26 March 2014

စစ်တွေ မာတေဇာ အန်ဂျီအို ရုန်းရင်းဆန်ခတ်မူ ရဲက သေနတ်ပစ်ဖေါက်လူစုခွဲ

ရဲတပ်ဖွဲ့ဝင်များ ဒိုင်းကာများဖြင့် အဓိဂရုဏ်း နှိမ်နှင်းနေစဉ် ( ဓါတ်ပုံ- Facebook)

(နိရဉ္စရာ- ၂၇ မတ်လ ၂၀၁၄)

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မာတေဇာခေါ် နိုင်ငံခြား အန်ဂျီအို တစ်ခုမှ  နိုင်ငံခြားသူ တစ်ဦး သာသနာ အလံအား မဖွယ်မရာ ပြုလုပ်သည်ဟု သတင်းထွက်လာပြီးနောက် ၎င်းအန်ဂျီအို၏ ရုံးများအား ဒေသခံများက ၀ိုင်းဝန်းရာမှ ရုန်းရင်းဆန်ခတ်မူ ဖြစ်ပွားပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်လူစုခွဲခဲ့ရသည်ဟု သတင်း ရရှိသည်။

“ အတွဲလိုက်ပစ်ပါတယ်။ အချက် ၃၀ လောက်ကြားရပါတယ်။ အခုတော့ အခြေအနေငြိမ်သွားပြီ ထင်ပါတယ်” ဟု စစ်တွေသို့ ခေတ္တရောက်ရှိနေပြီး အိမ်တစ်အိမ်တွင် တည်းခိုနေသူ ဦးမြတ်ထွန်းက ပြောသည်။

စစ်တွေက NGO ရုံးရှေ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်

စစ်တွေမြို့မှာ မာတေဇာ အန်ဂျီအိုရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာ အလံကို နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးက မဖွယ်မရာ ပြုလုပ်တယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ရာနဲ့ချီ ရှိတဲ့ ဒေသခံတွေက ရုံးကို မနေ့ညနေက သွားဝိုင်းရာကနေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့ သေနတ် အချက်ပေါင်း အများအပြား ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။

ထိခိုက်ဒဏ်ရတဲ့ သတင်းကိုတော့ မရရှိသေးပါဘူး။

အခင်း ဖြစ်ပွားပုံ ကတော့ မာတေဇာလို့ ခေါ်တဲ့ နိုင်ငံတကာ အန်ဂျီအို တစ်ခုက အမေရိကန်သူ တစ်ဦးဟာ သူတို့ရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာအလံကို မဖွယ်မရာ ပြုလုပ်တယ်ဆိုပြီး သတင်းထွက်လာရာကနေ ရာနဲ့ချီရှိတဲ့ ဒေသခံတွေဟာ မာတေဇာ ရုံးကို သွားဝိုင်းပြီး အဲဒီအမျိုးသမီးကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

မောင်တော မြောက်ဘက် ဒူးတန်းရွာမှာ မီးလောင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရဲ့ မြောက်ဘက် ဒူးတန်းရွာမှာ ဒီကနေ့ မနက် ၃ နာရီကျော်က မီးလောင်မှု ဖြစ်ပွားခဲ့ ပါတယ်။

ဈေးတန်းက ဆိုင်ခန်း ၆ ခန်း မီးလောင် သွားတယ်လို့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဆိုင်ကယ်စီးလာတဲ့ လူ ၂ ယောက် ဖြတ်သွားပြီး နောက်မှာ မီးလောင်မှု ဖြစ်တာလို့ ဒေသခံက ပြောပါတယ်။

အခု မီးလောင်မှုနဲ့ ပတ်သက်ပြီး အစိုးရ ဘက်ကတော့ အတည်ပြုချက် မရသေးပါဘူး။

ဖွဲ့စည်းပုံပြင်ရေး အကျပ်အတည်းမဖြစ်ဖို့ ညှိနှိုင်းရေး ဒေါ်စုတောင်းဆို

                                      ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း ၂၆ ရက် မတ်လ ၂၀၁၄ ခုနှစ်က နေပြည်တော်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် 
                                                                                                          (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်မှာ နိုင်ငံရေး အကျပ်အတည်းအထိ ဦးတည်မသွားအောင် တွေ့ဆုံညှိနှိုင်းဖြေရှင်းဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လက်ရှိ လွှတ်တော်အစည်းအဝေး ကျင်းပမှု နောက်ဆုံးနေ့ ဒီကနေ့မှာပဲ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပြောဆိုခဲ့တာပါ။ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။
 

မြန်မာ့တိုးတက်မှု နိုင်ငံတကာမှာ မျက်နှာပန်းလှဟု သမ္မတဦးသိန်းစိန်ဆို

                                                                မြန်မာသမ္မတဦးသိန်းစိန် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ -    
                                                                                                            www.president-office.gov.mm)

 မြန်မာနိုင်ငံရေးဟာ အကောင်းဆုံးနဲ့ အရေးကြီးဆုံးအချိန် ရောက်နေပြီးတော့
နိုင်ငံတကာ မျက်နှာစာမှာလည်း မျက်နှာပန်း ကောင်းမွန်နေပြီလို့ မြန်မာသမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ပြောဆိုသွားပါတယ်။ ဒါဟာ မြန်မာ့သမိုင်းမှာ မှတ်တိုင်ထူလောက်တဲ့ အခြေအနေလည်းဖြစ်တယ် လို့ ပြောသွားပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ သတင်းသွားရောက်ယူခဲ့တဲ့ ကိုသားညွန့်ဦးက အပြည့်အစုံ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဟာ အာဏာရှင်စနစ် အုပ်ချုပ်တဲ့ နိုင်ငံကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ နိုင်ငံပုံစံမျိုး နိုင်ငံရေး ယဉ်ကျေးမှုအသစ်ကို မြင်နေရပြီ ဆိုပြီးတော့ မြန်မာသမ္မတ ဦးသိန်းစိန် က ပြောဆိုသွားပါတယ်။ ဒါ့အပြင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအင်အားစု အားလုံးအနေနဲ့ သိမ်မွေ့ညင်သာစွာနဲ့ ဆောင်ရွက်သွားကြဖို့ဆိုပြီးတော့လည်း သမ္မတ ဦးသိန်းစိန်က တိုက်တွန်းသွားပါတယ်။ အစိုးရဖွဲ့စည်းခဲ့တာ ၃ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီ ၃ နှစ်တာကာလအတွင်း အစိုးရကနေပြီးတော့

တာ့ဂ်ျမဟာ ဆောက်သူတို့ လက်အဖြတ်ခံခဲ့ရ

အိန္ဒိယ Mughal အင်ပါယာ ဘုရင် Shah Jahan ဟာ ကွယ်လွန်သူ ချစ်ဇနီး မွန်တာဇ်မဟာရာ(ဂ်ျ) (Mumtaz Mahal) ကို ရည်စူးလို့ ၁၆၃၂ ခုနှစ်မှာ တာ့ဂ်ျမဟာ ( Taj Mahal ) ဂူသင်္ချိုင်းကို တည်ဆောက်ခဲ့ပါတယ်။

ဂူသင်္ချိုင်း ဆိုပေမယ့် နန်းတော်ကြီး တစ်ခုလိုပါပဲ။ တည်ဆောက်မှုက ၂၂ နှစ်တောင်ကြာမြင့်ပြီး ဆောက်လုပ်ခြင်းမှာ ပါဝင်တဲ့ ပန်းရံဆရာ၊ ဗိသုကာ ပညာရှင်များ အားလုံးကို လက်ဖြတ်ခဲ့ ပါတယ်။ အကြောင်း ကတော့ ယင်းကဲ့သို့ အလားတူ လှပတဲ့ နန်းတော်ကြီး တစ်ခုကို ထပ်မံ တည်ဆောက်နိုင်မှာစိုးလို့ ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံ၊ အာဂရာ မြို့  အပြင်မှာ တည်ရှိနေတဲ့ အဆောက်အအုံနဲ့ ပတ်ဝန်းကျင် ဖြစ်ပါတယ်။

ယူကရိန်းအရေး အနောက်အုပ်စု အင်အားသုံးမည်မဟုတ်

ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှုဟာ ယူကရိန်းနိုင်ငံမှာ အောင်ပွဲခံလိမ့်မယ်လို့ သူယုံကြည်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက မတ်လ ၂၆ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ပြောဆိုခဲ့ပါတယ်။

ဥရောပသမဂ္ဂနဲ့ မြောက်အတ္တလန္တိတ်စစ်စာချုပ် NATO အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက်၊ Palais des Beaux အနုပညာပြတိုက်မှာ သူ့ကို စောင့်မျှော်နေကြတဲ့ ပရိသတ်နဲ့ တွေ့ဆုံစဉ်မှာ သမ္မတ အိုဘားမားက အခုလို ပြောဆိုခဲ့ တာပါ။

Crimea ဒေသကနေ ရုရှားကို ပြန်ပြီး ဖယ်ရှားပစ်ရေး ကြိုးပမ်းဖို့၊ အင်အားကြီး အနောက်နိုင်ငံတွေမှာ ဘယ်လိုအစီအစဉ်မှ မရှိဘူးလို့လည်း သမ္မတ အိုဘားမား က ဆိုပါတယ်။ ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ အနောက်နိုင်ငံတွေဟာ ဆက်ပြီး စည်းလုံးညီညွတ်နေကြမယ်ဆိုရင်၊ ရုရှားဟာ သူ့ရဲ့ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ အင်အားထပ်သုံးလို့ မရနိုင်ဘူးဆိုတာကို သဘောပေါက် နားလည်လိမ့်မယ်လို့လည်း သမ္မတ အိုဘားမား က ပြောခဲ့ပါတယ်။

မလေးရှားလေယာဉ်တစ်စီး ပျံသန်းစဉ် အင်ဂျင်မီးလောင်၍ အရေးပေါ်ဆင်းသက်

မလေးရှားလေ ကြောင်းလိုင်းတစ်ခုဖြစ်သော မလင်ဒိုလေကြောင်းမှ  လေယာဉ် တစ်စီးသည် ဗုဒ္ဓဟူးနေ့နံနက် တွင် ကွာလာတာရန်ဂန်နူသို့ သွား သည့် ခရီးစဉ်၌  လေထုထဲတွင် အင် ဂျင်တစ်လုံးမီးလောင်၍ ဆူဘန် လေဆိပ်သို့ အရေးပေါ်ဆင်းသက် ခဲ့ရသည်။

လေကြောင်းလိုင်းမှ ထုတ် ပြန်သော ကြေညာချက်ထဲတွင် ထိုဖြစ်စဉ်မှာ လေယာဉ်က လေ ထုထဲသို့ အတက် ပေ ၇၀၀၀ အ ရောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆူဘန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ လေယာဉ်မှာ အင်ဂျင် မီးလောင်ချိန်တွင် မီးသတိပေး စနစ်က အချက်ပေးသောကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။

ပျောက်ဆုံးလေယာဉ် အစိတ်အပိုင်းဖြစ်နိုင်တဲ့ အပိုင်းအစရာကျော် ဂြိုဟ်တုကတွေ့ရှိ

မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှားလေယာဉ်နဲ့ ပတ်သက်ပြီး  အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့  ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ အိန္ဒိယသမုဒ္ဒရာထဲ တွေ့ရတဲ့ အပိုင်းအစ ၁၂၂ ခုဟာ  ဒီလေယာဉ်ကဖြစ်နိုင်ကြောင်း  ဖော်ပြထားပါတယ်။

ဒီအပိုင်းအစတွေကို ပြင်သစ်ဂြိုဟ်တုက မတ်လ ၂၃ ရက်နေ့က ရိုက်ယူခဲ့တဲ့ပုံတွေရှိရာ နေရာမှာ တွေ့ခဲ့ရတာဖြစ်ကြောင်း မလေးရှား ကာကွယ်ရေး ဝန်ကြီး ဟီရှာမူဒင် ဟူစိန် က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ အခုလို တွေ့ရတဲ့နေရာဟာ သြစတြေးလျနိုင်ငံ Perth မြို့ကနေ မိုင် ၁၅၀၀ ကျော် အကွာလောက်မှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။ 

ဦးရွှေမန်းဘက်မှ ရပ်တည်မည်ဟု ဒေါ်အောင်ဆန်းစုကြည် အခိုင်အမာပြော

နေပြည်တော် လွှတ်တော်တွင် မတ်လ ၂၆ ရက်နေ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရ အုပ်ချုပ်ရေးယန္တရားနှင့် သူရဦးရွှေမန်းဦးဆောင်သော ဥပဒေပြုရေး လွှတ်တော်အကြား မပြေလည်မှုများရှိနေပြီး ယင်းမပြေလည်မှုများတွင် လွှတ်တော်နာယက ဦးရွှေမန်းဘက်မှ တရားဝင် ရပ်တည်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
နေပြည်တော်တွင် မတ်လ ၂၆ ရက်နေ့ ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့၏ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က  ယင်းသို့ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဦးရွှေမန်းကလည်း  ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးရေး တောင်းဆိုမှုကို မှန်ကန်သော လုပ်ရပ်ဖြစ်၍ ထောက်ခံ ကြောင်း ပြောဆိုလိုက်သည်။

VA Electro City Myanmar New Year 2014 2014 Album MP3


No Title Singer Listen/Download Size
1 အမေ့ကြိမ်လုံးနဲ့တွေ့ပြီ အိမ့်ချစ် Click Here !! 2.00 MB
2 ချစ်လို့စတာ ကြည်နူးဖွင့် Click Here !! 2.00 MB
3 လာမချစ်နဲ့နာသွားမယ် တေဇ Click Here !! 2.00 MB
4 မန်းသင်္ကြန်ကိုလွမ်းတယ် အားမီ Click Here !! 2.00 MB
5 Block ရတနာမိုင် Click Here !! 2.00 MB
6 ကဝေ Aသွေး Click Here !! 2.00 MB
7 Shake Your Body ဝင်းပအိန္ဒြာ Click Here !! 2.00 MB
8 Heart Attack အားမီ Click Here !! 2.00 MB
9 အချမ်းပြေ ဒီရေတိုး ကြည်နူးပွင့် Click Here !! 2.00 MB
10 စိတ်ကြီးတယ်နော် နှင်းkသီ Click Here !! 2.00 MB
11 စိတ်မချလိုပါ ဟဲလေး Click Here !! 2.00 MB
12 Hello အိဖြူဖြူလွင် Click Here !! 2.00 MB
13 မိန်းမနောက်ပိုး သျှန္တီကေခိုင် Click Here !! 2.00 MB
14 ချစ်ဗိမ္မာန် Aသွေး မေဟံသာခင် Click Here !! 2.00 MB
15 ငါ့လိုချစ်သူ ကောင်းဆက်ဟိန်း Click Here !! 2.00 MB
16 Good Day ဂျက်ဆန်ထွန်း Click Here !! 2.00 MB
17 ယောကျာ်းထဲကယောကျာ်း နှင်းKသီ Click Here !! 2.00 MB
18 မေ့လို့မေ့လို့ ကြည်နူးဖွင့် Click Here !! 2.00 MB
လိုင်းပေါ်မှာနားဆင်ချင်တယ်ဆိုရင် play iconလေးကိုနှိပ်ပါ၊ ဒေါင်းယူချင်တယ်ဆိုရင်တော့ Click Here !!ဆိုတဲ့အပေါ်မှာ right click>>save link as နှိပ်ပြီးဒေါင်းယူပါ၊

ပျောက်ဆုံးလေယာဉ် အစိတ်အပိုင်းတွေ့သည့် အိန္ဒိယသမုဒ္ဒရာကို တရုတ်သင်္ဘောရောက်ရှိ


တရုတ် ရေခဲခွဲသင်္ဘော ဇူလောင်းဟာ ပျောက်ဆုံး မလေးရှား လေယာဉ်ရဲ့ အစိတ်အပိုင်းလို့ ထင်ရတဲ့ အရာဝထ္ထု တွေ့ခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာရေပြင်ကို ဒီနေ့ ရောက်ရှိသွားပါတယ်။

သင်္ဘောနဲ့အတူ လေယာဉ် ၆ စင်းကလည်း ရှာဖွေရေးလုပ်ငန်းတွေကို ကူညီမယ်လို့ အဲဒီ ရေပိုင်နက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီနေတဲ့ သြစတြေး လျ ရေကြောင်း ဌာနက ပြောပါတယ်။

ရှာဖွေရေးလေယာဉ်တွေက သံသယဖြစ်ဖွယ် အရာဝထ္ထုတွေကို တွေ့ရင် သင်္ဘောနဲ့ တခြားယာဉ်တွေကို အကြောင်းကြားပြီး သင်္ဘောက ရေပြင်က အရာဝထ္ထုကို ဆယ်ယူနိုင်ဖို့ စီစဉ်ထားပါတယ်။

တောင်ဒဂုံတွင် အုပ်စုလိုက် ရန်ဖြစ်ရာ ၀မ်းဗိုက်အူထွက်ပြီး ၁ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ

တောင်ဒဂုံမြို့နယ်၊ (၂၁) ရပ်ကွက်တွင် မတ်လ (၂၄) ရက် နေ့ က အုပ်စုလိုက် ရန်ဖြစ် ပွားရာမှ လူတစ် ဦး သေဆုံးကာ လူခြောက် ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း တောင်ဒဂုံ မြို့မ ရဲစခန်း မှ စခန်းမှူးက The Messenger သတင်းစာ သို့ ပြောသည်။

မတ်လ (၂၄) ရက်၊ ည (၉) နာရီ အချိန် က ကို........နှင့် သူငယ်ချင်း လေးဦး တို့သည် မိဘဂုဏ်သစ် စက်ရှေ့တွင် ဖုန်းပြော နေခိုက် သစ်စက်သို့ သစ်လာတင်သောကား နှင့် မလွတ်သောကြောင့် သစ်စက် အလုပ် သမား များက ဖယ်ခိုင်းရာမှ စကားများ ရန်ဖြစ်ကြခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။ ထိုသို့ ရန်ဖြစ် ကြရာ သစ်စက် အလုပ် သမားများက သစ်သားတုတ်များ၊ ဓားများ ဖြင့် ရိုက်နှက်သောကြောင့် ကို.......မှာ ယာ နားထင် ပြတ်ရှဒဏ်ရာ၊ ၀မ်းဗိုက်အူထွက် ဒဏ်ရာ ရရှိ၍ သေဆုံးခဲ့ပြီး၊ ကို..........၏ သူ ငယ်ချင်းများ အပါအ၀င် ၀င်ရောက်ဖျန်ဖြေသူ ခြောက်ဦးမှာလည်း ဒဏ်ရာ အသီးသီး ရရှိ၍ ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အရက်မူးလွန်နေသော အမျိုးသားတစ်ဦး (၆)လွှာတိုက်ခန်းမှ ခုန်ချသဖြင့် သေဆုံး

၂၅.၃.၂၀၁၄ ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/အနောက်ရပ်ကွက်၊ (၈၈)လမ်းနှင့်(၈၉)လမ်းကြားရှိ နေအိမ်များနောက်ဖေး၌ လူတစ်ဦးသေဆုံး နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ လှဝင်း၊ (၄၈)နှစ်၊ (ဘ)ဦးလှရွှေ၊ (၈၈)လမ်း၊ ကန်/အနောက်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ် နေသူဖြစ်ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် အရက်မူးလွန်ပြီး ၎င်း၏နေအိမ်(၆)လွှာ နောက်ဖေးမှ ခုန်ချခဲ့ သဖြင့် ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ နားသွေးထွက် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ၍ အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် တရုတ်များ အထူးအခွင့်အရေး ရနေမှုမှာ အစိုးရ၏ တာဝန်မဲ့မှုကြောင့်ဟု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

ဧရာဝတီမြစ်ဆုံကိစ္စအ ပါအ၀င် ပြည်တွင်း၌ တရုတ် ကုမ္ပဏီများ အထူးအခွင့်အရေး ရရှိနေခြင်းသည် အစိုးရ၏ တာဝန်မဲ့မှုများကြောင့်ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်သည်။

အစိုးရသည် ပြည်သူလူထု ၏ အခွင့်အရေးကို ကာကွယ်ပေး မှုမရှိခဲ့ဘဲ ဧရာဝတီမြစ်ဆုံကိစ္စ အပါအ၀င် တရုတ်ကုမ္ပဏီများ အား အထူးအခွင့်အရေးများ ပေး ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံတစ်ခုခု၏ လက် အောက်သို့ ကိုလိုနီသဖွယ် ကျ မသွားစေရေးအတွက် လက်ရှိအ ချိန်တွင် နိုင်ငံ၏ အကျိုးကို ပီပီပြင် ပြင် တာဝန်သိသိနှင့် ထမ်းဆောင်မည့်

အစိုးရတစ်ရပ် လိုအပ်နေ ကြောင်း မတ်လ ၂၃ ရက်က ပြင်ဦးလွင်မြို့၌ အထက်မြန်မာပြည်မှ စာရေးဆရာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။

ညပိုင်းစီမံချက်ဖြင့် ဖမ်းဆီးရာ သောက်စားပြီး မောင်းနှင်ပါက လိုင်စင်သုံးလပိတ်မည်

မန္တလေးမြို့အတွင်း စည်းကမ်းပျက် ယာဉ်များကို ပူးပေါင်း စစ်ဆေးရေးအဖွဲ့နှင့် စစ်ဆေးရာ၌ အရက်သေစာ သောက်စားကာ မောင်းနှင်သည်ကို တွေ့ရှိလျှင် လိုင်စင်အနည်းဆုံး သုံးလပိတ်ပြီး ထိရောက်သော ပြစ် ဒဏ်များ ချမှတ်သွား မည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်းက မတ်လ၂၅ရက်တွင် မဇ်္ဈိမကို ပြောသည်။

“အရက်သေစာ သောက်စား မောင်းနှင်ရင် အနည်းဆုံး လိုင်စင်သုံးလ ပိတ်မယ်။ ဒဏ်ငွေကို ထိထိရောက် ရောက်ပေးဆောင် စေမှာဖြစ်ပါတယ်” ဟု ၀န်ကြီးက ပြောသည်။

စည်းကမ်းမဲ့ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူရန်စီစဉ်ခြင်းဖြစ်ပြီး အချက်ပြမီးပွိုင့်၁၂ခုတွင် တပ်ဆင်ထားသည့် အသံချဲ့စက်မှတစ်ဆင့် သတိပေးခြင်း၊ နိုင်ငံပိုင် သတင်းစာများ၊ အက်ဖ်အမ်လေလှိုင်းများမှ တစ်ဆင့် ကြေညာ လုပ်ဆောင်ခြင်းဖြစ်သည်။

ဆေးကျောင်းသားတစ်ဦးပျောက်ဆုံးနေ

၂၃.၃.၂၀၁၄ရက်နေ့ ၂၃၃၀အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊(၉)ရပ်ကွက်၊ (၄၆)လမ်း၊ အမှတ်(၁၀)၊ အခန်းအမှတ်(၃၀၂)နေ ဦးရမ်ဇာဝါးမှ ၎င်း၏ အတူနေသားဖြစ်သူ မောင်ဇော်မြတ်ထွဋ်၊ (၂၁)နှစ်၊ ၁၂/ဗတထ(နိုင်) ၀၄၄၃၄၈၊ နောက်ဆုံးနှစ် အပိုင်း(က)၊ဆေးတက္ကသိုလ်(၁)ကျောင်းသားမှာ ပျောက်ဆုံး နေကြောင်းနှင့် စုံစမ်းရှာဖွေပေးပါရန် တိုင်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း လူပျောက်အမှတ်စဉ်(၃/၂၀၁၄)ဖြင့်ဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

၎င်းသည် ၂၀.၃.၂၀၁၄ရက်နေ့ ၀၈၃၀အချိန်တွင် နေအိမ်မှ ဗဟိုအမျိုးသမီး ဆေးရုံသို့ လက်တွေ့ ဆင်းရန်သွားမည်ဟု ပြောပြီး ထွက်သွားရာမှ ပြန်မလာဘဲ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ယူနီဖောင်းကို ပြည်သူတွေချစ်အောင် လုပ်ဖို့အရေးကြီးတယ်ဟု ပြောကြားလာသူ ဦးကျော်သူနှင့် တွေ့ဆုံခြင်း

တပ်မတော်နေ့ကျရောက်မည့်ရက် နီးကပ်လာချိန်တိုင်း လွတ်လပ်ရေးရယူပေးခဲ့သည့်ဂုဏ်ကျေးဇူးအား အောက်မေ့ဖွယ်အဖြစ် တီဗီဖန်သားပြင်ပေါ်ကနေ နိုင်ငံ တစ်ဝန်း ရှိ ပြည်သူလူထုတို့အား ရုပ်ရှင်ဇာတ်ကားများကို တပ်မတော်နေ့ဂုဏ်ပြု အစီအစဉ်အနေနှင့် ထုတ်လွှင့် ပြသခဲ့ပါသည်။ ထိုသို့ တပ်မ တော်ဂုဏ်ပြုအစီအစဉ်အဖြစ် ထုတ် လွှင့်ပြသသည့် ရုပ်ရှင်ဇာတ်ကားများထဲတွင် မင်းသားကျော်သူပါဝင် သရုပ်ဆောင်ထားသည့် ဇာတ်ကားများလည်း ပါဝင်ခဲ့ပါသည်။ ထိုကြောင့် စစ်သည်ဇာတ်ကောင် ဇာတ်ရုပ်နှင့် အများပြည်သူများကြည့် ရှုခြင်းခံခဲ့ရဖူးသူ ရုပ်ရှင်မင်းသား ကျော်သူတစ်ဖြစ်လဲ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူနှင့် တွေ့ဆုံခိုက် တပ် မတော်နေ့၊ တပ်မတော်ရုပ်ရှင်ဇာတ်ကား၊  တပ်မတော်အပေါ်အမြင်တို့ မေးမြန်းဖြစ်ခဲ့သည်။

ဗီဒီယို ဇာတ်ကား ရိုက်ကူးမှု ၃လ နားခဲ့တဲ့ မိုးယုစံ

မိုးယုစံ က အမေရိက ကိုနှင်းဆီ အဖွဲ့ နဲ့အတူ ဖျော်ဖြေရေး အဖြစ် မတ်လ ၂၁ ရက်နေ့က ထွက်ခွာသွားခဲ့ပါတယ်။ သင်္ကြန် မတိုင်ခင် ပြန်ရောက် မှာဖြစ်ပြီး ဖျော်ဖြေ ရေး အတွက် ပြင်ဆင်မှုတွေ ကိုပြောပြတဲ့ မိုးယုစံက “မိုးယုတို့ သွားဖျော်ဖြေတာ အစ ကတော့ ၁ လလောက် ကြာမယ်ပေါ့။ အခု သင်္ကြန် မတိုင်ခင်တော့ ပြန်ရောက် မှာပါ။ မိုးယုက အငြိမ့်အက နဲ့ သီချင်း ဆိုရမှာ ဆိုတော့ အဲဒီ အတွက် ကိုတော့ သေချာပြင်ဆင် ထားပါတယ်။ သီချင်းလေးတွေ ကိုလည်းပေါ့ ။အေးအေးလေးတွေ ပဲ ဆိုဖြစ် မှာပါ ။ပြည်ပ မှာဖျော်ဖြေ တာဖြစ်ပေမယ့်လည်း ဒါတွေက ကိုယ့် ပရိသတ်တွေ ပဲလေ။ မိုးယုတို့ ၇ ပွဲလောက် ဖျော်ဖြေမယ်။ ရက်ကလည်း နည်းတယ်။ ပွဲကလည်း များတော့ အချိန်လည်း အများကြီး မရဘူးလေ။ လျှောက်လည်ဖို့ တောင် သိပ်မလွယ်လောက်ဘူး” လို့ ပြောပြပါတယ်။

ပရိသတ်နဲ့ ထပ်တူထပ်မျှပဲ ခံစားတယ် ဆိုတဲ့ ဝတ်မှုံရွှေရည်

“မချစ်တတ်သူများ အ ကြောင်း” ဆိုတဲ့ ဇာတ်ကားမှာ ဝတ်မှုံရွှေရည်က ကောင်းပြည့်နဲ့ သရုပ်ဆောင်ထားပါ တယ်။ မာနချင်း ပြိုင်ကြတဲ့ လူငယ် ၂ ယောက် ရဲ့ အပြိုင် ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေတဲ့ ဝတ်မှုံရွှေရည် ရဲ့လတ်တလော ထွက်ရှိထားတဲ့ “လိပ်ပြာ” ဆိုတဲ့ ဇာတ်ကားမှာနွမ်းပါး သူ တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။ ပရိသတ် မြင်တွေ့နေကျ ပုံစံမဟုတ် တဲ့အတွက် အမြင်ဆန်းသွားစေတယ် လို့ပြောပြတဲ့ ဝတ်မှုံရွှေရည် က “အဲဒီကားက ကစ်တစ်ခါ မှ မလုပ်ဖူးတဲ့ ဇာတ်ရုပ်မျိုးပါ။ မလှအောင်လည်း လုပ်ထားတယ်။ တော် တော်လေး ရုပ်ချထားတယ်။ အလှကား မျိုး၊မြင်နေကျ ဇာတ်ရုပ်မျိုးဆို သိပ်ပြင်ဆင် စရာလည်း မလိုဘူး။ တော်တော် ဆင်းဆင်းရဲရဲ ဆိုတော့သေချာ လုပ်ထားပါတယ်”လို့ ပြောပြပါတယ်။

တပ်မတော်နေ့ကို ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့ကြသူအနုပညာရှင်တို့ အမှတ်တရစကားသံများ

တစ်ချိန်က တပ်မတော်နေ့ကို တော်လှန်ရေးနေ့အခမ်းအနားအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပေသည်။ အနယ်နယ်အရပ်ရပ် တွင်လည်း ပိုစတာ နံရံကပ်အနုပညာပြိုင်ပွဲများ၊ ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများဟူ၍ အသီးသီး ပူးတွဲကျင်းပခဲ့သလို ဂုဏ်ပြုစစ်ကြောင်း ချီလာ သည့်   တပ်မတော်သားများ အား  မြို့မိမြို့ဖ ပြည်သူ ပြည် သားများက သောင်းသောင်း ဖြဖြကြိုဆို၍ ဂုဏ်ပြုပန်းကုံးစွပ်ကြပေသည်။
ထိုကဲ့သို့သော တပ်မတော် နှင့် ပြည်သူကြည်ဖြူညီတူ စိတ်ထားဖွဲ့ မြင်ကွင်းပုံရိပ်တို့ကား မြန်မာနိုင်ငံ၏ အနာဂတ် ခွန်အားသစ်များ အနေနှင့် ဖြစ်တ ည်ကျန် ရစ်စေ ခဲ့ပါ သည်။ ထိုကဲ့သို့သော သမိုင်းအစဉ်အလာကောင်းများနှင့် ဖြစ်တည်ခဲ့သော တပ်မတော်နေ့ကို ကိုယ်တိုင်ကြုံ တွေ့ ဖြတ်သန်းခဲ့ဖူးသူတို့၏ အမှတ်တရစကား သံများကို စု စည်းဖော်ပြ လိုက်ပါသည်။

အပြောင်းအလဲကို ကြိုက်တဲ့ အောင်ရဲလင်း

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးနေတဲ့ “လရောင် နံပါတ်(၆)” ဇာတ်ကားကို အောင်ရဲလင်းက နန်းဆုဦး နဲ့ အတူ ရိုက်ကူးနေပါတယ်။ ပြောင်းလဲမှုတွေ ပြုလုပ်ရတာ ကို တအား လည်း ကြိုက်နှစ်သက်ပြီး ဝါသနာလည်း ပါတဲ့ အောင်ရဲလင်း ကဇာတ်ရုပ်တွေ နဲ့ပတ်သက် လို့လည်း အမြဲတမ်း အပြောင်းအလဲလေးတွေ လုပ်လေ့ ရှိပါတယ်။ “တစ်ကားနဲ့ တစ်ကားအ တတ်နိုင်ဆုံး မတူအောင် ချိန်းတယ်။ ဒါပေမဲ့ တချို့ဟာ တွေကလည်း ချိန်းတယ် ဆိုပေမယ့် ချိန်းရတာ အခက်အခဲလေးတွေ ရှိတယ်။ ဖက် ရှင် ကိုတော့ အတတ်နိုင်ဆုံး ချိန်းဖြစ်တယ်။ အခု ၂ဝ၁၄ မှာဆိုရင် ကျွန်တော် တတ်နိုင်သမျှ အကုန် ချိန်းထားတယ်။” လို့ ဇာတ်လမ်းတွေ ရိုက်ကူးတဲ့ အခါ ဇာတ်ထုပ် အပြောင်း အလဲ၊ ဖက်ရှင်အပြောင်းလဲ လုပ်ဖြစ်မှုတွေ နဲ့ ပတ်သက်ပြီး အောင်ရဲလင်းက ပြောပြပါတယ်။

ဒီနှစ်သင်္ကြန် မန္တလေးမြို့တော်ဝန်မှာ ပရိသတ်တွေနဲ့ အတူတူရှိမယ်လို့ပြောတဲ့ နန်းဆုရတီစိုး

အနုပညာစာမျက်နှာတွေပေါ် တွေ့ရနည်းလာတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုး ခုလတ်တလောဘာတွေ အလုပ်ရှုပ်နေတယ်ဆိုတာရော၊ သူမအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ ၂၀၁၄ အတွက်သင်္ကြန်ရင်ခုန်သံတွေကို မေးမြန်းကြည့်ဖြစ်တဲ့အခါ သူမက ‘နန်းဆု အခုက ပုသိမ်ပြီးမယ်၊ နောက် ၀ါးခယ်မပြီးသွားရင် ဖားကန့်ထပ်သွားရမယ်၊ အဲ့ဒါတွေပြီးရင် မန္တလေးမြို့တော်ဝန်မှာသီချင်းတွေလိုက်ဆိုမယ်။ နန်းဆုအခွေလေးက အဲဒါတွေပြီးမှဆက်ရိုက်ကူးမှာပါ။ ကြားရက်လေးတွေမှာတော့ အမ်တီဗီရိုက်ကူးဖို့အတွက် ပြင်ဆင်မှုလေးတွေ လုပ်နေရတာပေါ့နော်။

သင်္ကြန်ကျရင်တော့ မန္တလေးမြို့တော်ဝန်မှာ ပရိသတ်တွေနဲ့ အတူတူ သီချင်းတွေဆိုမယ်။ သင်္ကြန်နဲ့ ပတ်သတ်တဲ့ခံစားမှုက လူတိုင်းရင်ခုန်သလို နန်းဆုလဲ ရင်ခုန်ပါတယ်။ ပရိသတ်တွေနဲ့တူတူ နှစ်သစ်ကို ကူးရမယ်ဆိုတော့ ပိုပြီးလဲရင်ခုန်တယ်။ ပိုပြီးလဲ ၀မ်းသာတယ်။ အကျေနပ်ဆုံးပါပဲ။

သင်္ကြန်က သူမအတွက် ပုံမှန်ပါပဲလို့ဆိုတဲ့ မော်ဒယ် Mဆိုင်းလူ

ချစ်စဖွယ်ကောင်းတဲ့ မျက်နှာဟန်ပန်လေးရော၊ အင်တာနေရှင်နယ်အဆင့်မီ ကိုယ်နေဟန်ထား ကြောင့်ပါ မော်ဒယ်လောကမှာ နာမည်ရရှိနေသူ မော်ဒယ်လ် Mဆိုင်းလူကို သူမရဲ့ သင်္ကြန်နဲ့ ပတ်သက်တဲ့ စိတ်ခံစားချက် တစ်ချို့ကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘ညီမ အခု လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘာမှသိပ်မလုပ်ဖြစ်ဘူး။ ပြီးတော့ သင်္ကြန်အတွက်လည်း သိပ်မသေချာသေးဘူး။ ခရီးထွက်ဖြစ်ရင်လည်း ထွက်ဖြစ်မယ်။ မဏ္ဍပ်ထိုင်ဖြစ်ရင်လည်း ထိုင်ဖြစ်မယ်။ သေချာပြောလို့တော့ မရသေးပါဘူး။ အရင်နှစ် သင်္ကြန်တွေ တုန်းကဆိုရင် ညီမက ခရစ်ယာန် ဖြစ်တဲ့အတွက် ကန့်ပဲ အမြဲတမ်းဝင်ဖြစ်တာများပါတယ်။ သင်္ကြန်နဲ့ ပတ်သက်ပြီး စိတ်ခံစားချက် ပြောရမယ် ဆိုရင်တော့ လူတစ်ယောက်နဲ့ တစ်ယောက်က စိတ်ခံစားချက်ကတော့ ဘယ်တူနိုင်မလဲနော်။ တစ်ယောက်တစ်မျိုးစီပေါ့။ ညီမအတွက်ကတော့