ဖေဖော်ဝါရီလအတွင်းက ရွှေဆွဲကြိုး ခိုးယူသွားသူကို အရောင်းဝန်ထမ်း
အမျိုးသမီးက ပြန်လည်ဖော်ထုတ် ဖမ်းဆီးပြီး ရဲလက်သို့ အပ်နှံလိုက်သဖြင့်
ပန်းဘဲတန်းရဲ စခန်းက မတ် ၃ ရက်တွင် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။
အမှုမှာ ပန်းဘဲတန်းမြို့နယ် (၃)ရပ် ကွက်၊ မဟာဗန္ဓုလလမ်း၊ အမှတ် (၅၀၇/ ၅၀၉)
မြေညီထပ်ရှိ “ ချိန် လန်း” ရွှေဆိုင်တွင် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းနေ့ ၁၁ နာရီက ရွှေဆိုင်အရောင်း တာဝန်ခံဖြစ်သူ မစုမွန်ရီ (၂၂)နှစ်
ရှိနေစဉ် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး သုံးသိန်းကျော်တန်
ရွှေဆွဲကြိုးဝယ်ယူရန် ဈေးမေးမြန်းခဲ့သည်ဟု ဆိုထားသည်။
ထို့နောက် သုံးသိန်းကျော်တန် ရွှေဆွဲကြိုးများအား တန်ဖိုးတွက်ခိုင်းပြီး
ဈေးမတည့်သဖြင့် ပြန်လည်ထွက် သွားပြီးနောက် မစုမွန်ရီက မသင်္ကာသဖြင့်
စစ်ဆေးရာ ရွှေ ၁၅ ပဲရည်၊ အလေးချိန် ရှစ်ပဲငါးရွေးရှိ ကျပ်သုံး
သိန်းသုံးသောင်းလေးထောင်ကျော် တန်ဖိုးရှိ ရွှေဆွဲကြိုးတစ်ခုမှာ
ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စီစီတီဗွီ ကင်မရာမှတ်တမ်းအား ပြန်လည်ကြည့်ရှုရာ အထက်ပါ
ရွှေဝယ်ဟန်ဆောင်သူ အမျိုး သမီးက ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့သည်ဟု
တရားလိုက ဆိုထားသည်။
ထို့နောက် မတ် ၃ ရက် ညနေ ၅ နာရီတွင် အဆိုပါ ရွှေဆွဲကြိုးခိုးယူသွားသည့်
အမျိုးသမီးကို “ချိန်လန်း” ရွှေဆိုင်နှင့် မျက်စောင်းထိုးရှိ
န၀လီရွှေဆိုင်တွင်တွေ့ရှိသဖြင့် မစုမွန်ရီက ရဲစခန်းသို့ ခေါ်ဆောင်ပြီး
အမှုဖွင့် တိုင်တန်းလိုက်ခြင်းဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားသည်။
ထို့ကြောင့် ပန်းဘဲတန်းရဲစခန်းက (ပ) ၇၄/၂၀၁၄ဖြင့် အမှုဖွင့်ပြီး အမှုစစ် ဒု-
ရဲအုပ် ကောင်းဇော်မိုးက စစ်ဆေးခဲ့ရာ ဖမ်းဆီးခံထားရသူသည် မင်္ဂလာဒုံမြို့နယ်၊
ခိုင်ရွှေဝါအပိုင်း (၉)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းတွင် နေထိုင်သည့်
မအိဖြူ(ခ)မအေးအေး (၃၂)နှစ်၊ ဈေးရောင်းသူဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိခဲ့သည်။
ထို့ပြင် “ချိန်လန်း” ရွှေဆိုင်မှ ရွှေဆွဲကြိုးခိုးယူကြောင်း
ဝန်ခံထွက်ဆိုသဖြင့် ပုဒ်မ ၃၈၀ ဖြင့် တရားစွဲတင် သွားမည်ဟု ရဲတပ်ဖွဲ့က
ဆိုထားသည်။
ဇော်ဇော်ထွေး/Mizzima Burmese
No comments:
Post a Comment