အောင်မြင်မှုတွေနဲ့ အသားကျနေပြီးသား အကယ်ဒမီနေတိုးတစ်ယောက် လက်ရှိမှာ
မင်းသမီး ခင်ဝင့်ဝါနဲ့ ဇာတ်ကားရိုက်ကူးနေတယ်လို့ သိရတာကြောင့်
ဖက်ရှင်ပိုင်းရော၊ အပြင်အဆင်ပိုင်းတွေမှာပါ သိသိသာသာ
ပြင်ဆင်ထားတာတွေ့ရပါတယ်။ ဆံပင်ပုံစံကအစ ငယ်ရွယ်သူနဲ့အပြိုင် နုပျိုအောင်
ပြင်ဆင်ထားပြီး ဖက်ရှင်ပိုင်းကအစ အရောင်ဖျော့တွေကို ဆင်ယင်ထားတာကြောင့်
ခင်ဝင့်ဝါနဲ့အတူတူ အပေးအယူတည့်လှတဲ့ ဒီဇာတ်ကားရိုက်ကွင်းပေါ်မှာ သူ့ကို
တွေ့ဆုံမေးမြန်းဖြစ်တဲ့အခါ ‘ခုရိုက်နေတဲ့ ကားလေးက အရုပ်လေးကို
ကျွန်တော်ပြန်မပေးပါဆိုတဲ့ အချစ်ကားလေးပါပဲ။ ဒီကားထဲမှာ သိပ္ပံပညာရပ်ကို
ရူးသွပ်တဲ့၊ တီထွင်မှုကို ၀ါသနာပါတဲ့ သူတစ်ယောက်ပေါ့။ ဒီလထဲမှာ အမေရိကား
ခရီးစဉ်သွားရမယ်။ ဒုတိယပတ်ထဲမှာသွားမယ်။ ၁လကြာမယ်ပေါ့။ ဧပြီ
ပထမပတ်ထဲမှာပြန်ရောက်ပါမယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေကို
ရွေးချယ်ရိုက်ကူးသမျှက ဇာတ်အိမ်ကောင်းကောင်း၊ ဇာတ်အိမ်ခိုင်ခိုင်တွေကိုပဲ
ရွေးရိုက်ဖြစ်တယ်။
ကိုယ်သရုပ်ဆောင်ရမယ့် ကာရိုက်တာပိုင်းကလည်း
ထူးခြားမှုရှိရမယ်ပေါ့။ အခု တင်တော့မဲ့ကားတွေက ဟိုးအရင် ကကြိုပြီး
စိတ်ကူးမျှော်လင့်ထားခဲ့တဲ့ ၂၀၁၄ ရဲ့ တင်ပြပုံတွေပါ။ ကျွန်တော်တို့
ကိုယ်ပြသမဲ့အချိန်အခါနဲ့ ကိုက်ညီအောင်လ ရိုက်ထားတာဖြစ်တဲ့အတွက်
ကြည့်တဲ့ပရိသတ်တွေ တစ်ထပ်တည်းဖြစ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။
ခုတင်တော့မဲ့ မာယာပရောဂျက်ဆို ကိုဝိုင်းကို ယုံကြည်မှုအပြည့်ပါ။ ရခိုင်မှာ
သွားရိုက်မဲ့ကားကလဲ ဇာတ်ကားပါပဲ။ movie အပေါ်မှာ အဓိက ထားပြီး
လုပ်နေတဲ့အခါကျတော့ အဲဒီအတွက် စဉ်းစားဖြစ်တဲ့အရာလေးတစ်ခုပေါ့။
ကျွန်တော်အချိန်အခါကတော့ ဘယ်တော့ ဆိုတာထက်ကို ဇာတ်လမ်းကို
အရင်ရွေးနေတဲ့အပိုင်းလေးတွေကိုပဲ လုပ်နေပါတယ်။’လို့ သူက ပြောပါတယ်။
ခင်ဆွေသက် /Trend Myanmar
No comments:
Post a Comment