07 March 2014

သင်္ကြန်မှာ ရေကစားရတာကို အရမ်းကြိုက်တယ်လို့ဆိုတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် မေမြင့်မိုရ်

ပန်းနုသွေးဇာတ်ကားရဲ့မင်းသမီးဖြစ်တဲ့ မေမြင့်မိုရ်ကို ပူပြင်းတဲ့နွေရာသီ ရောက်တဲ့ကာလမှာ အပူဒဏ်ကို ကာကွယ်နိုင်အောင် ဘာတွေလုပ်ဖြစ်တယ်ဆိုတာရယ်၊ နွေရာသီရဲ့ စိတ်ခံစားချက်ကို မေးမြန်းဖြစ်ခဲ့တဲ့အခါမှာတော့ သူမက ‘နွေရာသီက အရမ်းပူပါတယ်။ နွေရာသီနဲ့ ပတ်သက်ပြီး အမှတ်တရကတော့ ငယ်ငယ်က နွေရာသီကျောင်းသုံးလပိတ်ပြီဆိုရင် မိသားစုတွေနဲ့အတူ ဘုရားဖူးခရီးထွက်တာကိုတော့ သတိရမိပါတယ်။ နွေရာသီမှာ ပေါ့ပေါ့ပါးပါးဖြစ်မဲ့ စကတ်တို၊ ဘောင်းဘီတိုနဲ့ ရှပ်အင်္ကျီဝတ်ဆင်သင့်သလို ချည်သားအင်္ကျီတို့၊ ချည်သားဘောင်းဘီတို့ ဝတ်ဆင်သင့်ပါတယ်။ T-Shirt ဆိုလည်း ပွပွကြီးတွေပေါ့။ နေပူထဲထွက်မယ်ဆိုရင် Lotion လိမ်းတာတို့၊
မျက်မှန်တပ်တာတို့၊ ထီးဆောင်းတာတို့၊ ဦးထုပ်ဆောင်းသွားတာတို့ လုပ်သင့်ပါတယ်။ ညီမကတော့ Lotion မှန်မှန်လိမ်းဖြစ်ပါတယ်။ Sunblock မှန်မှန်လိမ်းဖြစ်ပါတယ်။ နွေရာသီလရဲ့အကြိုက်ဆုံးကတော့ သင်္ကြန်ပေါ့။ April ဆိုသင်္ကြန်ရောက်ပြီ။ သင်္ကြန်မှာ ရေကစားရတာကို အရမ်းကြိုက်တယ်။ ပြီးတော့ မိသားစုနဲ့လည်းအတူ ကားနဲ့ လျှောက်လည်ဖြစ်ပါတယ်။ မနှစ်ကသင်္ကြန် လျှပ်စစ်ဝန်ကြီးမဏ္ဍပ်မှာ သီချင်းဆိုဖြစ်သလို၊ မိုင်ဒါကွင်းမှာ MRTV-4 ကလုပ်တဲ့ ထာဝရသင်္ကြန် မဏ္ဍပ်မှာလည်း သီချင်းဆိုဖြစ်ခဲ့ပါတယ်။ ဒီနှစ်သင်္ကြန်ကိုလည်း ဘယ်လိုဖြတ်သန်းဖြစ်ဦးမလဲဆိုတာကိုတော့ မသိသေးပါဘူး’တဲ့။

 စန္ဒီ/Trend Myanmar

No comments:

Post a Comment