ်ငယ်ငယ်က မိဘအပေါ် ချီးပါချ၊ သေးပါချ မိဘတွေကမုန်းမှမမုန်းတာ၊ ကိုယ့်အပေါ်သည်းခံတာပဲလေ။မိဘတွေကကိုယ့်အပေါ် ချီးမှပါမချသေးတာ သည်းခံရမယ်။

★ မိဘကျွေးလို့လဲကြီးလာရသေးတယ်၊ နဲနဲလေးကြီးလာလို့ လုပ်ရည်ကိုင်ရည်ရှိလာတာနဲ့ မိဘကိုအထင်သေး၊ပြန်ပြော၊ အမေတို့လုပ်ပုံနဲ့ဘယ်တော့ ချမ်းသာမှာလဲ၊
အဖေတို့လုပ်ပုံနဲ့ဘယ်တော့ ချမ်းသာမှာလဲ၊ ဒီလိုအခြေအနေရောက်ရင် (ပြစ်မှားတဲ့ ရာနှုန်းများလာရင်) ဘုန်းဘုန်းတို့လဲ မကယ်နိုင်ဘူးနော်။ ဘယ်သူမှ မကယ်နိုင်ဘူးနော်။ ဓမ္မသဘောက မျက်နှာမလိုက်ဘူး။

သင့်ကိုယ်သင် ပြန်ကြည့်ပါ

1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက် လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

3. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

4. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါ တယ်။

5. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံး ပါစေနဲ

ငြိမ်းချမ်းရေးအတွက် ဂစ်တာတီးနေသူ ----ကိုရဲလွင်(လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းလူမှုကွန်ရက်အဖွဲ့)

မဇ္စျိမလှိုင်းတေးဂီတအဖွဲ့မှ ဘေ့စ်ဂစ်တာသမားကြီး ဦးရဲလွင်သည် ဂစ်တာ တစ်လုံးကို ကိုင်လျက် ရာသမီမရွေး၊ အချိန်နာရီမရွေး အလှူခံနေပါသည်။

ထိုမှရရှိလာသည့် အလှူငွေများသည် မြန်မာနိုင်ငံရှိ ဆင်းရဲသားဒုက္ခသည်များ၊ စစ်ဘေးဒုက္ခသည်များနှင့် အမှန်တကယ်လိုအပ်နေသူများအတွက် ကောက် ရိုးတစ်မျှင် ဖြစ်လာခဲ့သည်။

သူတို့အဖွဲ့၏ ဆောင်ပုဒ်မှာ ““ပြည်သူ့ထံမှ ပြည်သူ့ထံသို့””။

ပြည်သူများက သူတို့ကို လှူဒါန်းလိုက်သည့် တစ်ရာကျပ်မှ တစ်ထောင်ကျပ် အထိငွေကြေးများကို စုပေါင်းကာ နိုင်ငံတွင် အမှန်တကယ်လိုအပ်နေသည့် နေရာများသို့ သွားရောက်လှူးဒါန်းခဲ့ကြခြင်း ဖြစ်သည်။

နာရေးတောင်မှ ပွဲစားကလိုက်နှောက်ယှက်

ရန်ကုန်မတ်၃။ ။သေဆုံးပြီးသူတွေရဲ့ ရုပ်အလောင်းကို သဂြိုဟ်မယ့်နေရာမှာ ဒီနောက်ပိုင်း တချို့အသင်းအဖွဲ့တွေကပွဲစားတွေကို ကော်မရှင်ပေးပြီး အလောင်းလုတာတွေရှိသလို နာရေးတွေမှာ ပွဲစားလုပ်ငွေယူတာတွေရှိတယ်လို့သိရတယ်။နာရေးကူညီမှုအသင်းမှဥကဦးကျော်သူက “လူမှုရေးလုပ်ငန်းလုပ်တဲ့နေရာမှာ နာမည်ကြီးဖို့၊အလှုငွေရဖို့အတွက် အခုလို အလောင်းလုတာမျိုးကတော့ မကောင်းဘူးလို့ထင်ပါတယ်။ဘာလို့ အလောင်းလုတယ်ဆိုတာသိလဲဆိုတော့ ကျွန်တော်တို့ ဒီ ၂၀၁၄ ဇန္န၀ါရီမှာကျွန်တော်တို့ သဂြိုဟ်ပေးရတာ၁၀၀၃လောင်းရှိတယ်။ဖေဖေါ်ဝါရီမှာ ၈၁၇ လောင်းပဲရှိတယ်ဆိုတော့ တော်တော်ကွာသွားတယ်လေ။အဲ့ဒီ့မှာသိသာတာပဲ”လို့ပြောပါတယ်။

ဆေးရုံမှာလူသေသွားပြီဆိုရင် နာရေးရှင်က ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတဲ့အချိန်ကျော်သူတို့
ကားခေါ်ပေးဆိုတဲ့အခါ ကျော်သူကားမအားလို့ဆိုတာမျိုးပြောပြီးကော်မရှင်ပေးတဲ့အဖွဲ့ကိုခေါ်ပေးတာ
မျိုးတွေရှိတယ်လို့သိရတယ်။ဦးကျော်သူက “နာရေးကိုပွဲစားလုပ်တာကတော့

တရားမ၀င် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့တွေကို တားဆီးပေးဖို့ အဆိုတင်သွင်း

ရခိုင်ပြည်နယ်မှာ လက်ရှိ လူမှုရေးအကူ အညီတွေပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း INGO /NGO တွေထဲက မှတ်ပုံတင်မထားတဲ့အဖွဲ့တွေကို ရခိုင်ပြည်နယ်မှာ လုပ်ငန်းလုပ်ကိုင်ခွင့် တားဆီးပေးဖို့ အဆိုကို ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဒီနေ့ တင်သွင်းခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက အခုလို အဆိုတင်သွင်းခဲ့တာပါ။

"တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်မရရှိသေးတဲ့ INGO/NGO အဖွဲ့အစည်းများကို ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးကာကွယ်ပေးရန် ပြည်နယ်အစိုးရကို အဆိုတင်သွင်းတာဖြစ်ပါတယ်"


NGO/INGO အဖွဲ့အစည်းတစ်ချို့ဟာ နှစ်ဘက်လူ့အဖွဲ့အစည်းကြား ပြဿနာတွေ ပိုမိုကြီးထွားအောင် လှုံ့ဆော်နေကြတဲ့ ဖြစ်ရပ်တွေရှိနေသလို အစိုးရကိုနိုင်ငံတကာက အကြည်ညိုပျက်စေအောင်

အမျိုးစောင့် ဥပဒေကြမ်း ရေးဆွဲရေး ကော်မရှင် ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၁၉ / ၂၀၁၄
၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်
( ၂၀၁၄ ခုနှစ် ၊ မတ်လ ၇ ရက် )
ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

၁။ ရဟန်းရှင်လူပြည်သူများက နိုင်ငံတော်သမ္မတထံ ဆန္ဒပြုတင်ပြလာမှုအရ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာဥပဒေများ ပြဋ္ဌာန်း နိုင်ရေးအတွက် ဥပဒေကြမ်းများရေးဆွဲခြင်းကို အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု လွှတ်တော်နာယက က ပြန်ကြားလာပါသည်။

၂။ ဥပဒေကြမ်းများရေးဆွဲပြုစုရာတွင် ပြီးပြည့်စုံသည့် ဥပဒေကြမ်းများဖြစ်နိုင်စေရန် ဘာသာရပ် ဆိုင်ရာ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များပါဝင်သည့် ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ ရေးဆွဲသင့်သည့် အတွက် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးလိုက်သည်-

(က) ဦးထွန်းထွန်းဦး ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဥက္ကဋ္ဌ

မျိုးစောင့်ဥပဒေ ပြဌာန်းရေး သမ္မတ ကော်မရှင်ဖွဲ့

နိုင်ငံတော်သမ္မတဦးသိန်းစိန်
မျိုးစောင့် ဥပဒေတွေ ပြဌာန်းနိုင်ရေး အတွက် သမ္မတ က ကော်မရှင်ဖွဲ့ လုပ်ဆောင်မယ်လို့ ပြည်ထောင်စု လွှတ်တော်ကို ပြန်ကြားလိုက်ပါတယ်။ မျိုးစောင့် ဥပဒေတွေ ပြဌာန်းနိုင်ရေး အတွက် အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ အင်းစိန် ရွာမ ဆရာတော် ရဲ့ ပန်ကြားချက်ထဲက ဘာသာကူးပြောင်းမှု ဆိုင်ရာနဲ့ လူဦးရေ တိုးပွားမှုနှုန်း ထိန်းညှိရေး ဆိုင်ရာတို့ အတွက် ကော်မရှင် ဖွဲ့မှာ ဖြစ်တဲ့အကြောင်း သမ္မတ ရုံးက ပြောပါတယ်။  အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးမှာပါ။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဘဒ္ဒန္တ တိလောကာဘိဝံသ အင်းစိန် ရွာမ ဆရာတော် က မျိုးစောင့် ဥပဒေ ၄ ရပ်ကို ပြဌာန်းပေးဖို့ အတွက် လူပေါင်း ၁၃ သိန်းတို့ရဲ့ လက်မှတ်နဲ့ အတူ တင်ပြလာတာကို သမ္မတ ဦးသိန်းစိန်က ဥပဒေများ ပြဌာန်းပေးရေး လွှတ်တော်ထံကို တဆင့်ပေးပို့ခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော်က သမ္မတ ပေးပို့လာတဲ့ မျိုးစောင့် ဥပဒေ ပြဌာန်းနိုင်ေ

လူမျိုးရေး ဘာသာရေး အဓိကရုဏ်းအတွင်း ဘုရားသားတော်တစ်ပါး၏ စွမ်းဆောင်ချက် (7Day News Hero)

                                                                      ဆရာတော် ဦးဝိသုဒ္ဓ {ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)}

လူ့အဖွဲ့အစည်းအားလုံးနှင့် ကမ္ဘာကပါ အံ့သြတုန်လှုပ်ခဲ့ ရသော ဖြစ်ရပ်ကြီး ၂၀၁၃ မတ်လ ၂၀ ရက်တွင် မိတ္ထီလာမြို့၌ စတင်ဖြစ်ပွားခဲ့သည်။ မိတ္ထီလာအကြမ်းဖက်မှု ကြီးဖြစ်ပွားနေစဉ် ဒုက္ခရောက်နေသူများကို စာနာစွာ သတ္တိရှိစွာဖြင့် စွန့်စွန့်စားစား ကယ်တင်ခဲ့သူများ လည်းရှိခဲ့သည်။

မိတ္ထီလာမြို့ ရတနာဦးကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးဝိသုဒ္ဓက ဒုက္ခသည်ရှစ်ရာကျော်ကို ဘေးမသီရန်မခအောင် ရဲဝံ့စွာ ကယ်တင်ခဲ့ပါသည်။

သက်တော် (၅၅) နှစ်၊ ၀ါတော် (၃၅) ဝါရှိ ဆရာတော် ဦးဝိသုဒ္ဓက ဒုက္ခရောက်နေသည့် အစ္စလာမ်ဘာသာဝင် ရှစ်ရာကျော်အား ကျောင်း အတွင်း မေတ္တာရိပ်၌ ခိုလှုံခွင့်ပေးခဲ့ပြီး အန္တရာယ်ပြုရန် လာရောက် သူများက ထုတ်ပေးရန်ပြောရာ ၎င်းကိုသတ်ပြီးမှ ဒုက္ခသည်များကိုသတ် ပါဟု ရဲရင့်သောပြောစကား လုပ်ဆောင်မှုများကြောင့် အကြမ်းဖက်ရန် လာသူအချို့ လှည့်ပြန်သွားပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့ သည်။

ကားပြိုင်မောင်းတာ ၀ါသနာပါသူများတွက် Hack ထားပြီးသား - Real Racing-3 v2.1.0 [Mod Money] APK

Real Racing 3 Real Racing 3   moje wrażenia z gry

ကားပြိုင်မောင်းချင်သူများအတွက် Real Racing-3 နောက်ဆုံးထွက် Version လေးတင်ပေးလိုက်ပါတယ်ဗျာ။ ကားပြိုင်မောင်းတဲ့ Game တွေထဲမှာ နာမည်အကြီးဆုံးနဲ့ ကစားလို့အကောင်းဆုံး Game လို့ပြောလို့ရပါ တယ်ဗျာ။ ကစားရတာလည်း အဆင်ပြေပြေကစားနိုင်အောင် Hack ထားပြီးသား Game လေးကိုဘဲတင်ပေး လိုက်ပါတယ်ဗျာ။ ကားတွေကို စိတ်ကြိုက်ဝယ်ယူကစားနိုင်ပါတယ်။ Android OS 4.0 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

WinRAR 5.01 Final +Registration[x86,x64]

WinRAR ဆိုရင်ကွန်ပျူတာသုံးတဲ့သူတိုင်းနားလည်းပြီးသားပါဗျာအခုကျွန်တော်တင်ပေးမှာကတော့WinRAR Registration ပါတဲ့ဆော့ဝဲလေးတွေ့လိုတင်ပေးလိုက်ပါတယ်ဖူးဘားရှင်းလေးဖြစ်ပါတယ်။32bit=64bit နှစ်မျိုးလုံးမှာအသုံးပြုနိုင်ပါတယ်ဗျာ။အားလုံးသိပြီးသားဆိုတော့အောက်မှာပဲလေ့လာပေးပါနော်

WinRAR 5.01 Final +Registration[x86,x64]

ဘလော့မှာနောက်ဆုံးတင်သမျှ ခေါင်းစဉ်းတွေ အပြေးလေနဲ့ ထားကြမယ်

ကျွန်တော် ထားတဲ့ပုံစံမျိုး Newဆိုတာလေးပေါ့.....အောက်ကကုဒ်ကိုယူပြီး HTML/Javascript ထည့်လိုက်ပါ
<script type='text/javascript'>
var jnWidth="100";
var jnScrollAmount="10";
var jnScrollDelay="50";
var jnDirection="left";
var jntargetlink="yes";
var jnnumPosts="10";
var jnBulletchar =">>>";
var jnimagebullet="yes";
var jnimgurl="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlCcZ-E0tBax3rj-JEwHPPJP4T1OtXHoCLfop51VsoOuEkQctAmbLvmpKJI8crZ8VotYuqloCUeEmuDdqZDwlELnBOSFl2kvRlT9DvxoWPJxVVYJR4Rzt61oaYZWqJ_vliMpY6EsQ_11t5/s1600/arrowe.gif";
var jnfontsize="16";
var jnbgcolor="FFFFFF";
var jnlinkcolor="FF0000";
var jnlinkhovercolor="3366CC";
</script><a href="http://24work.blogspot.com/" target="_blank" title="Blogger Tips and Tricks"><img src="https://bitly.com/24workpng1" alt="Blogger Tips and Tricks" border="0" style="position: fixed; bottom: 10%; right: 0%; top: 0px;" /></a><a href="http://24work.blogspot.com/" target="_blank" title="Latest Tips And Tricks"><img src="https://bitly.com/24workpng1" alt="Latest Tips And Tricks" border="0" style="position: fixed; bottom: 10%; right: 0%;" /></a><a href="http://24work.blogspot.com/" target="_blank" title="Blogger Tricks"><img src="https://bitly.com/24workpng1" alt="Blogger Tricks" border="0" style="position: fixed; bottom: 10%; left: 0%;" /></a>

Mobile phone အတွက်အရမ်းလှတဲ့ love kayboard.apk လေးပါ

 Valentine's Day အမှတ်တရ LOVE ကီးဘုတ်ဆိုတဲ့ အသဲဒီဇိုင်းလေးပါ ။
ကျွန်တော်လည်းအခုမှတွေ့ တာပါ အရမ်းလှပါတယ်...........တော်တော်များများကတော့ သိပြီးကြမှာပါ 
ဒီကီးဘုတ်လေးကို သံချင်ရင်တော့ အောက်မှာဒေါင်းယူလိုက်ပါနော်
မှတ်ချက် ။ ။ Frozen keyboard အဟောင်းကို ဖြုတ်ထားပြီးမှ ဒါထည့်လို့ရပါမယ် :)
အဆင်ပြေပါစေ . . .
 
nweoosweytaw

မိမိဘလော့ Title ဆိုတဲ့ ခေါင်းစဉ်လေးကို ဘေလာ့ရဲ့ အလယ်တည့်တည့်မှာ ထားကြမယ်

မင်္ဂလာပါ ကျွန်တော် သည်နေ့ ရေးဖြစ်တာကတော့ ဘလော့ကာတွေအတွက်  မိမိဘလော့ရဲ့ Post  Title
တွေကို အလယ် တည့်တည့်မှာ ပေါ်ခြင်လား  ညာဘက်မှာ ပေါ်ခြင်လား  ဘယ်ဘက်မှာ ပေါ်ခြင်လား
ကြိုက်သလို ထားလို့ရတဲ့နည်းလမ်းလေးဘဲ ဖြစ်ပါတယ်...
သည်နည်းလေးကို ကျွန်တော် အလယ် တည့်တည့် မှာထားတဲ့နည်းလေး တစ်ခု ဥပမာ လုပ်ပြရင်း
တင်လိုက်ပါမယ်နော်..အောက်မှာ လေ့လာလိုက်ပါ....
ပဖမဆုံးအနေနဲ့  မိမိတို့ ပို့စ်တင် တဲနေ့ရာကို သွားလိုက်ပါနော်....
 မိမိတို့ ပို့စ်ရဲ့ခေါင်းစဉ်ကို Title နေရာမှာ ရေးပါတယ်  သည်ခါတော့  အဲ ခေါင်းစဉ်ကို ကုဒ်လေးနဲ့ ထည့်
ရေးကြမယ်ဗျာ ဒါဆို  အလည်တည့်တည့်  ကိုရောက်နေမယ်....နော်.... အသုံူးပြုဖို့ကုဒ်နဲ့
ကျနော် နမူနာပြထားတဲ့  အလယ်တည့်တည် ထားတာလေးကို အောက်မှာ ကြည့်လိုက်ပါနော်...

စုဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် မီရှဲလ်ယိုတို့ ဖွင့်လှစ်မည်

                        The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်နေသော မီရှဲလ်ယို ဓာတ်ပုံ − telegraph

နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တည်ထောင်မည့် စုဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားသည့် The Lady ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သော ကမ္ဘာကျော်မင်းသမီး မီရှဲလ်ယိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါစုဖောင်ဒေးရှင်းဖွင့်ပွဲကို တက္ကသိုလ်ရိပ်သာလမ်းသစ် ဆရာစံပလာဇာရှိ Cooperate Business စင်တာ၌  မတ်လ ၉ ရက် နေ့လယ် ၁၂ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဖြိုးဇေယျာသော်က ပြောသည်။
       
‘‘ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ ကိစ္စတွေကိုတော့ အဲဒီနေ့ကျမှပဲ အမေစုကိုယ်တိုင် အသေးစိတ် ပြောလိမ့်မယ်’’ဟု ဦးဖြိုးဇေယျာသော်ကဆိုသည်။
       
စုဖောင်ဒေးရှင်းအနေဖြင့် ကျန်းမာရေးနှင့်ပညာရေးထောက်ပံ့သည့်လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Author: အောင်သူရ
7DAY DAILY







လက်နက်ကိုင်၍ မူးယစ်ရမ်းကားသူအား အရေးယူထား

၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ဘူတာကျေးရွာ အုပ်ချုပ်ရေးမှူးမှ ရွာလယ်လမ်းမပေါ်တွင်လူတစ်ဦးဓါးကိုင်ရမ်းကားနေကြောင်း ဖုန်းဖြင့်သတင်းပို့သဖြင့် သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အင်းကုန်း ကျေးရွာနေ ၀င်းတင့်(၂၁)နှစ်သည် အရိုးအသွား(၁၃)လက်မခန့်၊ ဗျက်(၁)လက်မခန့်ရှိ ဓါးမြှောင်(၁) ချောင်းအားကိုင်ဆောင်၍ မူးယစ်ရမ်းကားနေသည်ကိုတွေ့ရှိရသဖြင့် ဓါးမြှောင်အား သက်သေများ ရှေ့တွင်သိမ်းဆည်းကာ ခွင့်ပြုမိန့်တစ်စုံတစ်ရာမရှိဘဲ ဓါးဦးချွန်ဓါးမြှောင်ကိုင်ဆောင်သူ ၀င်းတင့်အား နတ်မောက်မြို့မရဲစခန်း(ပ)၃၉/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အလိုမတူဘဲ အဓမ္မပြုကျင့်သူကို အရေးယူ

၂၀၁၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ည ၉ နာရီအချိန့်တွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၊ မြေပြင်သာအုပ်စု၊ ကျောက်ခါးကျိုးတဲတိုက်နေ ဒေါ်xxxx(၄၄)နှစ်သည်တစ်ဦးတည်းနေအိမ်၌ရှိနေစဉ် လဲလူအုပ်စု၊ ကြို့ပင်သာရွာနေ ခင်မောင်ထွန်း(၂၈)နှစ်ရောက်ရှိလာပြီး ဒေါ်ပြုံးအား ““လေးလေး””ဟုခေါ်ကာ အိမ်ရှေ့ကြမ်းပြင်တွင်တက်ထိုင်နေခဲ့သည်။ ထို့နောက်ခဏအကြာ ဒေါ်xxxx၏ခဲအိုတော်စပ်သူ ဦးလေးအောင် ထပ်မံရောက်ရှိလာပြီး ဒေါ်xxxxxအား ““နင့်ယောင်္ကျားဘယ်သွားနေလဲ”” ဟုမေးသဖြင့် ဒေါ်xxxxxမှ ““မရှိဘူး၊ နွားစာစင်းရန်လူသွားခေါ်နေကြောင်း၊ တဲတွင်ခေတ္တနေပေးရန်ပြောခဲ့ရာ ဦးလေးအောင်လည်း အိမ်ရှေ့အဖီကြမ်းပြင်တွင်ထိုင်နေခဲ့သည်။ ခဏအကြာတွင် ဦးလေးအောင်မှ ““အလုပ်ရှိ၍ပြန်အုံးမည်””ဟု ပြောပြီးပြန်သွားခဲ့ကြောင်း၊ ဦးလေးအောင်ပြန်သွားပြီး ဒေါ်xxxxမှာ အိမ်နောက်ဖေးမီးဖိုခန်းအတွင်းဝင်၍ ၀က်စာအိုးအားမွှေပြီးပြန်ထွက်လာစဉ် အိမ်ရှေ့တွင်ထိုင်နေသော

မော်တော်ယာဉ်များမှ နောက်မီးခွက်(၉)စုံနှင့် နောက်ရေသုတ်တံ (၅၂)ချောင်းတိုအား ဖြုတ်ကာခိုးယူခဲ့ကြသူ (၂)ဦးကို စစ်ဆေးဖော်ထုတ်အရေးယူ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ရန်ကင်းမြို့မရဲစခန်းတွင် (ပ)၃၅/၂၀၁၄၊
ပုဒ်မ ၃၇၉/၅၄ အမှုဖြင့်အရေးယူထားသည့် ရွှေပြည်သာမြို့နယ်၊
(တ/၁၅)ရပ်ကွက်နေသူများဖြစ်ကြသော ဝေလင်းထွန်း(ဘ)ဦးကိုကိုနှင့် မင်းမောင်မောင်ဝင့်(ဘ)ဦးကိုကိုတို့(၂)ဦးအား ၃.၃.၂၀၁၄ ရက်နေ့တွင် အခြားခိုးမှုများကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ဝေလင်းထွန်းသည် ၎င်းတစ်ဦးတည်း ၂၀၁၃ခုနှစ်
နိုဝင်ဘာလအတွင်းက ညအချိန်များတွင် ကြည့်မြင်တိုင်မြို့နယ် အနောက်ပိုင်းဆေးရုံအနီးလမ်းမပေါ်၌ရပ်ထားသော ဆူဇူကီးယာဉ်(၃)စီးမှ
နောက်မီးခွက်(၃)စုံအားလည်းကောင်း၊အလုံမြို့နယ်၊အထက်ကြည့်မြင်တိုင် လမ်းမပေါ်၌ရပ်ထားသည့် ပရိုဘောက်ယာဉ်(၂)စီး၊ ဟွန်ဒါဖစ်ယာဉ်(၃)စီး၊ ဒီမီရိုယာဉ်(၃)စီး၊ ဆူဇူကီးဗစ်ယာဉ်(၁)စီးတို့မှ နောက်ရေသုတ်တံများအား လည်းကောင်း၊ ကမာရွတ်မြို့နယ်

မိမိကိုယ်ကိုယ် ထောက်လှမ်းရေးကဟုပြောသူ၏ ပြိုင်ကား မန္တလေးမှာ အရှိန်လွန်တိမ်းမှောက် (video သတင်း)

မတ်လ ၆ရက် ည(၇း၄၅)နာရီခန့်က မန္တလေးမြို့ ၇၈လမ်း၊ ၃၀နဲ့ ၃၁လမ်းကြားမှာ ToyotaSuprea အမျိုးအစား ပြိုင်ကားတစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်း အုတ်ခုံကို ၀င်တိုက် တိမ်းမှောက်ခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဘူး။ ပြိုင်ကားကို မောင်းနှင်လာသူတွေဟာ လူငယ်များဖြစ်ပြီး စကားအပြောအဆို မဆင်ခြင်တာကြောင့် ကူညီပေးသူ လူအများ စိတ်ဆိုးဒေါသထွက်လာတာကို ထိန်းသိမ်းဖို့ အနီးမှာရှိတဲ့ မြန်မာ့မီးရထားရဲတပ်ဖွဲ့ အမှတ်(၄)တပ်ဖွဲ့ မန္တလေးရထားရဲစခန်းအတွင်းမှာ ခေတ္တခေါ်ယူထိန်းသိမ်းပေးခဲ့ပါတယ်။

(ရိုက်ကူး - ငြိမ်းမိုးနောင်) DVB News

အရက်နှင့်လဲသောက်ရန်ပဲအိတ်ယူစဉ် ဖခင်ကဓါးဖြင့်ထိုး

၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ မြို့နယ်၊ တဇန်းကျေးရွာနေ ဦးကောက်ရ(၈၀)နှစ်သည် ကျေးရွာအနောက်တောင်ဘက်(၂)မိုင်ခန့်အကွာ၊ မရင်းခင်တောရှိ ၎င်းပိုင်လယ်စောင့်တဲ၌ လူသေအလောင်း(၁)လောင်းတွေ့ရှိကြောင်း ကျေးရွာအုပ်ချုပ် ရေးမှူးထံအကြောင်းကြားသဖြင့် အုပ်ချုပ်ရေးမှူးက ဖုန်းဖြင့်ဆက်လက်အကြောင်းကြားခဲ့သောကြောင့် ဂန့်ဂေါမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူမှာ ၎င်းကျေးရွာနေ ကျော်အောင်(၅၉)နှစ်ဖြစ်ပြီး လယ်ကွင်းထဲ၌မှောက်လျှက်အနေအထားဖြင့် ဦးခေါင်း နောက်စေ့အောက်လည်ဂုတ်တွင် အကျယ်(၂)လက်မခန့်ရှိထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။ စုံစမ်းချက်အရ

ဝါးခယ်မ (မြို့မဈေး) ညစောင့်သေဆုံးခြင်းကိစ္စ အမှုမှန်ပေါ်ပေါက်ခြင်းမရှိသေး – ပေးစာ

ဦးအောင်မင်းမှာ ၀ါးခယ်မမြို့၊ မြို့မဈေးကြီးတွင် မြို့နယ် စည်ပင်သာယာအဖွဲ့မှ ခန့်အပ်ထားသော ဈေးညစောင့် ၀န်ထမ်းတစ်ဦး ဖြစ်ပါသည်။ လွန်ခဲ့သော ၂၇-၁-၂၀၁၄ ရက်နေ့၊ နံနက် ၆ နာရီခန့် အချိန်တွင် ကျွန်မ ဒေါ်ခင်ဌေး နေထိုင်ရာ (လှေကျင်းရပ်ကွက်) နေအိမ်သို့ ဈေးညစောင့်ဝန်ထမ်း တစ်ဦး လာရောက်၍““နင့် ယောက်ျား ဆေးရုံတင်ထားရတယ်”” ဟု လာရောက် ပြောဆိုသဖြင့် ၀ါးခယ်မမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ရာ အရေးပေါ်ဌာန ခုတင်ပေါ်တွင် ကျွန်မ၏ယောက်ျား ဦးအောင်မင်းသည် ဦးခေါင်း ညာဘက်ခြမ်းတွင် ခေါင်းကွဲ ဒဏ်ရာ၊ ဘယ်ဘက်နားတွင် ညိုမဲဒဏ်ရာနှင့် နားအတွင်းမှ သွေးများ ကျနေသည်ကို တွေ့မြင်ရပါသည်။ ဆေးရုံပေါ် ရောက်သည့် အချိန်မှ သေဆုံးချိန်အထိ လုံးဝ စကား မပြောနိုင်ပါ။ ထိုအချိန်တွင် ဈေးတာဝန်ရှိသူမှ နင့်ယောက်ျား မူးလဲခြင်းသာ ဖြစ်ကြောင်း၊ အခြား ဘာမှ မတွေးနဲ့ဟု ခဏခဏ ကျွန်မအား ပြောပါသည်။

ကျုံးဘေး ညအချိန်တွင် နိုင်ငံခြားသူကို စကားပြောဟန်ဆောင်ကာ ကျောပိုးအိတ်လု

မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း၊ ၇၃ x ၇၄လမ်းကြား ကျုံးတောင်ဘက်တွင် မတ်လ ၅ ရက်နေ့ ည ၇ နာရီအချိန်ခန့်က စက်ဘီးတစ်စီးစီ စီးနင်းလာသော ဗြိတိန်နိုင်ငံသူ နှစ်ဦးကို စကားပြော နှုတ်ဆက်ဟန်ဆောင်ကာ ကျောပိုးအိတ် လုယူ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ နိုင်ငံခြားသူ နှစ်ဦးသည် ပုဂံ-ညောင်ဦးမှ မတ်လ ၅ ရက်နေ့ ည ၇ နာရီ အချိန်တွင် မန္တလေးသို့ ရောက်ရှိလာပြီး ည ၈ နာရီအချိန် ကျုံးဘေးသို့ စက်ဘီးစီးရာမှ ဆိုင်ကယ်ဖြင့် စကားပြော နှုတ်ဆက်ဟန်ဆောင်ပြီး စက်ဘီးရှေ့ခြင်းအတွင်း ထားရှိသော ကျောပိုးအိတ်ကို လုယူ ထွက်ပြေးခံခဲ့ရခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လုယူ ထွက်ပြေးသွားသော ကျောပိုးအိတ်ထဲတွင် မြန်မာငွေ ကျပ် ၅၀,၀၀၀၊ နိုင်ငံကူး လက်မှတ်တစ်ခု၊ iPhone 5S ရွှေရောင် ဟန်းဆက်တစ်လုံး၊ Panosonic အမျိုးအစား ကင်မရာတစ်လုံးနှင့် ပန်းရောင် ပိုက်ဆံအိတ် အသေးတစ်လုံး စုစုပေါင်းတန်ဖိုး ၁၁ သိန်းကျပ်ခန့်တို့ ပါသွားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းအရ သိရသည်။

အင်းစိန်မြို့နယ်တွင် လူသားမဆန်စွာ အက်စစ်ဖြင့်ပက်၍ ပြစ်မှုကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်နေသူအား မိဘပြည်သူများမှ တွေ့ရှိက ရဲတပ်ဖွဲ့သို့အမြန်ဆုံးသတင်းပေးခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်နေ ဦးအောင်ကိုကို၏နေအိမ်သို့ လင်မယားချင်းစကားများပြီး ခေတ္တရောက်ရှိနေထိုင်နေသည့် ဦးအောင်ကိုကို၏တူမတော်စပ်သူ မကြည်မွေ့အိမ် မှာ ၁၀.၂.၂၀၁၄ ရက်
နေ့ ၁၄၁၅ အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း၊ ၀ါခင်းကျောင်းလမ်း၌ နေထိုင်သော ၎င်းနှင့်ခွဲခွာနေသည့် ခင်ပွန်းဖြစ်သူ သန်းထိုက်ဦး(ခ)နေထွဋ်ထံရှိ သားဖြစ်သူကလေးငယ်ကို ခေါ်ဆောင်ရန်
သွားရောက်ခဲ့ကြစဉ် နေအိမ်အထိကားဝင်၍မရသဖြင့် ၀ါခင်းကျောင်းလမ်း အလယ်လောက်၌ ဦးအောင်ကိုကိုမှကားရပ်ပြီး စောင့်နေခဲ့ကာ မကြည်မွေ့အိမ် တစ်ဦးတည်း သွားရောက်ခဲ့ပါသည်။

ထိုသို့ သွားရောက်ခဲ့သည့် မကြည်မွေ့အိမ် မှာ ပြန်မလာဘဲအချိန်ကြာနေ
သဖြင့် ဦးအောင်ကိုကိုမှလိုက်သွားကြည့်ရာ မကြည်မွေ့အိမ် ၏ မျက်နှာနှင့်ဝဲ/ယာပေါင်တို့တွင် အက်စစ်အရည်များပေလျက် အသားများလောင်ကျွမ်းထားသည့်ကိုတွေ့ရှိရပြီး လင်မယား(၂)ဦးတွေ့ဆုံ
စကားများကြခိုက် သန်းထိုက်ဦး(ခ)နေထွဋ်မှ အက်စစ်ဖြင့်ပက်ခဲ့ခြင်း
ဖြစ်ကြောင်းသိရှိရသောကြောင့် အရေးယူပေးပါရန် ဦးအောင်ကိုကိုမှ တိုင်တန်းခဲ့၍ အင်းစိန်မြို့မရဲစခန်း (ပ)၁၃၉/ ၂၀၁၄၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

သင်္ကြန်မှာ ရေကစားရတာကို အရမ်းကြိုက်တယ်လို့ဆိုတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် မေမြင့်မိုရ်

ပန်းနုသွေးဇာတ်ကားရဲ့မင်းသမီးဖြစ်တဲ့ မေမြင့်မိုရ်ကို ပူပြင်းတဲ့နွေရာသီ ရောက်တဲ့ကာလမှာ အပူဒဏ်ကို ကာကွယ်နိုင်အောင် ဘာတွေလုပ်ဖြစ်တယ်ဆိုတာရယ်၊ နွေရာသီရဲ့ စိတ်ခံစားချက်ကို မေးမြန်းဖြစ်ခဲ့တဲ့အခါမှာတော့ သူမက ‘နွေရာသီက အရမ်းပူပါတယ်။ နွေရာသီနဲ့ ပတ်သက်ပြီး အမှတ်တရကတော့ ငယ်ငယ်က နွေရာသီကျောင်းသုံးလပိတ်ပြီဆိုရင် မိသားစုတွေနဲ့အတူ ဘုရားဖူးခရီးထွက်တာကိုတော့ သတိရမိပါတယ်။ နွေရာသီမှာ ပေါ့ပေါ့ပါးပါးဖြစ်မဲ့ စကတ်တို၊ ဘောင်းဘီတိုနဲ့ ရှပ်အင်္ကျီဝတ်ဆင်သင့်သလို ချည်သားအင်္ကျီတို့၊ ချည်သားဘောင်းဘီတို့ ဝတ်ဆင်သင့်ပါတယ်။ T-Shirt ဆိုလည်း ပွပွကြီးတွေပေါ့။ နေပူထဲထွက်မယ်ဆိုရင် Lotion လိမ်းတာတို့၊

ဓာတ်ပုံရိုက်ရင်စိတ်ခံစားမှု Mood ကသူ့ဟာသူ ဝင်လာတယ်လို့ ဆိုတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် နန်းခေးမား

မော်ဒယ်တွေထဲမှာ အနောက်တိုင်းဆန်တဲ့ မျက်နှာပေး၊ ပို့စ်ပေးချက်တွေနဲ့ တော်တော်လေးလန်းတဲ့သူ တစ်ယောက်ဆိုရင်တော့ မော်ဒယ်လ် နန်းခေးမားလို့ပဲ ပြောရမှာပါပဲ။ သူမရဲ့ ခမ်မိုက်မိုက် ရိုက်ချက်တွေကြောင့် ပရိသတ်တွေကို စွဲလမ်းနှစ်ခြိုက်စေခဲ့ပါတယ်။ သူမဟာမြန်မာနိုင်ငံရဲ့ ဖက်ရှင်မော်ဒယ်လ် တစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ အခုချိန်မှာတော့ ဖက်ရှင်မော်ဒယ် တစ်ယောက်အဖြစ် ရပ်တည်နေရုံမကပဲ တီဗီကြော်ငြာတစ်ချို့မှာပါ သူမရဲ့ သရုပ်ဆောင်မှုတွေကို တွေ့မြင်လာရပြန်ပါတယ်။ ဒါ့အပြင် ဗီဒီယိုဇာတ်ကားရိုက်ကူးမှု ကိုလည်း တွေ့မြင်ရတော့မှာမို့ မော်ဒယ်လ်နန်းခေးမားကို လတ်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးကြည့်ဖြစ်တဲ့အခါ ‘ညီမ အခုလတ်တလောမှာတော့ ဓာတ်ပုံရိုက်ဖြစ်တယ်။ ရှိုးလျှောက်ဖြစ်ပါတယ်။ ပြီးတော့ MTV ရိုက်ဖြစ်တယ်။ ဓာတ်ပုံရိုက်တာရယ်၊ ရှိုးလျှောက်တာရယ်၊ MTV ရိုက်တာကတော့ ညီမရဲ့ပုံမှန်လုပ်ဖြစ်နေကျ အလုပ်တစ်ခုပါပဲ။

ခုနောက်ပိုင်း ဇာတ်အိမ်ကောင်းကောင်း ဇာတ်အိမ်ခိုင်ခိုင်တွေ ကိုပဲ ရွေးရိုက်ဖြစ်တယ်လို့ဆိုလာတဲ့ နေတိုး

အောင်မြင်မှုတွေနဲ့ အသားကျနေပြီးသား အကယ်ဒမီနေတိုးတစ်ယောက် လက်ရှိမှာ မင်းသမီး ခင်ဝင့်ဝါနဲ့ ဇာတ်ကားရိုက်ကူးနေတယ်လို့ သိရတာကြောင့် ဖက်ရှင်ပိုင်းရော၊ အပြင်အဆင်ပိုင်းတွေမှာပါ သိသိသာသာ ပြင်ဆင်ထားတာတွေ့ရပါတယ်။ ဆံပင်ပုံစံကအစ ငယ်ရွယ်သူနဲ့အပြိုင် နုပျိုအောင် ပြင်ဆင်ထားပြီး ဖက်ရှင်ပိုင်းကအစ အရောင်ဖျော့တွေကို ဆင်ယင်ထားတာကြောင့် ခင်ဝင့်ဝါနဲ့အတူတူ အပေးအယူတည့်လှတဲ့ ဒီဇာတ်ကားရိုက်ကွင်းပေါ်မှာ သူ့ကို တွေ့ဆုံမေးမြန်းဖြစ်တဲ့အခါ ‘ခုရိုက်နေတဲ့ ကားလေးက အရုပ်လေးကို ကျွန်တော်ပြန်မပေးပါဆိုတဲ့ အချစ်ကားလေးပါပဲ။ ဒီကားထဲမှာ သိပ္ပံပညာရပ်ကို ရူးသွပ်တဲ့၊ တီထွင်မှုကို ၀ါသနာပါတဲ့ သူတစ်ယောက်ပေါ့။ ဒီလထဲမှာ အမေရိကား ခရီးစဉ်သွားရမယ်။ ဒုတိယပတ်ထဲမှာသွားမယ်။ ၁လကြာမယ်ပေါ့။ ဧပြီ ပထမပတ်ထဲမှာပြန်ရောက်ပါမယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရွေးချယ်ရိုက်ကူးသမျှက ဇာတ်အိမ်ကောင်းကောင်း၊ ဇာတ်အိမ်ခိုင်ခိုင်တွေကိုပဲ ရွေးရိုက်ဖြစ်တယ်။