မတ်လ ၆ရက် ည(၇း၄၅)နာရီခန့်က မန္တလေးမြို့ ၇၈လမ်း၊ ၃၀နဲ့ ၃၁လမ်းကြားမှာ
ToyotaSuprea အမျိုးအစား ပြိုင်ကားတစ်စီး အရှိန်မထိန်းနိုင်ပဲ
လမ်းလယ်ကျွန်း အုတ်ခုံကို ၀င်တိုက် တိမ်းမှောက်ခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဘူး။ ပြိုင်ကားကို
မောင်းနှင်လာသူတွေဟာ လူငယ်များဖြစ်ပြီး စကားအပြောအဆို မဆင်ခြင်တာကြောင့်
ကူညီပေးသူ လူအများ စိတ်ဆိုးဒေါသထွက်လာတာကို ထိန်းသိမ်းဖို့ အနီးမှာရှိတဲ့
မြန်မာ့မီးရထားရဲတပ်ဖွဲ့ အမှတ်(၄)တပ်ဖွဲ့ မန္တလေးရထားရဲစခန်းအတွင်းမှာ
ခေတ္တခေါ်ယူထိန်းသိမ်းပေးခဲ့ပါတယ်။
(ရိုက်ကူး - ငြိမ်းမိုးနောင်)
DVB News
No comments:
Post a Comment