26 March 2014

ဒီနှစ်သင်္ကြန် မန္တလေးမြို့တော်ဝန်မှာ ပရိသတ်တွေနဲ့ အတူတူရှိမယ်လို့ပြောတဲ့ နန်းဆုရတီစိုး

အနုပညာစာမျက်နှာတွေပေါ် တွေ့ရနည်းလာတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုး ခုလတ်တလောဘာတွေ အလုပ်ရှုပ်နေတယ်ဆိုတာရော၊ သူမအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ ၂၀၁၄ အတွက်သင်္ကြန်ရင်ခုန်သံတွေကို မေးမြန်းကြည့်ဖြစ်တဲ့အခါ သူမက ‘နန်းဆု အခုက ပုသိမ်ပြီးမယ်၊ နောက် ၀ါးခယ်မပြီးသွားရင် ဖားကန့်ထပ်သွားရမယ်၊ အဲ့ဒါတွေပြီးရင် မန္တလေးမြို့တော်ဝန်မှာသီချင်းတွေလိုက်ဆိုမယ်။ နန်းဆုအခွေလေးက အဲဒါတွေပြီးမှဆက်ရိုက်ကူးမှာပါ။ ကြားရက်လေးတွေမှာတော့ အမ်တီဗီရိုက်ကူးဖို့အတွက် ပြင်ဆင်မှုလေးတွေ လုပ်နေရတာပေါ့နော်။

သင်္ကြန်ကျရင်တော့ မန္တလေးမြို့တော်ဝန်မှာ ပရိသတ်တွေနဲ့ အတူတူ သီချင်းတွေဆိုမယ်။ သင်္ကြန်နဲ့ ပတ်သတ်တဲ့ခံစားမှုက လူတိုင်းရင်ခုန်သလို နန်းဆုလဲ ရင်ခုန်ပါတယ်။ ပရိသတ်တွေနဲ့တူတူ နှစ်သစ်ကို ကူးရမယ်ဆိုတော့ ပိုပြီးလဲရင်ခုန်တယ်။ ပိုပြီးလဲ ၀မ်းသာတယ်။ အကျေနပ်ဆုံးပါပဲ။
ပရိသတ်တွေနဲ့ နှစ်သစ်ကို တူတူကူးရတယ်ဆိုတော့ ဘ၀မှာ မင်္ဂလာရှိတာပေါ့နော်။ နှစ်တိုင်းက နန်းဆု မန္တလေးမြို့တော်ဝန်မှာကြီးပဲ။ မနှစ်က တစ်နှစ်ထဲ ရန်ကုန်မှာ နေချင်လို့လေ။ ရန်ကုန်မှာ သူငယ်ချင်းတွေက နိုင်ငံခြားကပြန်ရောက်နေလို့လေ။ သင်္ကြန်ပြီးရင် အပန်းဖြေ ခရီးထွက်ဖို့ရှိတယ်။ ပရိသတ်ကြီးအားလုံးနှစ်သစ်မှာစိတ်သစ်လူသစ်နဲ့အသစ်အသစ်တွေအားလုံးဖန်တီးနိုင်ကြပါစေ။ ကျန်းမာပျော်ရွှင်ချမ်းမြေ့ကြပါစေ။ သင်္ကြန်မှာ မိုးမမြင်လေမမြင်ပျော်နိုင်ကြပါစေလို့နန်းဆုက ဆုတောင်းပေးပါတယ်’တဲ့။

ခင်ဆွေသက်  /Trend Myanmar

No comments:

Post a Comment