07 March 2014

နာရေးတောင်မှ ပွဲစားကလိုက်နှောက်ယှက်

ရန်ကုန်မတ်၃။ ။သေဆုံးပြီးသူတွေရဲ့ ရုပ်အလောင်းကို သဂြိုဟ်မယ့်နေရာမှာ ဒီနောက်ပိုင်း တချို့အသင်းအဖွဲ့တွေကပွဲစားတွေကို ကော်မရှင်ပေးပြီး အလောင်းလုတာတွေရှိသလို နာရေးတွေမှာ ပွဲစားလုပ်ငွေယူတာတွေရှိတယ်လို့သိရတယ်။နာရေးကူညီမှုအသင်းမှဥကဦးကျော်သူက “လူမှုရေးလုပ်ငန်းလုပ်တဲ့နေရာမှာ နာမည်ကြီးဖို့၊အလှုငွေရဖို့အတွက် အခုလို အလောင်းလုတာမျိုးကတော့ မကောင်းဘူးလို့ထင်ပါတယ်။ဘာလို့ အလောင်းလုတယ်ဆိုတာသိလဲဆိုတော့ ကျွန်တော်တို့ ဒီ ၂၀၁၄ ဇန္န၀ါရီမှာကျွန်တော်တို့ သဂြိုဟ်ပေးရတာ၁၀၀၃လောင်းရှိတယ်။ဖေဖေါ်ဝါရီမှာ ၈၁၇ လောင်းပဲရှိတယ်ဆိုတော့ တော်တော်ကွာသွားတယ်လေ။အဲ့ဒီ့မှာသိသာတာပဲ”လို့ပြောပါတယ်။

ဆေးရုံမှာလူသေသွားပြီဆိုရင် နာရေးရှင်က ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတဲ့အချိန်ကျော်သူတို့
ကားခေါ်ပေးဆိုတဲ့အခါ ကျော်သူကားမအားလို့ဆိုတာမျိုးပြောပြီးကော်မရှင်ပေးတဲ့အဖွဲ့ကိုခေါ်ပေးတာ
မျိုးတွေရှိတယ်လို့သိရတယ်။ဦးကျော်သူက “နာရေးကိုပွဲစားလုပ်တာကတော့

အင်မတန်မကောင်းဘူးလို့ထင်ပါတယ်။သေတာနဲ့ဖုန်းဆက်ပေး တစ်လောင်းကို ဘယ်လောက်ဆို ကော်မရှင်ပေးတော့ ကော်မရှင်ရတဲ့ဆီဖုန်းဆက်တာပေါ့။တခါတလေမှာ ပွဲစားက နာရေးရှင်ဆီကနေ ကဲ ကျော်သူတို့ မအားဘူး တခြားအဖွဲ့ကျွန်တော်
ခေါ်ပေးမယ်။လက်ဖက်ရည်ဖိုးပေးပါဆိုတာမျိုး နှစ်ခါစားတာမျိုးရှိသေးတယ်”လို့ပြောပါတယ်။
နာရေးကူညီမှုအသင်းကိုဖုန်းဆက်ပြီး အလောင်းသွားသယ်တဲ့အခါမှာ အခမဲ့ဝန်ဆောင်မှုပေး
သည်ဆိုတာကို လက်မှတ်ထိုးခိုင်းတဲ့အခါမှာ ဟင်ခုနတုန်းက ဖုန်းဆက်ပေးမယ်ဆိုတဲ့သူကို ပိုက်ဆံ
ကျပ်၄၀,၀၀၀ လောက်ပေးလိုက်ရတယ်ဆိုတာမျိုးပြောတဲ့အခါကျွန်တော်တို့ကအခမဲ့ကူညီတာ။
ပွဲစားက ပိုက်ဆံယူတာဖြစ်တယ်ဆိုတာ ကိုပြန်ရှင်းရကြောင်းဆိုပါတယ်။
အရင်ကပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက သေသူမိသားစုကိုကျပ်၂၀,၀၀၀ ပေးပြီး
အလောင်းလုတာမျိုးရှိခဲ့ပေမယ့် သဂြိုဟ်ခါနီးရောက်တဲ့အချိန်ကြတော့ အခေါင်းဖိုးကိုနာရေးရှင်က ပြန်စိုက်
ရတာမျိုးတွေရှိတယ်လို့သိရတယ်။
ဦးကျော်သူက “အခုကပြည်ခိုင်ဖြိုးပါတီက ကတော့ပျက်သွားပြီ ။အဲ့ဒီ့တုန်းက သူတို့က ယပ်တောင်တို့၊ရေသန့်တို့ကိုကန်ထရိုက်ပြန်ဆွဲတာမျိုးရှိတယ်။အခုက လူမှုရေးအဖွဲ့ အချင်းချင်း အလောင်းများအောင်လုတဲ့သဘောပေါ့။လူမှုရေးဆိုတာ အလောင်းဦးရေ များအောင်လုပ်တာထက် ဘယ်လောက်အနစ်နာခံပြီးလုပ်တယ်ဆိုတဲ့လုပ်ရပ်ကိုပြရမှာဖြစ်တယ်။” လို့ပြောပါတယ်။
နာရေးလောကမှာ အခေါင်းလိုက်ဝယ်ပေးရင်လည်း လိုက်ဝယ်ပေးသူကိုကော်မရှင်ပေးတာမျိုး
တွေရှိတဲ့ အတွက် ကူညီမှုမှာ နာရေးရှင်ကိုတကယ်ကူညီရာရောက်ဖို့ အထူးသတိထားဖို့ လိုအပ်တယ်လို့
ဆိုပါတယ်။သေဆုံးတဲ့အခါ သချို င်္င်းလက်မှတ်၊သေဆုံးမှုအမှတ်စဉ်စတာတွေ ရမှ သွားခေါ်တာမျိုးရှိတယ်လို့သိရတယ်။နာရေးကူညီမှုအသင်းအနေနဲ့ သေဆုံးခါနီးပြီလို့ သတ်မှတ်ထားတဲ့လူနာရှင်က ဖိတ်ခေါ်ရင် သံဃာတော်တွေပင့်ပြီးလှုဖွယ်ပစ္စည်းကအစလှုပေးကာ
မေတ္တာပို့ သရဏဂုံဆောက်တည်ပေးဖို့လုပ်ပေးတယ်လို့သိရတယ်။
ဦးကျော်သူက “သေပြီဆိုရင် လူတွေကဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိဖြစ်ကြတယ်။
အဲ့ဒီ့မှာအခွင့်အရေးယူတဲ့နာရေးပွဲစားလုပ်မယ်ဆိုအရမ်းငရဲကြီးပါတယ်။အဲ့လိုမဖြစ်ဖို့ အတွက် ပုဂ္ဂလိကဆေးရုံတွေမှာရော၊အစိုးရဆေးရုံတွေမှာပါ နာရေးအသင်းတွေရဲ့ ဖုန်းနံပါတ်တွေကို ကပ်ထားပေး၊ရေးထားပေးဖို့လိုအပ်တယ်။ဒါမှ နာရေးရှင်တွေအနေနဲ့ အဆင်ပြေနိုင်မှာဖြစ်တယ်” လို့ပြောပါတယ်။

The Modern News Journal

No comments:

Post a Comment