26 March 2014

အပြောင်းအလဲကို ကြိုက်တဲ့ အောင်ရဲလင်း

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးနေတဲ့ “လရောင် နံပါတ်(၆)” ဇာတ်ကားကို အောင်ရဲလင်းက နန်းဆုဦး နဲ့ အတူ ရိုက်ကူးနေပါတယ်။ ပြောင်းလဲမှုတွေ ပြုလုပ်ရတာ ကို တအား လည်း ကြိုက်နှစ်သက်ပြီး ဝါသနာလည်း ပါတဲ့ အောင်ရဲလင်း ကဇာတ်ရုပ်တွေ နဲ့ပတ်သက် လို့လည်း အမြဲတမ်း အပြောင်းအလဲလေးတွေ လုပ်လေ့ ရှိပါတယ်။ “တစ်ကားနဲ့ တစ်ကားအ တတ်နိုင်ဆုံး မတူအောင် ချိန်းတယ်။ ဒါပေမဲ့ တချို့ဟာ တွေကလည်း ချိန်းတယ် ဆိုပေမယ့် ချိန်းရတာ အခက်အခဲလေးတွေ ရှိတယ်။ ဖက် ရှင် ကိုတော့ အတတ်နိုင်ဆုံး ချိန်းဖြစ်တယ်။ အခု ၂ဝ၁၄ မှာဆိုရင် ကျွန်တော် တတ်နိုင်သမျှ အကုန် ချိန်းထားတယ်။” လို့ ဇာတ်လမ်းတွေ ရိုက်ကူးတဲ့ အခါ ဇာတ်ထုပ် အပြောင်း အလဲ၊ ဖက်ရှင်အပြောင်းလဲ လုပ်ဖြစ်မှုတွေ နဲ့ ပတ်သက်ပြီး အောင်ရဲလင်းက ပြောပြပါတယ်။

မိတ်ကပ် ပညာရှင်ထက် (Pop Soul)ရဲ့ ပြင်ဆင်ပေး မှုတွေကြောင့် အခုနောက်ပိုင်းမှာ ဆံပင်ပုံစံက အစ အရာရာမှာ အသစ်အဆန်းတွေနဲ့ ပရိသတ်ကို အမြင် မရိုးအောင် ရိုက်ကူးပြသဖြစ်နေတယ် လို့ အောင်ရဲ လင်းက ဆိုပြန်ပါတယ်။

 ”ကျွန်တော် ထက်(Pop Soul) နဲ့ဆိုရင် ဆံပင်ပုံစံက အစ ပြောင်းပြီး လုပ်ဖြစ်တာပါ။ သူနဲ့ အလုပ် တူတွဲ ပြီး လုပ်တာ ၂နှစ်လောက် ရှိပြီ။ သူလုပ်ပေးတဲ့ အတွက် ကျွန်တော် အများကြီး တိုးတက်လာတယ်။ သူ လုပ်ပေးတဲ့ နောက်ပိုင်းမှာ ဆံပင်ပုံစံ အသစ်တွေလည်း အများကြီး ထွက် လာတယ်။ အရင်တုန်းက ဆိုရင် ဆံပင်ပုံစံနဲ့ အဝတ် အစား တအားချိန်း ရင်တောင်မှ ဒီဆံပင်က ဒီဆံပင်ပဲ။ အခုကျတော့ ဆံပင်ပုံစံလည်း ချိန်း တယ်။ အဝတ်အစားလည်း ချိန်းတယ် ဆိုတော့ ပိုပြီးတော့ ကောင်း သွား တယ်။ ပြီးတော့ ဆံပင်ဖြောင့် လိုက် တာနဲ့ ဒီဆံပင်ထားပြီး ဆိုရင်ဘာ အဝတ်အစား ဝတ်မလဲ ဆိုတာကို ပုံဖော်လိုက် လို့ရတယ်”လို့ပြောပါတယ်။

လွင်လွင်ထွန်း/popularmyanmar

No comments:

Post a Comment