မလေးရှားလေ ကြောင်းလိုင်းတစ်ခုဖြစ်သော မလင်ဒိုလေကြောင်းမှ လေယာဉ်
တစ်စီးသည် ဗုဒ္ဓဟူးနေ့နံနက် တွင် ကွာလာတာရန်ဂန်နူသို့ သွား သည့် ခရီးစဉ်၌
လေထုထဲတွင် အင် ဂျင်တစ်လုံးမီးလောင်၍ ဆူဘန် လေဆိပ်သို့ အရေးပေါ်ဆင်းသက်
ခဲ့ရသည်။
လေကြောင်းလိုင်းမှ ထုတ် ပြန်သော ကြေညာချက်ထဲတွင် ထိုဖြစ်စဉ်မှာ လေယာဉ်က လေ
ထုထဲသို့ အတက် ပေ ၇၀၀၀ အ ရောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
ဆူဘန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ လေယာဉ်မှာ
အင်ဂျင် မီးလောင်ချိန်တွင် မီးသတိပေး စနစ်က အချက်ပေးသောကြောင့် အရေးပေါ်
ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။
‘‘ကပ္ပတိန်က လေယာဉ်ကို ဆူဘန်လေဆိပ်ဘက်ကိုလှည့်ပြီး ပြန်ဆင်းဖို့
ဆုံးဖြတ်ခဲ့ရပါတယ်။ လေယာဉ်ဟာ လေဆိပ်ကို လုံခြုံစိတ်ချစွာနဲ့ ဆင်းသက်နိုင်
ခဲ့ပါတယ်။ ဘယ်သူမှ ထိခိုက် ဒဏ်ရာရခြင်းမရှိခဲ့ပါဘူး’’ ဟု ဆိုသည်။ ထို့ပြင်
လေကြောင်း လိုင်းက လေယာဉ်ပေါ်တွင် ပါ လာသည့် ခရီးသည်အားလုံးကို
တာဂန်ရန်နူသို့သွားမည့် အခြား လေယာဉ်များသို့ လွှဲပြောင်းပေးခဲ့ ကြောင်း
ဆိုသည်။
မလင်ဒိုလေကြောင်းလိုင်း ကလည်း ၎င်းတို့သည် လေယာဉ် အင်ဂျင်မီးလောင်မှုကို
စုံစမ်းနေ ပြီး လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီနှင့် အင်ဂျင်ကုမ္ပဏီအပါ အ၀င်
သက်ဆိုင်ရာ တာဝန်ရှိသူ များထံသို့လည်း အကြောင်းကြား ထားကြောင်း ဆိုသည်။
ပတ်တလင်းဂျာယာတွင် အခြေစိုက်သည့် မလင်ဒိုလေ ကြောင်းလိုင်းသည် မလေးရှားအ
မျိုးသားလေကြောင်းနှင့် ကာ ကွယ်ရေးစက်မှုလုပ်ငန်း (Nadi) နှင့်
အင်ဒိုနီးရှားမှ လိုင်းယွန်းလေ ကြောင်းတို့ ဖက်စပ်လုပ်ကိုင် သည့်
ကုမ္ပဏီတစ်ခုဖြစ်သည်။
—Ref: Bernama/nd
7DAY DAILY
No comments:
Post a Comment