26 March 2014

ဗီဒီယို ဇာတ်ကား ရိုက်ကူးမှု ၃လ နားခဲ့တဲ့ မိုးယုစံ

မိုးယုစံ က အမေရိက ကိုနှင်းဆီ အဖွဲ့ နဲ့အတူ ဖျော်ဖြေရေး အဖြစ် မတ်လ ၂၁ ရက်နေ့က ထွက်ခွာသွားခဲ့ပါတယ်။ သင်္ကြန် မတိုင်ခင် ပြန်ရောက် မှာဖြစ်ပြီး ဖျော်ဖြေ ရေး အတွက် ပြင်ဆင်မှုတွေ ကိုပြောပြတဲ့ မိုးယုစံက “မိုးယုတို့ သွားဖျော်ဖြေတာ အစ ကတော့ ၁ လလောက် ကြာမယ်ပေါ့။ အခု သင်္ကြန် မတိုင်ခင်တော့ ပြန်ရောက် မှာပါ။ မိုးယုက အငြိမ့်အက နဲ့ သီချင်း ဆိုရမှာ ဆိုတော့ အဲဒီ အတွက် ကိုတော့ သေချာပြင်ဆင် ထားပါတယ်။ သီချင်းလေးတွေ ကိုလည်းပေါ့ ။အေးအေးလေးတွေ ပဲ ဆိုဖြစ် မှာပါ ။ပြည်ပ မှာဖျော်ဖြေ တာဖြစ်ပေမယ့်လည်း ဒါတွေက ကိုယ့် ပရိသတ်တွေ ပဲလေ။ မိုးယုတို့ ၇ ပွဲလောက် ဖျော်ဖြေမယ်။ ရက်ကလည်း နည်းတယ်။ ပွဲကလည်း များတော့ အချိန်လည်း အများကြီး မရဘူးလေ။ လျှောက်လည်ဖို့ တောင် သိပ်မလွယ်လောက်ဘူး” လို့ ပြောပြပါတယ်။


မိုးယု စံက “ကျွန်တော့် ရည်စား ဘုရား မှာနေ သည်” ဆိုတဲ့ ရုပ်ရှင်ကား ကြီးကို အပြီး သတ် ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ကားကြီး နဲ့ဖျော်ဖြေရေး သွားရောက်ဖို့ အတွက် ဗီဒီ ယို ရိုက်ကူးမှုတွေ ကို ၃လ နားထား ခဲ့တယ်လို့ ပြောပြပါတယ်။ မိုးယုတို့ ဒီခရီး သွားဖို့ အတွက်ရော၊ ရုပ်ရှင်ကားကြီး ရိုက် ဖို့ အတွက်ရော ဗီဒီယို ကားတွေ ရိုက်ကူးမှု နား ထားတာပါ။ ကားကြီးကို အပြီးရိုက်ဖို့ ၂လလောက် အချိန်ပေးခဲ့တာ။ ပွဲက လည်း ၂လပိုင်း အကုန်လောက် သွားဖို့လုပ် ထားတာက ရွှေ့ရင်းနဲ့နောက်ရောက် သွား တာလေ။ကားကြီးအတွက်အကောင်း ဆုံးကြိုး စားခဲ့တယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်/popularmyanmar

No comments:

Post a Comment