ပုဇွန်တောင်မြို့ နယ်တွင် နေအိမ်ဝရံတာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျ၍
သေဆုံးမှုတစ်မှု ယနေ့ နံနက် ၂း၀၀ တွင်ဖြစ်ပွားခဲ့ကြောင်း ပုဇွန်တောင်မြို
့မရဲစခန်းမှ သိရသည်။
ယနေ့ နံနက် ၂း၀၀ အချိန်ခန့် ကအမှတ် (--)ရေကျော်လမ်းမကြီး၊(၇)ရပ်ကွက်
ပုဇွန်တောင်မြို့ နယ် နေ မရွှေဇင်ဦး(၂၃) သည် ၄င်းဧ။် နေအိမ်ပထမ
ထပ်ရှိဝရံတာတွင် ဆေးခန်းသွားပြသော မိခင်နှင့်ဖခင်
ပြန်အလာကိုစောင့်ဆိုင်းနေစဉ် ပြုတ်ကျခဲ့ပြီး ၀ဲချိုစောင်းစုတ်ပြဲဒဏ်ရာ၊
ယာချိုစောင်း ဖူးရောင်ဒဏ်ရာများ ရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို
့၍ ဆေးကုသမှုခံယူစဉ် ယနေ့  နံနက် ၂း၅၀
အချိန်တွင်သေဆုံးသွားကြောင်းပုဇွန်တောင်မြို့ မရဲစခန်းမှသိရသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ပုဇွန်တောင်မြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ်(၄/၂၀၁၄)ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ပုဇွန်တောင်မြို
့မရဲစခန်းမှထပ်မံသိရှိရသည်။
zwy
Popular Myanmar News Journal
No comments:
Post a Comment