မန္တလေးမြို့အတွင်း စည်းကမ်းပျက် ယာဉ်များကို ပူးပေါင်း စစ်ဆေးရေးအဖွဲ့နှင့်
စစ်ဆေးရာ၌ အရက်သေစာ သောက်စားကာ မောင်းနှင်သည်ကို တွေ့ရှိလျှင်
လိုင်စင်အနည်းဆုံး သုံးလပိတ်ပြီး ထိရောက်သော ပြစ် ဒဏ်များ ချမှတ်သွား
မည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန
ဝန်ကြီး ဦးကျော်ဆန်းက မတ်လ၂၅ရက်တွင် မဇ်္ဈိမကို ပြောသည်။
“အရက်သေစာ သောက်စား မောင်းနှင်ရင် အနည်းဆုံး လိုင်စင်သုံးလ ပိတ်မယ်။
ဒဏ်ငွေကို ထိထိရောက် ရောက်ပေးဆောင် စေမှာဖြစ်ပါတယ်” ဟု ၀န်ကြီးက ပြောသည်။
စည်းကမ်းမဲ့ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူရန်စီစဉ်ခြင်းဖြစ်ပြီး
အချက်ပြမီးပွိုင့်၁၂ခုတွင် တပ်ဆင်ထားသည့် အသံချဲ့စက်မှတစ်ဆင့် သတိပေးခြင်း၊
နိုင်ငံပိုင် သတင်းစာများ၊ အက်ဖ်အမ်လေလှိုင်းများမှ တစ်ဆင့် ကြေညာ
လုပ်ဆောင်ခြင်းဖြစ်သည်။
ဖမ်းဆီးမှုများကို မတ်လ၂၃ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး အချက်အချာကျသော
လမ်းမများဖြစ်သည့် ၂၆လမ်း၊ ၆၆ လမ်းနှင့် ၆၈ လမ်းကြား၊ ၂၆လမ်း၊ ၇၃ လမ်းနှင့်
၂၄ လမ်းကြား၊ လမ်း ၈၀၊ ၂၄ လမ်းနှင့် ၂၅ လမ်း ကြား သုံးနေရာတွင်
အဖွဲ့သုံးဖွဲ့ ဖြင့် လုပ်ဆောင်ခဲ့သည်။
၂၃ရက်တွင် မော်တော်ယာဉ်နှစ်စီး၊ ဆိုင်ကယ် ၂၀၆ စီး အရေးယူခဲ့ပြီး ၂၄ ရက်တွင်
မော်တော်ယာဉ်ခြောက် စီး၊ မော်တော်ဆိုင်ကယ်အစီး၃၂၀၊ စုစုပေါင်း
မော်တော်ယာဉ်ရှစ်စီးနှင့် မော်တော်ဆိုင်ကယ် ၅၂၆ စီး တို့ကို အရေးယူထားသည်။
ဖမ်းဆီးအရေးယူရာတွင် လိုင်စင်အထောက်အထား မပြနိုင်သော မော်တော်ယာဉ်
တစ်စီးနှင့် ဆိုင်ကယ်ငါးစီး ဖမ်းဆီးရမိခဲ့သည်။
စည်းကမ်းပျက်ယာဉ်များနည်းတူ ပြိုင်ကားများအရှိန်ပြင်းစွာ
ညပိုင်းမောင်းနှင်ခြင်းနှင့် အရက်သေစာ
သောက်စားမောင်းနှင်စီးနင်းခြင်းများကို အဓိကထားအရေးယူဆောင်ရွက်မည်ဖြစ်သည်။
ပြဿနာ ဖြစ်ပွားမှု မဖြစ်စေရန် ဆိုင်ကယ်၊ ကားများတွင် လက်နက်များပါ၊ မပါကို
လည်း စစ်ဆေးသွားမည်ဖြစ်သည်။
“ကား၊ ဆိုင်ကယ်အရေအတွက်များပြားလာတာနဲ့အမျှ စည်းကမ်းပိုင်းဆိုင်ရာကို
ပိုမိုထိန်းသိမ်းဆောင်ရွက်ဖို့လိုလာပါတယ်။ ယာဉ်စည်းကမ်းအပြင် လက်နက်သယ်
ဆောင်ရမ်းကားမှုမဖြစ်အောင်လည်း စစ်ဆေး အရေးယူနေပါတယ်” ဟု အမှတ် (၁၁)၊
ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။
စည်းကမ်းမလိုက်နာသူများအား ဖမ်းဆီးအရေးယူခြင်းအပြင် ယာဉ်ကြောပိတ်
ဆို့မှုမရှိစေရေးအတွက် ဆိုင် ကယ်များကို ညာဘက်ယာဉ်ကြောတွင်သာ
မောင်းနှင်ရန်စီစဉ်ခြင်း၊ ဖရီးဝေး(Free Way) ဖော်ဆောင်ကာ ယာဉ်ကြောရှင်းလင်းခြင်းနှင့် အဆင့်မီ မီးပွိုင့်များ ထပ်တိုးတပ်ဆင်ခြင်းတို့ ကို လုပ်ဆောင်နေသည်။
Mizzima - News in Burmese
No comments:
Post a Comment