05 March 2014

မြန်မာ့ ဂီတဆုပေးပွဲ ကြီးကို စတင် ကျင်းပရန် စိတ်ကူး အကောင် အထည်ဖော်ခဲ့သူ ရွှေဂျော်ဂျော်နှင့် တွေ့ဆုံခြင်း

မြန်မာပြည် ဂီတလောကမှာ FM တွေကပေးတဲ့ ဂီတဆုတွေ အသီးသီး ရှိကြပေမယ့် အနုပညာရှင် အချင်းချင်း  တစ်ဦးကို တစ်ဦး မဲပေးရွေးချယ် ကြတဲ့ မြန်မာ့ ဂီတဆု ကတော့ ပြီးခဲ့တဲ့နှစ် အပိုင်းအခြားတွေမှာ မရှိခဲ့ပါဘူး။ အခု ၂ဝ၁၄ ခုနှစ် ထဲမှာတော့ တေးရေး ရွှေဂျော်ဂျော် ရဲ့ စိတ်ကူး နဲ့ အတူ  ဂီတလောကသား များ ပူးပေါင်း ရွေး ချယ် ကြမယ့်  သုံးရာသီ ဂီတဆု  ပေါ်ထွက် လာတော့ မှာ ဖြစ်ပါတယ်။  လက်တလောမှာ တော့   ဆုပေးပွဲကြီး ကို  ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ပြင်ဆင် ပြီးသွားပြီ လို့ သိရ တာကြောင့် စိတ်ကူး အကြံဥာဏ် စတင်ခဲ့သူ ရွှေဂျော်ဂျော် နဲ့ တွေ့ဆုံ မေး မြန်းဖြစ်ခဲ့တာတွေကို ဖော်ပြလိုက်ရပါတယ်။
ဒီလိုဂီတဆုပေးပွဲမျိုးကို ကျင်းပဖို့ စိတ်ကူးက ဘယ်လိုရတာလဲ။ ဘယ် အချိန်လောက်ကစပြီး အကောင် အထည်ဖော်ခဲ့တာလဲ။
နိုင်ငံတကာ ဘောလုံး ပြိုင်ပွဲတွေ မှာ PFA ဆုဆိုတာရှိတယ်။ ဘောလုံး ကစားသမားတွေ က အကောင်းဆုံး ကစားသမားကို မဲပေး ရွေးချယ်တဲ့ သဘောပါ။ ဒီလိုသဘော တရားပေါ် မှာ အခြေခံ ပြီးတော့ စိတ်ကူးဖြစ် တယ်။ စိတ်ကူး ရှိနေတာတော့ ကြာ ပြီပေါ့။ အကောင်အထည်ဖော်ဖြစ် တာတော့ ၈လလောက် ရှိပြီ။
ဒီဆုမှာ မဲပေးရွေးချယ်ဖို့ ပညာရှင် တွေအားလုံး ဘယ်နှစ်ဦးလောက်ပါ မလဲ။ မဲပေးနိုင်တဲ့ သူတွေ အနေနဲ့ ကကော ဘယ်လိုပေးရမလဲ။

ဒီမှာက တခြား နယ်ပယ်က ပညာရှင်တွေ မပါသေးဘဲ ဂီတပညာ ရှင်တွေချည်းပဲ တင် အယောက် ၄ဝ၊ ၅ဝလောက်ဖြစ်မယ်။ မဲပေးတဲ့ လူတွေ အနေ နဲ့ကလည်း ကိုယ့် ဘာသာ ကိုယ် ကလွဲလို့ တခြားသူကို မဲပေးလို့ရ တယ်။ ကိုယ်ကိုယ်တိုင် ပါဝင် ပတ်သက်ထားတဲ့ စီးရီးမျိုး ဆိုရင်တော့ ပေးလို့မရဘူး။ မဲပေးမယ့် ပညာရှင် အချင်း ချင်း လည်း ပေးလို့ ရတယ်။ ဒိုင်လို့တော့ ပြောလို့မရဘူး။ ပဏာမ သတ်မှတ်မယ့် ပညာရှင်တွေရယ် ပွဲနေ့မှာ လာရောက် မဲပေးရွေးချယ် ပေးကြမယ့် လောက သားတွေပေါ့။ ဂီတလောကသားတွေ ရဲ့ မဲအနည်း အများနဲ့ ရွေးချယ်မှာပါ။
ဒါဆို အပြင်လူ၊ အပြင်လူဆို တာ ခုနမဲပေး ရွေးချယ်မယ့် ၄ဝ၊၅ဝ ထဲက မဟုတ်တဲ့ တခြားသူ တွေ အနေနဲ့က ကောဘယ်လို ပေးရမလဲ။
 ဂီတ လောက သား လို့ ပြောတိုင်း ပညာရှင်တွေချည်းပဲ တော့ မဖြစ်နိုင်ဘူး။ ခုမှစပြီး ဝင်လာ တဲ့သူတွေလည်း ရှိမယ်။ ပြီးတော့ ဒီ မှာကအခွေ ၁ဝခွေ ထုတ်လည်း ပိုက်ဆံ ရှိရင် ထုတ်လို့ ရနေတဲ့ သဘောမျိုး ရှိတာကိုး။ တခြားနိုင်ငံမှာက တကယ် ဖြစ်မှ ထုတ်လို့ရတာ။ နိုင်ငံတကာ မှာ တော့ အပုဒ်အရေ အတွက် အနေနဲ့ သတ်မှတ် လို့ရပေ မယ့် ဒီမှာက အပုဒ် အရေ အတွက်၊ အခွေအရေအတွက် နဲ့ သွားပြီး သတ်မှတ်လို့ မရဘူး။ အဲဒီ အတွက်ကြောင့် မို့လို့ မဲပေးရွေးချယ် သင့်တယ် ထင်တဲ့ လူတွေပဲ ပေးလို့ရ မယ်။ ဒါကလည်း အမြဲတမ်း တစ်နှစ် နဲ့ တစ်နှစ် မတူပါဘူး။ ဒီနှစ်မှာ ပဏာမ မဲပေးတဲ့လူက နောက်နှစ်မှာပွဲ နေ့ကိုလာပြီး မဲပေးရွေးချယ်တဲ့ သူ ဖြစ်ရင်ဖြစ်မယ်။ ပဏာမ ရွေးတဲ့သူ တွေက ဥပမာ ၅ပုဒ်ဆို ၅ပုဒ် သတ် မှတ်ပေး လိုက်တယ်ပေါ့။ အဲဒါကိုမှ ပွဲနေ့မှာ တခြား အနုပညာရှင်တွေက ဒီ ၅ပုဒ်ကို ထပ်ပြီး ရွေးမယ်။ ရော့ခ် ဆိုရင် ရော့ခ်သမားတွေပေါ့။ ရက်ပ် ဆိုလည်း ရက်ပ် သမားတွေပေါ့။ ပွဲ နေ့မှာ ပေးတဲ့မဲတွေကို အဲဒီနေ့မှာပဲ ပေါင်းပြီး တစ်ခါတည်းပေးမယ်။ သဘော တစ်ခုက ဥပမာ ရော့ခ်ပညာရှင် ၂ဝ က ပဏာမ သတ်မှတ်ထားတယ်။ အဲဒါကိုမှ အပြင်မှာကျန်တာက ၃ဝ ထားပါတော့ အဲဒီ ၃ဝ က ခုန ပဏာ မသတ်မှတ်ထားတာတွေ ကိုပဲ ထည့်မယ်။ အဲဒါက အတည်ပြု ဖြစ်သွားတာပေါ့။ ဒါက လတ်တလော စီစဉ်ထားတဲ့ ပုံစံပေါ့။ အဲဒီမှာလည်း အားနည်း ချက် တွေတော့ ရှိနိုင်သေးတယ်။ ၇ဝ ရာခိုင်နှုန်း ထိတော့ မဲပေး စနစ်ကို တည်ဆောက် ထားပြီလို့ ဆိုရမှာပေါ့။ ကျန်တာ ကတော့လောက သားတွေနဲ့ တိုင်ပင်ပြီး ဆက်လုပ်သွားမှာပါ။
တချို့ကျတော့ သူတို့ရဲ့ အနု ပညာ ပစ္စည်းကို အကဲဖြတ်တာမျိုးတွေ သိပ်မကြိုက်တာမျိုး ရှိတယ်။ မဲပေး ရွေးချယ်မယ့် အထဲမှာ လူငယ်တွေ လည်း ပါကြမယ် ဆိုတော့ လူကြီး လူငယ် အကဲဖြတ် ဆုံးဖြတ်တဲ့ အခါ မှာ ပြဿနာရှိနိုင်မလား။
 နိုင်ငံတကာ မှာလည်း ဆုကို မဲပေးရွေးချယ်တဲ့ အခါမှာ သူတို့ အလေးအနက် ထားရခြင်း၊ မထားရ ခြင်း မတူဘူး။ တချို့က လာမယူဘူး။ ကျွန်တော် တို့ကတော့ သစ္စာ ရှိရှိနဲ့ ဆုရွေးချယ် လိုက်မယ်။ ပေးသင့်ပေး ထိုက်တဲ့ လူကိုပေးမယ်။ မလာရင် မပေးဘူးတို့၊ ဘာတို့မရှိဘူး။ ပေး သင့်တဲ့ သူဆိုပေးမယ်။ ယူတာ၊ မယူ တာကတော့ တစ်ဖက် က အပိုင်းပေါ့။
ဒီပွဲအတွက် ရန်ပုံငွေကိုကော ဘယ် လို စီစဉ်ထားလဲ။ ဆုကြေးကိုကော ဘယ် လိုသတ်မှတ်ထားလဲ။
ဆုကြေးကတော့ မသတ်မှတ် ရသေးဘူး။ လိုဂိုတံဆိပ်တောင် သေချာ မသတ်မှတ်ရသေးဘူး။ ဒါက အကြမ်းဖျင်း အားဖြင့် ပြီးသွားပြီဖြစ် လို့ ချပြတဲ့ သဘောပါ။ ရန်ပုံငွေ အနေ နဲ့တော့ မဟုတ်ဘူး။ ဒါက တီဗီ ပရိုဂရမ်ပေါ် မှာ သွားနေမှာပဲ။ အပတ်စဉ်အောက် ကနေ စာတန်း လေးတွေ ပြေးပြီးတော့ အမှတ်က တက်နေမယ်။ ကြားထဲက ရာသီ ဆု တွေရဲ့ အမှတ်တွေက တီဗီ ပရိုဂရမ် မှာ သွားနေလိမ့်မယ်။ ၂ဝ၁၃မှာ ဒီ ရာသီကို ပေါင်းပြီးတော့ ပွဲကြီး အနေ နဲ့ လာလိမ့်မယ်။ ဒီကြားထဲက ရာသီ ဆုတွေ မှာလည်း ပွဲလေးတွေ လုပ်သွားမှာပါ။
အခု အစဦးဆုံး အစီအစဉ်ကို ဘယ် ရာသီမှာ စတင်ဖြစ်မလဲ ဆိုတာကို အပိတ်အနေနဲ့ ပြောပြပေးပါ။
 နွေရာသီ ကတည်းက စချင်ပြီ။ ဒီနွေရာသီမှာတော့ pratice အနေနဲ့ စမယ်။ ဒါကတော့ ပရိသတ်ဆီ မပို့ သေးဘဲ အချင်းချင်းပဲ လေ့ကျင့်မှု အနေ နဲ့စမယ်။ မိုးရာသီ ကျမှ စပြီး ပရိသတ်တွေရှေ့ကို ချပြဖြစ်မယ်။

popularmyanmar

No comments:

Post a Comment