05 March 2014

ငွေရှိတိုင်း မဖြစ်တဲ့ လောက

ဘဝကို ပြောင်းလဲပေးနိုင်သော အတွေးအခေါ်များ
ငွေရှိတိုင်း မဖြစ်တဲ့ လောက
.................................
1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊
စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊
မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။

4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကျန်းမာခြင်း (Health) ကို ဝယ်လို့မရဘူး။
5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို ဝယ်လို့မရဘူး။
6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊

FACEBOOK ရဲ့အသစ်တိုးလာတဲ့ "TRUSTED CONTACTS" ဆိုတာ


FB သုံးသူတိုင်း သိထားသင့်သည့် အရာများ
Options for this story
FACEBOOK ရဲ့အသစ်တိုးလာတဲ့ "TRUSTED CONTACTS" ဆိုတာ
=================================
Facebook ကအကောင့် လော့ကျသွားတဲ့ အခါ ကိုယ်အယုံကြည်ဆုံး၊ အခင်ဆုံး သူငယ်ချင်းတွေက ကိုယ့်အကောင့်ကို ပြန်ရအောင် လုပ်ပေးမယ့် "Trusted Contacts" ဆိုတဲ့ feature ကိုထပ်တိုး လိုက်ပါပြီ။
Facebook ကကိုယ့် Account Security ကိုကိုယ့်သူငယ်ချင်းတွေ လက်ထဲကို ထည့်ပေး လိုက်ပါပြီ။ ကိုယ့်ရဲ့ Account လော့ကျ သွားတဲ့အခါ ကိုယ်အယုံဆုံး၊ အခင်ဆုံး သူငယ်ချင်း တွေက Account ကိုပြန်ရအောင် လုပ်ပေး နိုင်တော့မှာပါ။

ဒီနေ့မှာပဲ Facebook က "Trusted Contacts" လို့ခေါ်တဲ့ လုံခြုံရေး Feature တစ်ခုကို ထပ်တိုး လိုက်ပါပြီ။ ဒီ Feature ကအခင်ဆုံး သူငယ်ချင်း တွေဆီက အကူအညီနဲ့ ကိုယ့်ရဲ့ Passwords တွေကို ပြန်ပြင်လို့ ရအောင် လုပ်ဆောင် ပေးမှာပါ။ ဒီ Feature ကအသစ်တော့ မဟုတ်ပါဘူး။

ပါတီတစ်ခုနဲ့တစ်ခု တိုက်ခိုက်ဖို့ မသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

                             dassk-mecasa-305.jpg
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ပါတီမှာ သူကလွဲပြီး ကျန်တဲ့သူတွေ အရည်အချင်းမရှိဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့တာဟာ မပြောအပ်တဲ့စကားဖြစ်ပြီး ပါတီတစ်ခုနဲ့တစ်ခု အခုလိုတိုက်ခိုက်ဖို့ မသင့်ပါဘူးလို့ မနေ့က ဝေဖန်လိုက်ပါတယ်။ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အမျိုးစောင့်ဥပဒေ ပြဌာန်းရေးအတွက် သမ္မတဦးသိန်းစိန်က လွှတ်တော်ကိုစာပို့ခဲ့ပြီး လွှတ်တော်ကတခါ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို တာဝန်ပေးခဲ့တာနဲ့ ပတ်သက်လို့တော့ လွှတ်တော်အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါတယ်။
"တခါမှ သမ္မတကြီးကတော့ ဒီလိုဥပဒေတွေ ပြဌာန်းပါလို့ မပြောဖူးပါဘူး၊ တကယ်တော့ အစိုးရဌာနတွေက သူပြဌာန်းချင်တဲ့ ဥပဒေတွေကို ပြဌာန်းပြီးတော့ မူကြမ်းအနေနဲ့ တင်တာပဲ၊ အဲတော့ ဒါလုပ်ထုံးလုပ်နည်းအရ နာယကကြီးက လုပ်တယ်လို့ပဲ ဒီလိုပဲ ကျမကမြင်ပါတယ်"

ပုဇွန်တောင်မြို့နယ်အတွင်း ပထမထပ်၌ နေထိုင်သည့် အသက်၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အ၀တ်လှန်းနေစဉ် ဦးခေါင်းစိုက် ပြုတ်ကျသေဆုံး

ပုဇွန်တောင်မြို့နယ်၌ ပထမထပ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အ၀တ် လှန်းနေ စဉ် ပြုတ်ကျသေဆုံးမှု မတ် ၅ ရက် နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ်၊ (၇) ရပ်ကွက်နေ မရွှေစင်ဦး (၂၃) နှစ်သည် မိဘနှစ်ဦး ဆေးခန်းသွားနေချိန် ညီမဖြစ်သူနှင့် အတူရှိနေစဉ် ပထမထပ်ရှိ နေအိမ်ဝရန်တာမှ ပြုတ်ကျသေဆုံးခြင်းဖြစ်ကြောင်း ရဲမှုခင်း မှတ် တမ်းများအရ သိရသည်။
အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မြင့်အေးက “ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကနဦးစစ်ဆေးချက် အရ အဲ့ဒီကောင်မလေးက အ၀တ်လှန်းနေရင်းနဲ့ ပြုတ်ကျတယ်လို့ သိရတယ်။ ပြုတ်ကျတဲ့ အခါမှာလည်း ဦးခေါင်းစိုက်ပြီးတော့ ပြုတ်ကျခဲ့လို့ ဦးခေါင်းပိုင်းထိခိုက်ပြီး သေဆုံးခဲ့တာပါ။ အတိအကျတော့ ဆေးစာ ထွက်ပြီးမှ သိရပါမယ်” ဟု မတ် ၅ ရက် ညနေ ၅ နာရီခန့်က ပြောကြားသည်။

မိုးကုတ်ရွှေဆိုင် ဓားပြတိုက်မှု ကျူးလွန်သူလေးဦးကို ဖမ်းဆီးရမိပြီး ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်နှင့်ပတ်သက်၍ အဓိကထားစစ်ဆေး

ဇန်န၀ါရီ ၂၁ ရက်တွင် မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ မီလျှံနှင့်နဂါးရွှေဆိုင်နှစ်ဆိုင် ဓားပြ တိုက်မှု ဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသူ လေးဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ကနဦး ဓားပြတိုက်ရာတွင် ပါဝင်သူခြောက်ဦးဟု အခင်းဖြစ်ပွားစဉ် ရွှေဆိုင်ဝန်ထမ်းများက ထွက်ဆိုခဲ့သော် လည်း ကြံရာပါ ကူညီသူတစ်ဦး အပါအ၀င် တရားခံခုနစ်ဦးဖြစ်ကြောင်းနှင့် လက်ရှိလေးဦးအား စစ်ဆေးနေကြောင်း သိရသည်။
“ပထမဦးဆုံး ငွေထွန်းဆိုတဲ့သူကို ကချင်ပြည်နယ် တနိုင်းမြို့မှာ သွားဖမ်းခဲ့တာပါ။ သူကမှတစ်ဆင့် တခြား ပါဝင်တဲ့ တရားခံတွေဖြစ်တဲ့ အိုက်နုတ်၊ အိုက်တုတ်နဲ့ တာလန်တို့ကို ရှမ်းအရှေ့ခြမ်း ရွာတွေကမှ ထပ်မံ ဖမ်းဆီး ရမိတာပါ။ ဒါပေမယ့် သူတို့က ၀န်ခံထွက်ဆိုပေမယ့် ကျန်တဲ့သုံးဦးကို မဖော်သလို ရွှေထည် ပစ္စည်းထားတဲ့ နေရာနဲ့ ဘယ်သူ့ဆီ ပါသွားလဲဆိုတဲ့ အရာတွေကို မသိဘူးပဲ ငြင်းနေတယ်။

တရုတ်ဘူတာရုံတစ်ခု၌ အကြမ်းဖက်သမားများက လူများစွာသေဆုံး ဒဏ်ရာရစေခဲ့သည့် တိုက်ခိုက်ခဲ့ခြင်းအား မြန်မာအစိုးရ ပြင်းထန်စွာရှုတ်ချ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ရထားဘူတာရုံတစ်ခု၌ မတ် ၁ ရက် ညနေပိုင်းတွင် လူတစ်စုက ဓားများဖြင့် တိုက်ခိုက်မှုကြောင့် လူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ရာ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြမ်းဖက်သမားများ၏ အသိစိတ်မဲ့ ရက်စက်စွာ တိုက်ခိုက်ခဲ့ခြင်းအား မြန်မာနိုင်ငံ အစိုးရအနေဖြင့် ပြင်းထန်စွာရှုတ်ချသည်ဟု မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရနှင့် ပြည်သူများသည် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများနှင့်အတူ ယင်းသို့တိုက်ခိုက် ခံခဲ့ရသူများနှင့် မိသားစုများအတွက် အထူးဝမ်းနည်း စိတ်မကောင်း ဖြစ်မိကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ အမြန်ဆုံးပြန်လည် ကျန်းမာပါစေကြောင်း စသည်တို့ကို ဖော်ပြ ထားသည်။

ဘုရားကျောင်းကန်သွားမည့် အမျိုးသမီးများ သတိထားဖို့ *

ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့အခြွေအရံများကို ပြောနေသည်မှာ -

ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။ သမီးတော်တို့ရော သေသေချာချာနားထောင်ကြနော်။
ယခုမယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်းသုံးတဲ့ နေရာ၊ မယ်မယ်တို့ ချယ်သထား
တာက တကယ့်ပွဲလမ်းသဘင်သွားမယ့်အတိုင်းပဲ။ မိန်းမတစ်ရောက်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ အမူအရာတွေဟာ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။ အဆန်းတကြယ်
ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက် သူတို့မှာ ပူလောင်တဲ့ဆန္ဒ ဖြစ်လာနိုင်တယ်လေ။

ဒီလို သူ့စိတ်ကို အမှောင်ရိပ်လွှမ်းသွားတာနဲ့ တပြိုင်နက် သူ့မှာ အပြစ်ဖြစ်ရသလို သူ့ကိုပူလောင်အောင် ၀တ်ဆင်ထားတဲ့ မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။ ဒီတော့ ကိုယ့်ရဲ့
အနေအထိုင်ကြောင့် တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ အမှောင်မလွှမ်းသွားပါစေနဲ့။

ရွှေတိဂုံစေတီတော်ရှိ ဗုဒ္ဒဝင်ပြတိုက်မှ ဗုဒ္ဒဝင်ဇာတ်တော်များ

(၁) ရွှေတိဂုံဘုရားသီချင်းတီးလုံး
www.youtube.com/embed/9s_WwD0kTTA

(၂) ပဋိသန္ဓေနှင့်ဖွားတော်မူခန်း
www.youtube.com/embed/S7zIYwjQ57I

(၃) ထီးနန်းစိုးစံတော်မူခန်း
www.youtube.com/embed/ppnqY9GVa80

(၄) နိမိတ်ကြီးလေးပါးမြင်တော်မူခန်း
www.youtube.com/embed/3pyyfmaBfng

(၅) တောထွက်တော်မူခန်း
www.youtube.com/embed/TV0LN9amdZA

(၆) ဘုရားဖြစ်တော်မူခန်း

////
www.youtube.com/embed/t7_T8LmqPkM

ဟီရိနှင့် သြတ္တပ္ပ ကင်းဝေး ကြလျှင်ဖြင့်

''ဟီရိ''၏ အဓိပ္ပာယ်မှာ ''ရှက်ခြင်း''ဖြစ်၍ ''သြတ္တပ္ပ'' ၏ အနက်မှာ ''ကြောက်ခြင်း'' ဖြစ်သည်။ ဤ ''အရှက်''နှင့် ''အကြောက်'' တရားနှစ်ပါးသည် လူ့ဘုံ လောကကို ထိန်းကျောင်း စောင့်ရှောက်သည့်နေရာတွင် အဓိက ကျနေ၏။

''ဟီရိ'' ဟူသော ''အရှက်''သည် အဘယ် အရာကို ရှက်ရမည်နည်း။ လူသားတို့၏ ကိုယ်၊ နှုတ်၊ စိတ်တည်း ဟူသော ကာယကံ၊ ဝစီကံ၊ မနောကံ၊ အပြုအမူ အရာကို ''ရှက်ခြင်း'' အားဖြင့် ရှောင်ကြဉ်ကြရမည်။

''သြတ္တပ္ပ''ဟူသော ''ကြောက်ခြင်း'' ဖြင့် မည်သည်ကို ကြောက်ရမည်နည်း။ ကိုယ်နှုတ်၊ နှလုံး၊ အမူအရာအားဖြင့် ကြောက်ရမည်နည်း။ ကိုယ်၊ နှုတ်၊ နှလုံး အပြုအမူ အားဖြင့် အရှက်တကွဲ ဖြစ်ရမည်ကို ကြောက်ရွံ့ခြင်းဖြင့် ရှောင်ကြဉ် ကြရမည်။

အချုပ်အားဖြင့် ဆိုရသော် ဟီရိနှင့် သြတ္တပ္ပသည် လူသားတို့၏ ကာယဣနြေ္ဒ ဟူသော ကိုယ်အမူအရာ၊ ဝစိဣနြေ္ဒ ဟူသော အပြောအဆိုနှင့် မနောဣနြေ္ဒ ဟူသော စိတ်အမူအရာ များကို ထိန်းသိမ်းရန် ရည်ညွှန်းထားသည်။

ကျန်းမာရေး ဆိုင်ရာ ကမ္ဘာ့ စကားပုံများ

အစားရှောင်ခြင်းကြောင့် အသက် မသေနိုင်။

အစားလွန်မှသာ သေဆုံးတတ်သည်။(ရုရှား)

အစားလွန်၍ သေဆုံးရသူ ဦးရေမှာ စစ်ပွဲတွင် ရရှိသော ဓားဒဏ်ရာဖြင့် သေဆုံးရ သူများထက် ပိုလွန်နေသည်။ (ပြင်သစ်)

တန် ဆေး၊ လွန် ဘေး။

(သင့်ရုံ တန်ရုံ စားသောက်လျှင် ဆေးဖြစ်သည်။

အလွန်အကျွံ စားသောက်လျှင် ဘေးဖြစ်သည်) (မြန်မာ)

ရေကို ၀ယ်ယူရသော နေရာမျိုး၌ မိမိအတွက် အိမ်မဆောက်မိပါစေနဲ့။ (စပိန်)

ညသန်းခေါင်ကျော်ပြီးသည့်တိုင် အိပ်ရာမ၀င်သေးက သေဖို့နီးပြီဟု မှတ်။ (အင်္ဂလိပ်)

အစားအသောက်က ဆရာဝန်၏ ဓားထက် သင်၏ ကျန်းမာရေးကို အကူအညီပြုသည်ကို သတိရှိပါ။(စပိန်)

အသက်ရှင်ရေးအတွက် ကြောင်ကဲ့သို့ အစားကို စားပါ။ ပြီးနောက် ခွေးကဲ့သို့ ရေသောက်ပါ။ (ဂျာမန်)

တစ်ကိုယ်ထဲလည်း ပျော်မှဖြစ်မယ်

♦ ရယ်ပါ။ တစ်လောကလုံးသင်နှင့်အတူ လိုက်ရယ်လိမ့်မယ်။
ငိုရင်တော့ သင်တစ်ယောက်ထဲဘဲ ငိုရလိမ့်မယ်။

♦ ၀မ်းနည်းနေတဲ့ ကမ္ဘာလောကကြီးက သင့်ဆီကရယ်စရာလေးတွေကိုငှားရမယ်။
ဒါပေမဲ့သူ့မှာလည်း သူ့ဒုက္ခနဲ့သူဘဲ။

♦ သီချင်းဆိုပါ တောင်တန်းတွေက ပဲ့တင်သံ ပြန်လာလိမ့်မယ်။
သက်ပြင်းချရင်တော့ လေထဲမှာပျောက်သွားလိမ့်မယ်။

♦ ပျော်စရာအသံကို ပဲ့တင်သံကပြန်ကန် ပေးပါတယ်။
သောကတွေ ဒုက္ခတွေကိုတော့ သူပြန်ကန်မပေးဘူး တွန့်ဆုတ်သွားတယ်။


♦ ပျော်ပျော်ရွှင်ရွှင်နေပါ လူတွေကသင့်ကို တွေ့အောင်လိုက်ရှာလိမ့်မယ်။
ဝမ်းနည်း နေရင်တော့သူတို့လည့်ပြီးထွက်သွားလိမ့်မယ်။

ထူးထူးခြားခြားမှတ်သားစရာများ

၁) ပန်းပွင့်တွေဟာ ဂီတသံတွေကြားရရင် ပိုပြီးမြန်မြန်ကြီးလာပါတယ်...

၂) အင်းဆက်ပိုးကောင်တွေကိုဖမ်းယူစားသောက်တဲ့ Venus fly trap အပင်တစ်ပင်ဟာ Cheeseburger တစ်လုံးကို တောင် အစာချေချက်နိုင်ပါတယ်...

၃) ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂ နှစ်ရှိပါတယ်...

၎) ငှက်ပျောသီးဟာ ရေဒီယိုသတ္တုကြွတဲ့ အသီးဖြစ်ပါတယ်...

၅) ခဲဖျက်တွေမပေါ်ခင်က ခဲတံနဲ့ ရေးသားထားတာတွေကို ဖျက်ဖို့ ပေါင်မုန့်ကို အသုံးပြုခဲ့ကြပါတယ်...

၆) အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှလုံးခုန်နှုန်းမြန်ပါတယ်...

၇) ငှက်ပျောသီးစားထားတဲ့သူတွေနားကို ခြင်တွေပိုလာပါတယ်...

၈) အနီရောင်ဟာ သင့်ကိုဆာလောင်စေပါတယ်...

၉) ကြွက်ကိုကလိထိုးရင် ကြွက်တွေရယ်ပါတယ်...

၁၀) ပျားထီးတွေဟာ မျိုးပွားပြီး (လိင်ဆက်ဆံပြီး) ရင် သေပါတယ်...

မိသားစု

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

၂၀၁၄-ခု ၊မတ်လအတွက် ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်
ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။ ဤကာလအတွင်း ထီမထိုးသင်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။ ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့် ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

မတ်လ အတွက် (၇) ရက်သား သမီး ဟော စာတမ်း

တနင်္ဂနွေ သားသမီးများ
အလုပ်အကိုင်များ အဆင်ပြေချင်သော်လည်း လူယုံ သစ္စာဖေါက် မှုကြောင့် စိတ်ညစ်ရ တတ်သည် ။ အလုပ်ထဲတွင်ငွေများမြု တ်နေ လိမ့်မည် ယခုလ အတွင်းစွန့် ၂ စား၂ ရင်းနှီးမြှုတ်နှံမှုမလုပ်ပါနှင့် ။ညီအကို ချင်း မောင်နှမချင်း လင်မယားချင်း စကားများ ရတတ်သည် ။ကြာသပတေးနံသင့်ပစ္စည်းများဝင်လျှင် လက်မခံပါနှင့် အကြီးအကျယ်စိတ်ညစ်ရမည် ။ ယတြာ ။ ။ ပိတောက် (၁၂ )ခက်ကို စနေ နံဘုရား တနင်္ဂနွေ ထောင့်တွင် လှုပြီးလိုရာဆုတောင်းပါ ။
တနင်္လာ သားသမီးများ
ငွေကျပျောက်ခြင်း ငွေအထားမှားခြင်း ငွေလိမ်ခံ ရကိန်းများရှိသည် ။ မည်သူ့ ကိုမှငွေမချေးပါနှင့် ။ မိန်းကလေးဖြစ်ပါက ယောင်္ကျားလေးများနှင့်ပတ်သက်ပြီး စွတ်စွဲခံရခြင်း အထင်လွဲခံရခြင်းများ ဖြစ်တတ်သည် ။ အရင်းအနှီးများသော စီးပွားရေးလုပ်ငန်းများ မလုပ်သင့်ပါ။ ခါးကိုက် ခေါင်း ကိုက်ခြင်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာရခြင်းများဖြစ်တတ်သည် ။ ယတြာ ။ ။ ကလေးများအား ကျောက်ကျော လှုပေးပါ ခိုစာ ငါးစာကြွေးပါ ။

ယောင်္ကျားလေးအင်္ကျီများပိုတိုရှော့အတွက်(16.17MB)

ပိုတိုရှော့အတွက်အသင့်ပြုလုပ်ပြီးသာယောင်္ကျားလေးအင်္ကျီများစုစည်းပြီးတင်ပေးလိုက်ပါတယ် ပုံမှာမြင်တဲ့အတိုင်းပါပဲဗျာ။ဖိုင်ဆိုဒ်ကတော့(16.17MB)လောက်ပဲရှိပါတယ်ဗျာ။ကြိုက်တယ်ဆိုရင်တော့အောက်မှာ လင့်မသေခင်မြန်မြန်လေးဒေါင်းထားကြနော်
http://www.aungkyawthyu.com/
အဆင်ပြေတယ်ဆိုရင် ကြော်ငြာလေးကိုတစ်ချက်လောက်ကလစ်ခဲ့ပေးပါနော် အဆင်မပြေခဲ့တာများရှိခဲ့ရင် CBOX တွင်ပြောကြာခဲ့ပါနော် ပိုတိုရှော့ပုံများနှင့်နည်းပညာများကိုတိုက်ရိုက်ရယူချင်တယ်ဆိုရင်  
ဒီမှာFB LIKE နှိပ်လိုက်ခဲ့ပါနော် ၃စက္ကန့်အတွင်းကျွန်တော့်ဆိုဒ်ကနေ သင့်ဆီကိုအရောက်ပို့လာမည်။  
ကျွန်တော်ပိုင်သောဆိုဒ်များသို့လာလည်နိုင်ပါတယ်ဖိတ်ခေါ်လျှက်ပါ 
 

ဓာတ်ပုံအတွက် Frame လှလှလေးတွေထည့် ကာလာအမျိုးမျိုးပြောင်း မြန်မာစာလည်းရေးလို့ ရတဲ့ဆော့ဝဲ

ဓာတ်ပုံအတွက် Frame လှလှလေးတွေထည့် ကာလာအမျိုးမျိုးပြောင်း မြန်မာစာလည်းရေးလို့ ရတဲ့ဆော့ဝဲ



             ဒါမျိုးဆော့ဝဲက အမျိုးသမီးတွေ ပိုသုံးမယ်ထင်တယ် ပုံအသေးလေးတွေထည့်

             ဓာတ်ပုံတစ်ပုံမှာ ဒီဇိုင်းအမျိုးမျိုးနဲ့ အလှဆင်ချင်ရင်ယူသုံးပါ.မြန်မာစာရေးချင်

             ရေးလို့ ရပါတယ် အသုံးလိုသူ အောက်ကလင့်မှာ ဒေါင်းလုပ်ယူသုံးကြည့်

                         Download-  Foto art(မောင်စွယ်စုံကျမ်း).apk

ဘလော့မှာ ပို့စ်တခုနဲ့တခု နောက်ခံကာလာ မတူအောင် တင်နည်း

မဂ်လာပါ  သ်ညနေ့ ကျွန်တော် ရေးဖြစ်တဲ့ နည်းပညာလေးကတော့  မိမိတို့ ဘေလာ့မှာ  ပို့စ်တွေတင်တဲ့အခါ   ပို့စ် တစ်ခုနဲ့ တစ်ခု နောက်ခံကာလာ  မတူညီအောင် တင်လို့ရမဲ့ နည်းလမ်းလေးကို ရှာဖွေ မျှဝေလိုက်ခြင်းဖြစ်ပါတယ်.. သည်နည်းလေးကတော့ အရမ်းကိုရိုးရှင်းပြီး
လွယ်ကူတာမို့ အလှ အပ ကြိုက်သူများ  စမ်းသတ်နိုင်ပါတယ်နော်  အောက်မှာ လိုအပ်သောနည်းလမ်းများကို  ပုံလေးနဲ့တစ်ကွ သေခြာ ရှင်းပြလိုက်ပါတယ်..ကဲစမယ်
ပထမဆုံးအနေနဲ့  မိမိတို့ ဘေလာ့ ပို့စ်တင်တဲ့ နေရာကို သွားလိုက်ပါနော်...

     အသုံးပြုရန် ကုဒ်     

<div style="background:url( ဤနေရာတွင်မိမိပုံလင့် ပေါ့နော် ) no-repeat;"> 

သည်ကုဒ်လေးနဲ့ လုပ်ဆောင်သွားပါ့မယ်.... မှတ်ထားလိုက်နော်။

မိရဲ့ဘလော့Post က Read More ကိုပုံနဲ့အစားထိုးနည်း

မိမိရဲ့ဘလော့ Post မှာ Read More Funtion အသုံးပြုကြတဲ့ဘလော့မိတ်ဆွေများအတွက် Button ပုံ
လေးနဲ့အစားထိုးနည်းလေးပါ၊အောက်မှာပုံနဲ့တကွ Code ထည့်နည်းလေးပြထားပါတယ်၊


၁။Layout

၂။Edit HTML

၃။Expand Widgets Templateကိုအမှန်ခြစ်ပေးပါ။(CTRL + F)ဖြင့်ရှာပါ၊၊

ဒီ Read More ကိုရှာပါ၊တွေ့ရင်အောက်က Code လေးနဲ့အစားထိုးပေးလိုက်ပါ။

<img src='ဤနေရာမှာပုံလင့်ခ်ကိုထည့်ပါ'/>
 
 
လက်ဆောင်အေနနဲ့ နော်.... 

-အပေါ်ပုံလေးကြိုက်ရင်  သူရဲ့ ကုဒ်က https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSeTfr2prNmRZ_DEXbnf8EVdxBHKfkvukA7hqLdu21fvjHp9JwRuNAGGkSnLVIjcWhdTwRp4Bp6KM12l20PR56EaUvmq6ofdhpykuNgaSyw5mLw9JDr8_4qHMJ4Xj3mL3RtB-vB4mrsy-g/s1600/read-more-4.png

facebook ရဲ့  photo lock ကျနေသူများအတွက်ဖြေရှင်းနည်း

facebook photo lock ပြုတ်ပါပြီ.......facebook မှာ သူငယ်ချင်း တွေရဲ့  photo တွေကို ပြပြီး security ကျော် နေတာမအောင်မြင်တဲ့ သူများအတွက်ပါ......ကျနော့် ရဲ့  lock ကျသွားတဲ့ အကောင့် လေးကို ပြန်လည်ယူပြီးစမ်းသပ်ပြထားပါတယ် 100 % အဆင်ပြေပါတယ်။
ဘယ်လိုအဆင်ပြေသွားတယ်ဆိုတာအောက်မှာ video file လေးပါတွဲတင်ပေးထားပါတယ်။
ကြိုးစားကြည့် ချင်တယ်ဆိုရင်တော့  အောက်မှာ ဆက်လက် ရှူ့ စားပေးပါခင်ဗျာ။
မှတ်ချက် 
==============
ဒီနည်းလမ်းကို သုံးမယ်ဆိုရင်တော့  မိမိတို့  facebook ဖွင့် ခါစက birthday date ကိုမှတ်မိမှအဆင်ပြေပါမယ်။
အရင်ဆုံး facebook ကို ထုံးစံအတိုင်း sin in ဝင်လိုက်ပါ။
your account is tempoary locked ဆိုတဲ့ နေရာမှာ continue ကိုနိုပ်ပေးပါ။

ရွှေဆွဲကြိုးခိုးယူသူကို အရောင်းတာဝန်ခံ အမျိုးသမီးက ဖော်ထုတ်ဖမ်းဆီးပြီး ရဲလက်အပ်

ဖေဖော်ဝါရီလအတွင်းက ရွှေဆွဲကြိုး ခိုးယူသွားသူကို အရောင်းဝန်ထမ်း အမျိုးသမီးက ပြန်လည်ဖော်ထုတ် ဖမ်းဆီးပြီး ရဲလက်သို့ အပ်နှံလိုက်သဖြင့် ပန်းဘဲတန်းရဲ စခန်းက မတ် ၃ ရက်တွင် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

အမှုမှာ ပန်းဘဲတန်းမြို့နယ် (၃)ရပ် ကွက်၊ မဟာဗန္ဓုလလမ်း၊ အမှတ် (၅၀၇/ ၅၀၉) မြေညီထပ်ရှိ “ ချိန် လန်း” ရွှေဆိုင်တွင် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့ ၁၁ နာရီက ရွှေဆိုင်အရောင်း တာဝန်ခံဖြစ်သူ မစုမွန်ရီ (၂၂)နှစ် ရှိနေစဉ် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး သုံးသိန်းကျော်တန် ရွှေဆွဲကြိုးဝယ်ယူရန် ဈေးမေးမြန်းခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် သုံးသိန်းကျော်တန် ရွှေဆွဲကြိုးများအား တန်ဖိုးတွက်ခိုင်းပြီး ဈေးမတည့်သဖြင့် ပြန်လည်ထွက် သွားပြီးနောက် မစုမွန်ရီက မသင်္ကာသဖြင့် စစ်ဆေးရာ ရွှေ ၁၅ ပဲရည်၊ အလေးချိန် ရှစ်ပဲငါးရွေးရှိ ကျပ်သုံး သိန်းသုံးသောင်းလေးထောင်ကျော် တန်ဖိုးရှိ ရွှေဆွဲကြိုးတစ်ခုမှာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ကိုးနှစ်နှင့် လေးနှစ်အရွယ် မောင်နှမနှစ်ဦး ရေနစ်သေဆုံး

တွံတေးမြို့နယ်တွင် အသက်ကိုးနှစ်နှင့် အသက်လေးနှစ်ရှိ မောင်နှမတော်စပ်သူ ကလေးနှစ်ဦး ရေနစ်သေ ဆုံးမှုတစ်ခု မတ် ၂ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

တွံတေးမြို့နယ်၊ သ၀န်းတောကျေးရွာတွင် ကလေးနှစ်ဦးရေနစ်သေဆုံးကြောင်း ည ၁၁ နာရီအချိန်တွင် သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

သေဆုံးသူများမှာ ယင်းကျေးရွာတွင် နေထိုင်သည့် တတိယတန်းကျောင်းသူ မမြထက်မိုး ကိုးနှစ်နှင့် သူမ၏ မောင်တော်စပ်သူ မောင်လင်းလင်းထက်လေးနှစ်တို့ဖြစ်ပြီး ရေနစ်သေဆုံးသည့် လက္ခဏာများဖြင့်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ သေဆုံးသူ ကလေးနှစ်ဦးသည် နေ့လယ် ၁၂ နာရီက နေအိမ်နောက်ဖေးတွင် ဆော့ကစားနေရာ မှ မတွေ့ရှိဘဲ ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေခဲ့ရသည်ဟု ကလေးမိခင်ဖြစ်သူ ဒေါ်စန်းဦးက ရဲထံ ထွက်ဆိုထားသည်။

ဘရာဇီးလ်၏ ရွှေရောင်ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေဆဲ ရော်နယ်လ်ဒို

                      
ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါ်လိုမြို့တွင် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရည်စူးချီတက်သည့် ကာနီဗယ်လ် ပွဲတော်တစ်ခုတွင် ရော်နယ်လ်ဒိုက ဂုဏ်ယူစွာ ပါဝင်ခဲ့သည်။

ဘောလုံးသမား ဘဝကို ကျောခိုင်းစွန့်ခွာသွားပြီ ဖြစ်သည့် တိုင် ရော်နယ်လ်ဒို ဒီလားမား အနေဖြင့် ဘရာဇီးလ်၏ ရွှေရောင်ပုဂ္ဂိုလ် တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်။ ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါ်လိုမြို့တွင် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရည်စူးချီတက်သည့် ကာနီဗယ်လ် ပွဲတော်တစ်ခုတွင် ရော်နယ်လ်ဒိုက ဂုဏ်ယူစွာ ပါဝင်ခဲ့သည်။ ဆော်ပေါ်လို အသင်းကို အားပေးသူများ စူစည်းတည်ထေင်ထားသည့် ဆမ်ဘာအကသင်တန်းကျောင်း တစ်ခုမှ ကျောင်းသူကျောင်းသားများက ဆော်ပေါ်လိုမြို့ထဲတွင် လှည့်လည်ကပြကြခြင်း ဖြစ်သည်။

အဆိုပါ ကာနေဗယ်လ်ပွဲတော် အခမ်းအနားတွင် ရော်နယ်လ်ဒိုသည် ဖိတ်ဖိတ်တောက်သည့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ကာ ကခြေသည်များကြား ပျော်ရွှင်စွာဖြင့် လိုက်ပါလာသည်ကို လည်း တွေ့ရသည်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်ရန် လအနည်းငယ်သာ လိုတော့သည့် အချိန်တွင် ဘရာဇီးလ်၌ ကာနေဗယ်လ်ပွဲတော် ကျင်းပခဲ့ရာ ကမ္ဘာ့ဖလားအတွက် ရည်စူးသည့် အစီအစဉ်များလည်း ပါရှိလာသည်။

ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီး စီအီးအို Marissa Maye


Marissa Mayer လို့အမည်ရတဲ့ အမျိုးသမီး ဖြစ်ပြီး အသက် ၃၈ နှစ်သာ ရှိပါသေးတယ်။ ၂၀၁၃ ခုနှစ်မှာပဲ Yahoo! ရဲ့  စီအီးအိုအဖြစ် အခန့်အပ် ခံရပါတယ်။

Yahoo! မတိုင်မီက ၁၉၉၉ ခုနှစ်ကစလို့ Google မှာ စတင် လုပ်ကိုင်ခဲ့ သူ ဖြစ်ပါတယ်။ Google ရဲ့  အယောက် ၂၀ မြောက်ဝမ်းထမ်း၊ ပထမဦးဆုံး အမျိးသမီးအင်ဂျင်နီယာ ဝန်ထမ်းအဖြစ်လည်း အသိအမှတ်ပြု ခံခဲ့ရပါတယ။် Google မှာတုန်းကလည်း လုပ်သက်ရှည်ပြီး အရေးအကြီးဆုံး ခေါင်းဆောင် ပုဂ္ဂိုလ်များ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ တကယ်လည်း လုပ်ကိုင်ခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့သြဇာလွမ်းမိုးမှု အရှိဆုံး အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် စာရင်းမှာ အဆင့် ၁၄ အနေနဲ့ ပါဝင်ခဲ့ပါတယ်။ မီလျံနာ တစ်ဦး ဖြစ်ပြီး Yahoo! အပြင် အခြားသော စီးပွားရေးလုပ်ငန်း၊ ပရဟိတ လုပ်ငန်း အဖွဲ့အစည်းများစွာမှာလည်း တာဝန်ယူ ဝင်ရောက် လုပ်ကိုင်လျက် ရှိပါတယ်။

facebook Page ဖွင့်နည်း


သူများကို ပိုက်ဆံပေးပြီး ဖွင့်ခိုင်းတာက ငွေလည်းကုန်တယ် ကိုယ်လည်း မတတ်ဘူး။ ဘာမှ အခက်ပါဘူး။ ဖေ့ဖွတ်ကိုတော့ သုံးတတ်ဖို့ လိုအပ်ပါတယ်။ facebook Page ဖွင့်နည်းကို မျှဝေပေးလိုက် ရပါတယ်။

(၁) မိမိ facebook မှ အပေါ်ဘက် မြှားသွားပုံ စက်တင်လေးမှာ တစ်ချက်နှိပ်ပါ။

(၂) အဲဒီမှာ Create Page ကို နှိပ်လိုက်ပါ။

(၃) ကဏ္ဍတွေကို တွေ့ပါလိမ့်မာ်။ Local Business or Place ၊ Company, Organization or Institution ၊ Brand or Product ၊ Artist, Band or Public Figure ၊ Entertainment ၊ Cause or Community ဆိုပြီး ရှိပါတယ်။ တစ်ခုရွေးပါ။

(၄) ကဏ္ဍတစ်ခုရွေးပြီးတာနဲ့ Company Name ကိုထည့်ပါ။ Choose a category ကိုရွေးပါ။

(၅) I agree to Facebook Pages Terms မှာ အမှန်ခြစ် ထည့်လိုက်ပါ။ ထို့နောက် Get Started မှာ နှိပ်လိုက်ပါ။

မုန့်ဖိုးနှင့်အတူ ကိုယ်ချင်းစာတရားမှလွဲ၍ အခြားအရာများ မပါစေရ

ညနေခင်းက အမြှုပ်တစီစီထလွန်းလှသည်။ အခိုးတရှိန်ရှိန် ထွက်နေသော သွေးရောင်လွှမ်းမျက်နှာများနှင့် မည်သည့် အဓိပ္ပာယ်ဟု အလိုလိုသိသာနေသော ရီဝေဝေ အကြည့်များကို လည်း ထိုနေရာ တွင်ပေါပေါသီသီရနိုင်ပါသည်။ ထိုကဲ့သို့ အရိုင်းဆန်လှသောနေရာ တစ်ခုတွင် ပေါင်လယ်ခန့်စကပ်တိုတို၊ ရင် တစ်ဝက်လှပ်ထားသော ကြိုးပျောက်ဘော်လီအင်္ကျီနှင့် မိန်းမ သားတစ်ဦးကို ဟိုစားပွဲဝိုင်းကူးလျက် ဒီစားပွဲဝိုင်းကူးလျက်မြင်တွေ့ရပါလျှင် သင့်မျက်လုံးများသည်ရော တစ်စုံတစ်ရာသော တပ် မက်မှုဖြင့် အရောင်မပြောင်းဟုအာမခံနိုင် ပါမည်လော။ အဘယ့်ကြောင့်ဆိုသော် နေရာ အချိန်နှင့် သုံးစွဲနေသော အရာ၏ ပံ့ပိုးမှုများက ပုထုဇဉ်တို့၏စိတ်ကို ဖောက်ပြန်ေ စတတ်သော ကြောင့်ဖြစ်သည်။ ထိုနေရာက နိုက်ကလပ်တစ်ခုမဟုတ်။ မော် ဒယ်လျှောက်လမ်းတစ်ခုမဟုတ်သလို အပျော်အပါးအတွက် သွေးသား အရောင်းအဝယ်နေ ရာတစ်ခုလည်း မဟုတ်ပါ။ ထို နေရာက ဘီယာဆိုင် တစ်ခုသာဖြစ်သည်။ အဖြေကိုသိပြီဆို သောအခါ သင့်ထံတွင်အတွေး တစ်ခုလည်းရှိနေပြီဖြစ်သည်။

လူထွားကြီးတစ်ဦးကြောင့် ပူတာအိုမြို့မှ အမျိုးသမီးများ ထိတ်လန့်လျှက်ရှိ

လွန်ခဲ့သည့်(၅)ရက်ခန့်မှစ၍ ကချင်ပြည်နယ်၏ ခရိုင်မြို့တစ်မြို့ဖြစ်သော ပူတာအိုမြို့ပေါ်တွင် အမျိုးသမီးများ ညစဉ် ထိတ်လန့်နေရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပေါ်လျှက်ရှိရာ ထိုဖြစ်စဉ်နှင့် ပါတ်သက်၍ (၅၊၃၊၁၄)ရက်နေ့က ပူတာအိုမြို့နယ်တာဝန်ရှိသူများမှ အရေးပေါ်အစည်းအဝေးပြုလုပ်၍ ကျူးလွန်နေသူအား ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေအရ အရေးယူနိုင်ရေး ဆုံးဖြတ်ချက်ချခဲ့ရကြောင်း herjule media မှသတင်းရရှိပါသည်။

ထိုသို့ ထိတ်လန့်နေရသောသတင်းမှ လူထွားကြီးတစ်ဦး ညအချိန်တွင် အမျိုးသမီးများရှိရာ နေအိမ်များပေါ်တက်၍ မဖွယ်မရာ ပြုလုပ်နေသည့် သတင်းဖြစ်ပြီး တစ်ညလျှင်တစ်ရပ်ကွက်နှုန်းဖြင့် နေအိမ်များပေါ်တက်၍ အဓမ္မကြံစီရန်ကြိုးပမ်းနေကြောင်း ဒေသခံတစ်ဦးမှ ယခုလိုအတည်ပြု herjule media သို့ ယခုလိုပြောကြားခဲ့ပါသည်။

လေ့ကျင့်ရေးကွင်းအနီး ကောက်ရသော ကျည်ဆန်ကို ကစားရာမှ နွားကျောင်းနေသူတစ်ဦး သေဆုံး၍ သုံးဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် မကွေးတိုင်း နတ်မောက်မြို့နယ်စပ်ရှိ ဖက်တောကျေးရွာမှ အသက် ၂၀ ရှိ လူငယ်တစ်ဦးနှင့် အသက် ၁၂ နှစ်မှ ၆ နှစ်အတွင်းရှိ ယောက်ျား သုံးဦးတို့သည် မတ်လ ၁ ရက်နေ့က တပ်မတော် လေ့ကျင့်ရေးကွင်း နယ်နိမိတ်အတွင်း ဝင်ရောက် နွားကျောင်းရာမှ ကျည်ဆန်တစ်ခု ကောက်ရပြီး ဆော့ ကစားစဉ် ပေါက်ကွဲပြီး ၁၂ နှစ် အရွယ် ယောက်ျားလေးတစ်ဦး သေဆုံး၍ ကျန် သုံးဦး ဒဏ်ရာအသီးသီး ရရှိသွားခဲ့ကြောင်း ကာယကံရှင်များ၏ မိဘများထံမှ စုံစမ်းသိရှိရသည်။

၎င်းတို့သည် ရွာ၏ အနောက်မြောက်ဖက်ရှိ ဆပ်ပြာအိုင် ချောင်းအနီးတွင် နွားကျောင်းရင်း ဆီး(ဇီး) သီးကောက်ရာ ကျည်ဆန်အရှည် (ဆေးမှတ်တမ်းအရ) တစ်ခုကို တွေ့၍ တစ်ယောက်က ကောက်ယူပြီး မြေပေါ်တွင် ပစ်ပေါက်ပြီး ကစားရာမှ ပေါက်ကွဲ သွားသည်ဟု သိရကြောင်း သေဆုံးသူ၏ ဖခင်ဦးသန်းဝင်းက ပြောကြားသည်။

ဆေးခန်းသွားပြသော မိခင်နှင့်ဖခင် ပြန်အလာကို စောင့်ဆိုင်းနေစဉ် နေအိမ်ဝရံတာမှ အမျိုးသမီး တစ်ဦးပြုတ်ကျ သေဆုံး

ပုဇွန်တောင်မြို့ နယ်တွင် နေအိမ်ဝရံတာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျ၍ သေဆုံးမှုတစ်မှု ယနေ့ နံနက် ၂း၀၀ တွင်ဖြစ်ပွားခဲ့ကြောင်း ပုဇွန်တောင်မြို့ မရဲစခန်းမှ သိရသည်။

ယနေ့ နံနက် ၂း၀၀ အချိန်ခန့် ကအမှတ် (--)ရေကျော်လမ်းမကြီး၊(၇)ရပ်ကွက် ပုဇွန်တောင်မြို့ နယ် နေ မရွှေဇင်ဦး(၂၃) သည် ၄င်းဧ။် နေအိမ်ပထမ ထပ်ရှိဝရံတာတွင် ဆေးခန်းသွားပြသော မိခင်နှင့်ဖခင် ပြန်အလာကိုစောင့်ဆိုင်းနေစဉ် ပြုတ်ကျခဲ့ပြီး ၀ဲချိုစောင်းစုတ်ပြဲဒဏ်ရာ၊ ယာချိုစောင်း ဖူးရောင်ဒဏ်ရာများ ရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ၍ ဆေးကုသမှုခံယူစဉ် ယနေ့  နံနက် ၂း၅၀ အချိန်တွင်သေဆုံးသွားကြောင်းပုဇွန်တောင်မြို့ မရဲစခန်းမှသိရသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ပုဇွန်တောင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၄)ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ပုဇွန်တောင်မြို့ မရဲစခန်းမှထပ်မံသိရှိရသည်။

zwy
Popular Myanmar News Journal

စင်္ကာပူတွင် မြန်မာအိမ်ဖေါ်တစ်ဦး လူသတ်မှုဖြင့် စွဲချက်တင်ခံရ

အသက် ၂၄ နှစ်အရွယ် မြန်မာအိမ်ဖေါ် မသန်းသန်းဝင်းကို အိမ်ရှင်အဖွားအိုအား သတ်မှုဖြင့် စင်္ကာပူတရားရုံးတစ်ခုတွင် တရားစွဲဆိုထားကြောင်း သိရသည် ။

မသန်းသန်းဝင်းကို အသက် ၈၅ နှစ်အရွယ် အိမ်ရှင်အဖွားအို Yong Wan Lan အား မတ်လ ၄ ရက်နေ့ ညနေ က သတ်ဖြတ်ခဲ့သည်ဟူသော စွဲချက်ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည် ။

မတ်လ ၄ ရက်နေ့က အိမ်ရှင်အဖွားအိုYong Wan Lan နေထိုင်ရာ Springdale ကွန်ဒိုမှ ရဲတပ်ဖွဲ့ထံ အရေးပေါ် အကူအညီတောင်းခံခဲ့ပြီး အဆိုပါနေရာသို့ ရဲတပ်ဖွဲမှ ရောက်ရှိသွားချိန်တွင် သူမအား အခန်းတွင်းနိုက်ပင် မလှုပ်မယှက် လှဲနေသည်ကိုတွေ့ခဲ့ရသည် ဟု သိရသည်။

သူမ၏ ခန္တာကိုယ်အထက်ပိုင်းတွင် ဒဏ်ရာများ ရှိနေပြီ မှုခင်းဆရာဝန်က သူမ သေဆုံးကြောင်း အတည်ပြုပေးခဲ့သည် ။

မသန်းသန်းဝင်းကို ချန်ဂီအမျိုးသမီး အကျဉ်းထောင်တွင် ထိမ်းသိမ်းထားပြီး ယင်းအမှုအား မတ်လ ၂၆ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်သည် ။

ပြစ်မှုထင်ရှားပါက ၄င်းကို သေဒဏ်အထိချမှတ်ခြင်း ခံရနိုင်ကြောင်းသိရသည် ။

Ref: CNA

Popular Myanmar News Journal

မုံရွာမြို့နယ်တွင် ဆိုင်ကယ်စီးလာသူ လူတစ်ဦး ဓားဖြင့် ၂၁ ချက်ခုတ်ခံရသဖြင့် သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆားကျင်းကျေးရွာတွင် ဆိုင်ကယ်စီးနင်းလာသူ လူတစ်ဦး ဓားဖြင့် ၂၁ ချက်ခုတ်ခံ ရသဖြင့် ယခုလ ၄ ရက်နေ့မနက် ၄ နာရီအချိန်တွင် မုံရွာပြည်သူ့ဆေးရုံကြီးပေါ်တွင် သေဆုံးသွားခဲ့ကြောင်း မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယခုလ ၃ ရက်နေ့ည ၁၀ နာရီခွဲအချိန်က ဆားကျင်းကျေးရွာနေ ကိုသန်းစိုး အသက်(၂၈) ဆိုသူသည် အရက်သေစာသောက်စားပြီးနောက် အရက်ဝိုင်းမှ ဒေါ်အေးစီ၏ နေအိမ်သို့ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ပြီး ထွန်းလွင် (ခ)နတ်ဆိုး ဆိုသူနှင့်ပတ်သက်၍ ယခင်က ရန်ကြွေးအား ကျေးနပ်မှုမရှိကြောင်း ထိုသူ၏ ဇနီးဖြစ်သူထံပြောဆိုခဲ့ရာ ဇ နီးဖြစ်သူမှ သူမ၏ ခင်ပွန်းဖြစ်သူကို တဆင့်ပြန်လည်ပြောပြရာ ထွန်းလွင်(ခ) နတ်ဆိုး ဆိုသူမှ နေအိမ်ရှိ အရိုးအသွား (၂)ပေ၊ (၄)လက္မရှိ ဓားရှည်တစ်ချောင်းဖြင့် ဆိုင်ကယ်စီးနင်းလာသည့် ကိုသန်းစိုးအား ခုတ်ခဲ့ခြင်းဖြစ်သည်။

ထူးကုမ္ပဏီ မိသားစုက ကုသိုလ်ပြု လှူဒါန်း တည်ထားသော နတ်ကျွန်းစေတီ ထီးတော်တင်ပွဲ၊ အနုပညာ ဖျော်ဖြေပွဲ အကြောင်း ပြောပြသည့် ဆုန်သင်းပါရ်

၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း ကဖြစ်ပွားခဲ့သော ရဟတ် ယာဉ် မတော်တဆမှုတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသူများ အား ထူးကုမ္ပဏီ အုပ်စု မိသားစုဝင် များက ဒေသခံ တိုင်းရင်းသား များကို ကျေးဇူးဆပ်သော အနေဖြင့် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းမှာ မလိခမြစ် လယ် အတွင်း ၌ နတ်ကျွန်းစေ တီတော် ကို ကုသိုလ်ပြု လှူဒါန်းကာတည် ထား ပေးခဲ့ပြီး ညနေပိုင်းတွင် ထီးတော် တင်လှူပွဲ ပြုလုပ်ပေးခဲ့သည်။ အဆိုပါ ဘုရားထီးတော် တင်လှူပွဲတွင် Iron Cross တီးဝိုင်း အဖွဲ့နှင့် အတူ အဆိုတော် များဖြစ်သော လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ကော်နီ၊ ဆုန်သင်းပါရ်၊ ချမ်းချမ်း၊ ယူရေနီယံ အကအဖွဲ့ တို့ပါဝင်သည်။ ထူးဖောင်ဒေးရှင်း မှ နာယက ဦးတေဇ အပါအဝင် အဖွဲ့ဝင် ၆ ဦးလည်း လိုက်ပါခဲ့ရာ ပါဝင်ဖျော်ဖြေခဲ့သူ တစ်ဦး ဖြစ်သော တေးသံရှင် ဆုန်သင်းပါရ် က “ထူးဖောင်ဒေးရှင်း က ဦးဆောင် ပြီးလုပ်တဲ့ပွဲပါ။ အဓိက ဖျော်ဖြေပွဲ ရည်ရွယ်ချက်က ငြိမ်းချမ်း ရေးအတွက် ပါပဲ။

ဟစ်ဟော့ပ် အဆိုတော် ဂျောက်ဂျက်ရဲ့ ပရဟိတ အလှူ

ဟစ်ဟော့ပ် အဆိုတော်ဂျောက်ဂျက် က မကြာသေးခင်က ထွက်ရှိထားတဲ့ မာစတာသင်္ကြန် အခွေမှာ “သင်္ကြန် ဘာဘီရုပ်” ဆိုတဲ့ သီချင်းကို ပါဝင်သီ ဆိုထားပါတယ်။ သင်္ကြန် သီချင်းတွေကို ဟစ်ဟော့ပ် ဆန်ဆန် ဆိုတတ်တဲ ဂျောက်ဂျက်က သင်္ကြန်သီချင်း ဆိုရတဲ့ ဖီလင် နဲ့ ပတ်သက်ပြီး “အမှန် အတိုင်းပြောရရင် သင်္ကြန် သီချင်း ကရေးစရာ သိပ်မရှိဘူး။ အဆိုတော်တိုင်းကို မေးကြည့်လို့ ရတယ်။ တကယ် မလုပ်ချင်ဆုံးက သင်္ကြန် သီချင်းပဲ။ ဘာဖြစ် လို့လဲဆိုတော့ ထွေထွေထူးထူး ရေးစရာ သိပ် မရှိလို့။ ဒါပေမဲ့ ဒီသီချင်းလေး ကိုတော့ အကောင်းမွန်ဆုံး ဖြစ်အောင် လုပ်ထားပါတယ်” လို့ ဂျောက်ဂျက် က ပြောပါတယ်။
ဒီနှစ် သင်္ကြန်မှာ မန္တလေးမှာရှိဖို့များ တယ်လို့ပြောတဲ့ ဂျောက်ဂျက်က အဆိုတော် ဖြစ်ပြီးတဲ့ နောက်ပိုင်း သင်္ကြန်ကာလတွေ ဆို အလုပ်များကြောင်း ပြောပါတယ်။ “သင်္ကြန် ကတော့ မန္တလေးမှာ ရှိမယ်။ သင်္ကြန်ဆို သိပ်မကဲရပါဘူး။ အလုပ်လုပ်ရတာ များတယ်။ ငယ်ငယ်တုန်း ကဆို ကျွန်တော် ၉တန်းနှစ်တုန်း ကပေါ့။ ကားနဲ့ ခိုးလည်တာ အဖေ သိသွားတော့ အရိုက်ခံရတယ်။ အဲဒါလေးကတော့ သင်္ကြန် အမှတ်တရပါပဲ”လို့ ဂျောက်ဂျက် က သင်္ကြန်နဲ့ပတ်သက်ပြီး ငယ်ဘဝ အမှတ်တရ ကို ပြောပြပါတယ်။

သုံးရာသီ ဂီတဆုပေးပွဲ အပေါ် ဂီတလောကသား တို့အမြင်

 မြန်မာ့ ဂီတလောက မှာပေါ်ထွက်လာတော့မယ့် သုံးရာသီ ဂီတ ဆုပေးပွဲကြီးဟာ ၂ဝ၁၄ နှစ်လယ်လောက်မှာ စတင်အကောင် အထည် ဖော်တော့ မှာဖြစ်ပါတယ်။ အဲဒီ အတွက် ဂီတလောက သားတို့ရဲ့ ဆုပေးပွဲကြီး အပေါ် အမြင်ကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။
မြင့်မိုးအောင်
“ဆုအနေ နဲ့ကတော့ FM တွေ ကပေးတာတွေတော့ တွေ့ဖူးတယ်။ သူတို့လည်း သူတို့ရဲ့စံနှုန်း စံထား တွေနဲ့ပေးတာပေါ့လေ။ အနုပညာ ရှင် တွေထောင့်က ကြည့်ရင် လည်း တချို့ မကြိုက်တာလေးတွေရှိတယ်။ ဒီထက်ပိုပြီး ပြည့်စုံတဲ့ ဆုမျိုးကို မျှော် လင့်ကြတာပေါ့။ ဒီလို ဆုပေးတာက တခြားပုဂ္ဂလိက အဖွဲ့အစည်း အနေ နဲ့လည်း လုပ် ရင်တော့ ရပါတယ်။ အခုလည်း FM တွေက တစ်မျိုးလုပ် မယ် လို့တော့ကြားတယ်။ ဂီတ အစည်း အရုံးကလည်း စီစဉ်နေတယ်။ ကိုယ် တစ်ယောက်တည်း အမြင် အရဆို ရင် ဘာဖြစ်ဖြစ် ကြိုဆိုတယ်။ အား လုံးကတော့ ကောင်းအောင် လုပ်ကြမှာပဲလေ။ ဘယ်သူလုပ် တာ ပဲဖြစ်ဖြစ် ဂီတလောက တစ် ခုလုံးကောင်းဖို့ အတွက် ကတော့ ကြို ဆိုပါတယ်။ ကျွန်တော်က အခု သုံး ရာသီ ဆုပေးပွဲ အစီအစဉ်မှာ အကြံ ပေးအနေနဲ့ ပါဝင်မှာပါ”
ရန်ရန်ချန်း

မြန်မာ့ ဂီတဆုပေးပွဲ ကြီးကို စတင် ကျင်းပရန် စိတ်ကူး အကောင် အထည်ဖော်ခဲ့သူ ရွှေဂျော်ဂျော်နှင့် တွေ့ဆုံခြင်း

မြန်မာပြည် ဂီတလောကမှာ FM တွေကပေးတဲ့ ဂီတဆုတွေ အသီးသီး ရှိကြပေမယ့် အနုပညာရှင် အချင်းချင်း  တစ်ဦးကို တစ်ဦး မဲပေးရွေးချယ် ကြတဲ့ မြန်မာ့ ဂီတဆု ကတော့ ပြီးခဲ့တဲ့နှစ် အပိုင်းအခြားတွေမှာ မရှိခဲ့ပါဘူး။ အခု ၂ဝ၁၄ ခုနှစ် ထဲမှာတော့ တေးရေး ရွှေဂျော်ဂျော် ရဲ့ စိတ်ကူး နဲ့ အတူ  ဂီတလောကသား များ ပူးပေါင်း ရွေး ချယ် ကြမယ့်  သုံးရာသီ ဂီတဆု  ပေါ်ထွက် လာတော့ မှာ ဖြစ်ပါတယ်။  လက်တလောမှာ တော့   ဆုပေးပွဲကြီး ကို  ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ပြင်ဆင် ပြီးသွားပြီ လို့ သိရ တာကြောင့် စိတ်ကူး အကြံဥာဏ် စတင်ခဲ့သူ ရွှေဂျော်ဂျော် နဲ့ တွေ့ဆုံ မေး မြန်းဖြစ်ခဲ့တာတွေကို ဖော်ပြလိုက်ရပါတယ်။
ဒီလိုဂီတဆုပေးပွဲမျိုးကို ကျင်းပဖို့ စိတ်ကူးက ဘယ်လိုရတာလဲ။ ဘယ် အချိန်လောက်ကစပြီး အကောင် အထည်ဖော်ခဲ့တာလဲ။
နိုင်ငံတကာ ဘောလုံး ပြိုင်ပွဲတွေ မှာ PFA ဆုဆိုတာရှိတယ်။ ဘောလုံး ကစားသမားတွေ က အကောင်းဆုံး ကစားသမားကို မဲပေး ရွေးချယ်တဲ့ သဘောပါ။ ဒီလိုသဘော တရားပေါ် မှာ အခြေခံ ပြီးတော့ စိတ်ကူးဖြစ် တယ်။ စိတ်ကူး ရှိနေတာတော့ ကြာ ပြီပေါ့။ အကောင်အထည်ဖော်ဖြစ် တာတော့ ၈လလောက် ရှိပြီ။
ဒီဆုမှာ မဲပေးရွေးချယ်ဖို့ ပညာရှင် တွေအားလုံး ဘယ်နှစ်ဦးလောက်ပါ မလဲ။ မဲပေးနိုင်တဲ့ သူတွေ အနေနဲ့ ကကော ဘယ်လိုပေးရမလဲ။

မိုင်တိုင်၂၆ဇာတ်ကားကို စင်ကာပူမှာ ပြဖို့စီစဉ်နေတယ်လို့ ဆိုတဲ့အဆိုတော်၊ သရုပ်ဆောင် ခွန်းဆင့်နေခြည်

အဆိုတော်၊ သရုပ်ဆောင်ခွန်းဆင့်နေခြည်ကို လတ်တလောအနုပညာလှုပ် ရှားမှုနဲ့အတူ နယူးယောက်မှာ သွားရောက်ပြသခဲ့တဲ့ မိုင်တိုင် ၂၆ဇာတ်ကားအကြောင်း မေးမြန်းကြည့်လိုက်တဲ့အခါ ‘အမေရိကန်နိုင်ငံ နယူးယောက်ရယ်၊ ဆန်ဖရန်စစ္စကို နဲ့ LA မှာ အစ်မရဲ့ မိုင်တိုင်၂၆ဇာတ်ကားကို သွားရောက်ပြသခဲ့တယ်။ အဲဒီ့မှာ အစ်မရဲ့ တစ်ကိုယ်တော်ဖျော်ဖြေရေးနဲ့ မိုင်တိုင်၂၆ရုပ်ရှင်ကားနဲ့ နှစ်ခုပေါင်းလုပ်ခဲ့တယ်။  အဲဒီ့လေးပွဲလုံးကို မြန်မာပရိသတ်တွေ လာကြည့်ကြသလို၊ နိုင်ငံခြားသားတွေပါ လာကြည့်ကြတယ်။ အစ်မက မိုင်တိုင်၂၆ ကို Subtittle လည်းထိုးထားတော့ ဇာတ်လမ်း သဘောတရားကို သူတို့သဘောပေါက်ကြတယ်။ အဲဒီ့ပွဲလေးပွဲလုံး အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမဲ့ အစ်မကို သူတို့ဘက်ကနေ မြန်မာနိုင်ငံရဲ့ Special Guest ဆိုပြီး ထပ်ဖိတ်တယ်။ အဲဒါက မတ်လ၉ ရက်နေ့မှာ ကျင်းပမဲ့ မြန်မာ၊ Chinese Assosiation ရဲ့38 Anniversary လုပ်မယ့်ပွဲဖြစ်တယ်။ အစ်မက သွားပြီးတော့ သီဆိုဖျော်ဖြေပေးရမယ်။ တရုတ်၊ မြန်မာချစ်ကြည်ရေးပွဲဆိုတော့ တရုတ်သီချင်းရယ်၊ မြန်မာသီချင်းရယ် ဆိုပေးရမယ်။ သီချင်းဆိုပေးရင်းနဲ့မှ ဆန်ဖရန်စစ္စကိုမှာ တစ်ပွဲထပ်ဆိုပေးရမယ်။

ထူးခြားတဲ့ ကာရိုက်တာလေးတွေ သရုပ်ဆောင်ရတာ သဘောကျတယ်လို့ဆိုတဲ့ သွန်းဆက်

ငြိတွယ်၊ ပျိုလေးရည်းစားမြို့ကြီးသားဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့ပြီး နောက်မှာတော့ အခုဆိုရင် ခေါင်းဆောင်မင်းသမီးအဖြစ် ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေပြီဖြစ်တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင်သွန်းဆက်ကို လတ်တလော အနုပညာ လှုပ်ရှားမှုနဲ့အတူ နွေရာသီနဲ့ပတ်သက်တဲ့စိတ် ခံစားချက်တွေကိုမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ညီမလတ်တလောမှာတော့ ကိုရာဇာနေဝင်းနဲ့ ဗီဒီယိုဇာတ်ကားတစ်ကားရိုက်ပြီးသွားပြီ။ အခု မင်းသားသစ် ဇနဲ့ဗီဒီယိုဇာတ်ကားရိုက်နေပါတယ်။ ညီမ ခေါင်းဆောင်မင်းသမီးဖြစ်သွားပြီးတဲ့နောက် ဇာတ်ကားတွေ ရိုက်ခဲ့ပြီးတဲ့နောက်မှာ ကိုလူမင်းနဲ့ ရိုက်ထားတဲ့ ဘဲကွဲဆိုတဲ့ ဇာတ်ကားလေးကတော့ ထူးထူးခြားခြားဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ယောင်္ကျားလေးတစ်ယောက်ရဲ့ ပုံစံမျိုး သရုပ်ဆောင်ထားတာလေ။ အဲ့ဒီဇာတ်ကားလေးကိုလည်း ညီမသဘောကျပါတယ်။’လို့ သူမက ပြောပါတယ်။

စန္ဒီ/ Trend Myanmar