၂၅.၃.၂၀၁၄ ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/အနောက်ရပ်ကွက်၊
(၈၈)လမ်းနှင့်(၈၉)လမ်းကြားရှိ နေအိမ်များနောက်ဖေး၌ လူတစ်ဦးသေဆုံး
နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ လှဝင်း၊ (၄၈)နှစ်၊
(ဘ)ဦးလှရွှေ၊ (၈၈)လမ်း၊ ကန်/အနောက်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်
နေသူဖြစ်ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် အရက်မူးလွန်ပြီး ၎င်း၏နေအိမ်(၆)လွှာ
နောက်ဖေးမှ ခုန်ချခဲ့ သဖြင့် ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ နားသွေးထွက်
ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ၍ အလောင်းအား
ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ခဲ့ပါသည်။
၎င်းသေဆုံးမှုနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်း သေမှုသေခင်း
အမှတ်စဉ်(၁၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment