၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊
ဂန့်ဂေါ မြို့နယ်၊ တဇန်းကျေးရွာနေ ဦးကောက်ရ(၈၀)နှစ်သည်
ကျေးရွာအနောက်တောင်ဘက်(၂)မိုင်ခန့်အကွာ၊ မရင်းခင်တောရှိ ၎င်းပိုင်လယ်စောင့်တဲ၌
လူသေအလောင်း(၁)လောင်းတွေ့ရှိကြောင်း ကျေးရွာအုပ်ချုပ်
ရေးမှူးထံအကြောင်းကြားသဖြင့် အုပ်ချုပ်ရေးမှူးက
ဖုန်းဖြင့်ဆက်လက်အကြောင်းကြားခဲ့သောကြောင့်
ဂန့်ဂေါမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ
သေဆုံးသူမှာ ၎င်းကျေးရွာနေ ကျော်အောင်(၅၉)နှစ်ဖြစ်ပြီး
လယ်ကွင်းထဲ၌မှောက်လျှက်အနေအထားဖြင့် ဦးခေါင်း နောက်စေ့အောက်လည်ဂုတ်တွင်
အကျယ်(၂)လက်မခန့်ရှိထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် သေဆုံးနေသည်ကို
တွေ့ရှိရသည်။ စုံစမ်းချက်အရ
၎င်းကျေးရွာနေ ဦးသာမြို့(၇၀)နှစ်မှ သေဆုံးသူသည်
အရက် သောက်စားမူးယစ်ပြီး ၎င်း၏ဖခင်ဦးကောက်ရ၏တဲသို့ရောက်ရှိလာကာ
စားတော်ပဲအိတ်များအား အရက်နှင့်လဲသောက်ရန်ယူခဲ့ကြောင်း၊ ထိုသို့ယူစဉ်
ဖခင်ဖြစ်သူဦးကောက်ရက တဲတွင်အသင့်ရှိသော ဓါးဖြင့်ထိုးခဲ့သဖြင့်
သေဆုံးသွားခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ဦးကောက်ရအား
ဂန့်ဂေါမြို့မရဲစခန်း (ပ)၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment