07 March 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ခေါင်းဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့်အတူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်သော စောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်၊ စောတာဒိုမူးနှင့် နိုင်ငံရေး၊ စစ်ရေးအကြံပေး စောထူးထူးလေးတို့ တက်ရောက်ကြသည်။


တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်၏ ဆန္ဒသဘောထား ၆ ချက်ပေးထားပြီးဖြစ်မှု၊ နှစ်ဖက်လုံးကလည်း ဒို့တာဝန်အရေး(၃)ပါးကို စောင့်ထိန်းရန် သဘောတူထားမှု၊ ဥပဒေနှင့်အညီ ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်း အသိပေးထားပြီးဖြစ်မှု၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ကို ကိုင်စွဲလျက် ယုံကြည်ချက်ခိုင်မာစွာနှင့် မဖြစ်မနေ ရှေ့ဆက် လျှောက်လှမ်းသွားကြရန် ဆွေးနွေးခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ငြိမ်းချမ်းရေး ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးကာ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။


MOI Webportal Myanmar

No comments:

Post a Comment