စန္ဒီ/Trend Myanmar
07 March 2014
ဓာတ်ပုံရိုက်ရင်စိတ်ခံစားမှု Mood ကသူ့ဟာသူ ဝင်လာတယ်လို့ ဆိုတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် နန်းခေးမား
မော်ဒယ်တွေထဲမှာ အနောက်တိုင်းဆန်တဲ့ မျက်နှာပေး၊ ပို့စ်ပေးချက်တွေနဲ့
တော်တော်လေးလန်းတဲ့သူ တစ်ယောက်ဆိုရင်တော့ မော်ဒယ်လ် နန်းခေးမားလို့ပဲ
ပြောရမှာပါပဲ။ သူမရဲ့ ခမ်မိုက်မိုက် ရိုက်ချက်တွေကြောင့် ပရိသတ်တွေကို
စွဲလမ်းနှစ်ခြိုက်စေခဲ့ပါတယ်။ သူမဟာမြန်မာနိုင်ငံရဲ့ ဖက်ရှင်မော်ဒယ်လ်
တစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ အခုချိန်မှာတော့
ဖက်ရှင်မော်ဒယ် တစ်ယောက်အဖြစ် ရပ်တည်နေရုံမကပဲ တီဗီကြော်ငြာတစ်ချို့မှာပါ
သူမရဲ့ သရုပ်ဆောင်မှုတွေကို တွေ့မြင်လာရပြန်ပါတယ်။ ဒါ့အပြင်
ဗီဒီယိုဇာတ်ကားရိုက်ကူးမှု ကိုလည်း တွေ့မြင်ရတော့မှာမို့
မော်ဒယ်လ်နန်းခေးမားကို လတ်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်း
မေးကြည့်ဖြစ်တဲ့အခါ ‘ညီမ အခုလတ်တလောမှာတော့ ဓာတ်ပုံရိုက်ဖြစ်တယ်။
ရှိုးလျှောက်ဖြစ်ပါတယ်။ ပြီးတော့ MTV ရိုက်ဖြစ်တယ်။ ဓာတ်ပုံရိုက်တာရယ်၊
ရှိုးလျှောက်တာရယ်၊ MTV ရိုက်တာကတော့ ညီမရဲ့ပုံမှန်လုပ်ဖြစ်နေကျ
အလုပ်တစ်ခုပါပဲ။ Gems@Jewelleryအတွက်
ရှိုးလျှောက်ပေးဖို့ရှိပါတယ်။ ပြီးရင် နန်းသူဇာ၊ နန်းမြတ်ဖြိုးသင်းရဲ့
သူငယ်ချင်းအခွေ MTVမှာ သရုပ်ဆောင်ဖို့ရှိပါတယ်။ သရုပ်ဆောင်တာနဲ့
ဓာတ်ပုံရိုက်တာနဲ့ကတော့ မတူပါဘူး။ ဓာတ်ပုံရိုက်ရင် စိတ်ခံစားမှု Mood
ကသူ့ဟာသူ ဝင်လာတယ်။ သိပ်ပြီးတော့ လိုက်လုပ်နေစရာတောင် မလိုပါဘူး။ အခု
နောက်ပိုင်းမှာလည်း ဖက်ရှင်တွေ အရမ်းခေတ်စားလာကြပြီလေ။ ဓာတ်ပုံတွေလည်း
ရိုက်ရဲလာကြတာတွေ တွေ့ရတယ်။ ညီမက ဓာတ်ပုံရိုက်ချက်တွေနဲ့ ပတ်သက်လို့
အမြဲတမ်း Catalouge စာအုပ်တွေ ကြည့်တယ်။ ဖတ်ဖြစ်တယ်။ ပြီးတော့ အမေရိကန်
Next Top မော်ဒယ်လ်လိုင်းတွေကို ကြည့်တယ်။ အဲဒီ့Top Model တွေရဲ့ သူတို့
ဘယ်လို ပြုမူကြတယ် ဆိုတာတွေကို လေ့လာတယ်။ သူတို့တွေရဲ့
ခပ်မိုက်မိုက်ဖက်ရှင်ဒီဇိုင်းနဲ့ ပို့စ်တွေကိုမှတ်ပြီး လိုက်လုပ်တာပါ’လို့
သူမက ပြောပါတယ်။
စန္ဒီ/Trend Myanmar
စန္ဒီ/Trend Myanmar
No comments:
Post a Comment