၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊
နတ်မောက်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ်
ဘူတာကျေးရွာ အုပ်ချုပ်ရေးမှူးမှ
ရွာလယ်လမ်းမပေါ်တွင်လူတစ်ဦးဓါးကိုင်ရမ်းကားနေကြောင်း
ဖုန်းဖြင့်သတင်းပို့သဖြင့် သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အင်းကုန်း ကျေးရွာနေ
ဝင်းတင့်(၂၁)နှစ်သည် အရိုးအသွား(၁၃)လက်မခန့်၊ ဗျက်(၁)လက်မခန့်ရှိ
ဓါးမြှောင်(၁) ချောင်းအားကိုင်ဆောင်၍ မူးယစ်ရမ်းကားနေသည်ကိုတွေ့ရှိရသဖြင့်
ဓါးမြှောင်အား သက်သေများ ရှေ့တွင်သိမ်းဆည်းကာ
ခွင့်ပြုမိန့်တစ်စုံတစ်ရာမရှိဘဲ ဓါးဦးချွန်ဓါးမြှောင်ကိုင်ဆောင်သူ
ဝင်းတင့်အား နတ်မောက်မြို့မရဲစခန်း(ပ)၃၉/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment